You are here
Home > အနုပညာ > ချစ်သူတွေ လို့ ထင်ရလောက်တဲ့ အပြုအမူတွေကို လုပ်လိုက်တဲ့ ဟန်နေသာနဲ့  ခင်ဝင့်ဝါ





ခင်ဝင့်ဝါ့ ဟန်နေတာရဲ့ ဖျော်ဖြေမှု

ခင်ဝင့်ဝါကတော့ Eternal Gosh ရဲ့ Fan girl လေးပီသစွာနဲ့ “ဝဋ်ကြွေး” သီချင်းကို ဆိုပြသွားတာ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Shwe Powe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ချစ်သူတွေ လို့ ထင်ရလောက်တဲ့ အပြုအမူတွေကို လုပ်လိုက်တဲ့ ဟန်နေသာနဲ့ ခင်ဝင့်ဝါ ”

ခင်ဝင့်ဝါကတော့ Miss Supranational ( 2013 ) မှာ Winner ဆုကိုရရှိခဲ့တဲ့ အလှမယ်တစ်ဦးပဲ ဖြစ်ပါတယ်။အလှမယ်အဖြစ်ကနေ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တဲ့ မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပုရိသတွေက သည်းသည်းလှုပ်ချစ်နေကြတာပဲ ဖြစ်ပါတယ်။အမျိုးသားတစ်ချို့ကတော့ ချစ်စနိုးနဲ့ “ခေး” ဆိုပြီးခေါ်ဆိုခြင်းခံရသူပဲ ဖြစ်ပါတယ်။အနုပညာကို ဝါသနာအရသင်းခံထားပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့မင်းသမီးလေးကတော့ သရုပ်ဆောင်ဘက်ကိုလည်း သိသိသာသာအားစိုက်ပြီး ရုပ်ရှင်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေပါရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။

အလှူအတန်းတွေလည်းမကြာမကြာပြုလုပ်လေ့ရှိပြီး မကြာသေးမီကကျင်းပခဲ့တဲ့ ရေးဘေးသင့် ရံပုံငွေဘောလုံးပွဲမှာလည်း အလှူကောက်ခံပေးခဲ့တာပဲ ဖြစ်တာကြောင့် ပရဟိတ လုပ်ငန်းတွေကို မကြာမကြာပြုလုပ်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။မနေ့ကျရောက်ခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၂၅)နှစ်ပြည့် မွေးနေ့ရက်မြတ်မှာ အမျိုးသားထုကြီး ကို အံ့အားသင့်စေအောင်ပြုလုပ်ခဲ့တဲ့အပြင် အမျိုးသမီးထုကြီးရဲ့ အားကျမှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အကြောင်းအရာကတော့ “မိုးမခအိပ်မက် ခရမ်းပြာ” သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့် အဝရရှိခဲ့တဲ့ လူငယ်အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Eternal Gosh ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျေ ဟန်နေတာကတော့ ခေးကို Surprise အဖြစ်မွေးနေ့လက်ဆောင်ပန်းချီကားပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထပ်မံပြီး ပရိသတ်တွေအထင်လွဲစရာကတော့ ဟန်နေတာရဲ့ ဝဋ်ကြွေးသီချင်းကို ကိုယ်တိုင်တီးခတ်ကာ ” ခေး” က သီဆိုကာ ပျော်ရွှင်ကြည်နူးကာ ရှက်သွေးဖြာနေတဲ့ ဗီဒီယိုဖိုင်လေးကြောင့် ပရိသတ်တွေရဲ့ ထင်ကြေးအမျိုးမျိုး ကို ခံနေရတာပဲ ဖြစ်ပါတယ်။ အမျိုးသားထုရဲ့ အသည်းကျော် ခင်ဝင့်ဝါနဲ့ အမျိုးသမီးထုကြီးရဲ့ အသည်းကျော် ဟန်နေတာတို့ နှစ်ယောက်ရဲ့ ပတ်သက်မ့ကို ပရိသတ်တွေက သိချင်နေကြတာဖြစ်တဲ့အပြင် ချစ်သူတွေသာဖြစ်ခဲ့ရင် အမျိုးသမီးထုကြီးနဲ့ အမျိုးသားထုကြီး ဝမ်းနည်းစရာ သတင်းတစ်ခုဖြစ်လာမှာ ပဲ ဖြစ်ပါတယ်။ Cele Gabar ပရိသတ်ကြီးလည်း ဟန်နေသာနဲ့ ခင်ဝင့်ဝါတို့ရဲ့ ပတ်သက်မှုကို ထင်မြင်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Myo Thiri Khaing
Shwe Powe – CeleGabar

 

Top
//potsaglu.net/4/3018672