
ဂီတလောကမှာနေရာ တစ်နေရာရနေရုံမကပဲ သရုပ်ဆောင်အလုပ်ဘက်မှာပါ နေရာ တစ်ခုရနေတဲ့ MC လွှမ်းပိုင်ကတော့ Bo Paing Gyi ဆိုတဲ့နာမည်နဲ့လည်း Game တွေကို Stream လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ပြောချင်လွန်းလို့ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။
Game Community တွေ မြန်မာပြည် ကျယ်ပြန့်လာရခြင်းအကြောင်း နဲ့ ပတ်သက်ပြီး လွှမ်းပိုင်က “ Game ကလူငယ်တွေအတွက် Part Time Jobလိုမျိုးဖြစ်လာတယ် ။ ကျနော်တို့ Streaming ကိုတော်တော်များများလုပ်လာကြတယ်။ Streaming ကနေပြီး Earning တွေ ရလာတဲ့အချိန်မှာ ဘယ်လိုပြောမလဲ အရင်လိုမျိုး Gameဆော့တယ် အချိန်ကုန်နေတာမျိုးမဟုတ်ဘဲနဲ့ အလုပ်တစ်ခုပေါ့နော် အချိန်ပိုင်းအလုပ်လေးတစ်ခုလိုပုံစံမျိုးဖြစ်လာတဲ့အတွက် အားလုံးလည်း စိတ်ဝင်စားလာပြီလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဒီနိုင်ငံက ပြောရမယ်ဆိုရင်တောင် နည်းနည်း နောက်ကျနေတယ်လို့ပြောလို့ ရတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေဆိုရင် ဒီထက် အများကြီးရောက်နေပြီ ။”ဆိုပြီးပြောပြ သွားပါတယ်။
အနုပညာလှုပ်ရှားမှုတွေ နဲ့ ပတ်သက်ပြီးတော့ လည်း “ ဒီလထဲမှာ သီချင်းထွက်ဖို့ရှိပါတယ်။ သီချင်းအကြောင်းရာလေးကတော့ ကျနော် အမြူးသီချင်းတွေမလုပ်တာကြပြီဆိုတော့ အမြူးလေးလုပ်ထားပါတယ်။ သူတို့(ပရိသတ်) ကြိုက်မယ်လို့တော့ထင်ပါတယ်။ ကျနော်က ဒါကအရမ်းကြီးကောင်းတယ်ဆိုပြီး ပြောထားပြီး မဟုတ်ရင်ရော အလကား အာရွှီးတယ်ဖြစ်ဦးမယ်။ ရှေ့လ ၁၁လ ၊ ၁၂ လောက်ကျရင် ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။ ပြီးရင်တော့ Musical ကားပေါ့ အဲ့ဒီကားကတော့ အရမ်းကို မိုက်မယ်လို့ကျနော် မျှော်လင့်ပါတယ်။
ဇာတ်ရုပ်တော်တော်များများနဲ့ လိုက်ဖက်အောင်တော့ ကျနော် ကြိုးစားနေတယ် ။ အဓိကကတော့ ကျနော့်ကိုကျနော်မြင်တာကတော့ ရုပ်ကအရမ်းနုနေတယ် ။ရုပ်ကနည်းနည်း ငယ်နေတော့ ကာရိုက်တာတိုင်းကို လိုက်လုပ်လို့မရဘူး နည်းနည်းဘောင်ကျဉ်းနေတယ်လို့ ကျနော်ခံစားရတယ် ။ အဲ့ဒီအတွက် ကျနော် ရုပ်ရင့်အောင် လုပ်နေပါတယ်။ ရုပ်ရင့်အောင် လို့ မအိပ်ဘဲနဲ့ ကျနော် Game ဆော့နေပါတယ်။ (ရယ်လျက်) လျှောက်ပြောတာပါ အဓိကကတော့ ခန္ဓာကိုယ်ထွားအောင် ကျနော်ကြိုးစားနေပါတယ်”ဆိုပြီးပြောပြသွားတယ်။
CRD-ဟီးဟီးဟားဟား