Source: Kyaw Htet Aung
ချစ်သဲမေ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“စီနီယာ၊အစ်ကိုတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းဦးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ကျော်ထက်အောင်”
ဒီနေ့စက်တင်ဘာလ(၂၂)ရက်နေ့ကတော့ ပရိသတ်အချစ်တော်နိုင်ငံကျော် ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းဦးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မင်းဦးဟာ သရုပ်ဆောင်တဲ့ နေရာမှာ ဇာတ်လမ်းဇာတ်ကွက်ကို လိုက်ပြီး ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ ဝါရင့်သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း သရုပ်ဆောင်အသစ်တွေအပေါ်မှာ လက်တွဲခေါ်ယူတတ်သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာရှင်အချင်းချင်းကတောင် လေးစားအားကျနေရတာဖြစ်ပါတယ်။
ဒီနေ့လေးကတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကတောင် လေးစားအားကျရတဲ့ ဝါရင့်သရုပ်ဆောင်မင်းဦးရဲ့ မွေးနေ့လေးဖြစ်ပြီးတော့ သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းပေးထားသလို အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း မွေးနေ့ဆုတောင်းထားပါသေးတယ်။ အဲဒီအထဲမှာလည်း “ဂန္တဝင်အငြိုး”ရုပ်ရှင်ဇာတ်ကားကြီးမှာ တွဲဖက်သရုပ်ဆောင်ပြီး “ချူစီ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ဖူးတဲ့ Myanmar Idol အစီအစဉ်ရဲ့ Presenter တစ်ယောက်ဖြစ်တဲ့ ကျော်ထက်အောင်ကလည်း စီနီယာ၊အစ်ကိုတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းဦးကို မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။
အဲဒီမွေးနေ့ဆုတောင်းလေးကိုတော့ “ဆရာအကို ကိုမင်းဦး မွေးနေ့ကနေစလို့ နောင်နှစ်တွေတိုင် ကိုယ်၏ကျန်းမာပါစေ။စိတ်၏ချမ်းသာပါစေ။ အတိုင်းမသိ ယခုထက်မကအောင်မြင်ပါစေ။ငွေတွေဒလဟောဝင်ပါစေ။ ပညာအမွေတွေလည်း ထိုထက်မကပေးနိုင်ပါစေ။Happy Birthday ကိုမင်းဦး”ဆိုပြီးတော့ ကျော်ထက်အောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ဝါရင့်သရုပ်ဆောင်ဦးမင်းဦးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦးနော်…..။
Source: Kyaw Htet Aung
ချစ်သဲမေ CeleGabar