
အိမ္နားမွာ အဖြားတေယာက္ မနက္ ၇:၀၀ ပါတ္ဝန္းက်င္ဆိုရင္ ေအာ္ေအာ္ေရာင္းေနတာ အသံေတာ့ တခါတရံ ျကားတတ္တယ္ ကိုယ္လည္းမေတြ႕ဖူးေတာ့ ဘာေရာင္းမွန္းမသိဘူး။
ဟိုးတေလာက အလုပ္သြားတဲ့ လမ္းမွာဆုံေတာ့မွ အဖြားက ေတာင္နံႀကီး၊ေဆးျမစ္စုံနဲ႔ အုန္းဆီေရာင္းတာမွန္း သိရတယ္။ေနာက္ရက္ အဖြားလာရင္ ဝယ္မယ္ အားခဲၿပီး ေစာင့္ေနတာ။
ဒီေခတ္မွာ ဒီလိုအရာေလးေတြ ေရာင္းေနတာ အေတာ့္ကို ရွားေနၿပီမို႔ ခ်စ္လိုက္တာဆိုတာ..
ဒါနဲ႔ ဗုဒၶဟူးေန႔က အလုပ္မသြားခင္ သူ႔အသံေလးၾကားတာနဲ႔ အုန္းဆီ အားေပးတာ။ ပုံမွာပါတဲ့ ခ်င္ခြက္ေလး တခြက္စာကို ၁၀၀ ပါတဲ့။ ၁၀ ခြက္ ၁ေထာင္ဖိုး အားေပးလိုက္တယ္။
အဖြားနဲ႔ စကားေျပာၾကည့္မွ အဖြားက အသက္ ၈၀ ရွိပါၿပီ။ အမ်ိဳးသားက က်န္းမာေရးမေကာင္းလို႔ ဒါေရာင္းၿပီး ရွာေကၽြးေနရတာပါတဲ့။ သားသမီးလည္း မရွိဘူး။ ဒါကိုပဲ ေရာင္းစားတတ္တာမို႔ ဒါနဲ႔ပဲ သူတို႔ ႏွစ္ဦးရဲ႕ ဝမ္းစာရယ္ အမ်ိဳးသားေဆးဖိုးရယ္ ရွာေနရတာပါတဲ့။ အဖြားကေျပာတယ္။ “အမ်ိဳးသားေသရင္ေတာ့ ဒီဝဋ္ေတြက ကၽြတ္ပါၿပီ” တဲ့..
အလုပ္သြားခါနီးမို႔ ဒီေလာက္ေလးပဲ ေျပာလိုက္ရေပမယ့္ ေနာက္ရက္ေတာ့ အဖြားကို ကိုယ္ ထပ္ေတြ႕ပါဦးမယ္…
ေတာင္ဥကၠလာ ၄ ရပ္ကြက္ နဲ႔ ၉ ရပ္ကြက္မွာ ေရာင္းပါတယ္တဲ့။ ေနတာကေတာ့ ေျမာက္ဥကၠလာမွာပါ။
credit Kyinue Wai Mya Win
Unicode Version
အိမ်နားမှာ အဖွားတယောက် မနက် ၇:၀၀ ပါတ်ဝန်းကျင်ဆိုရင် အော်အော်ရောင်းနေတာ အသံတော့ တခါတရံ ကြားတတ်တယ် ကိုယ်လည်းမတွေ့ဖူးတော့ ဘာရောင်းမှန်းမသိဘူး။
ဟိုးတလောက အလုပ်သွားတဲ့ လမ်းမှာဆုံတော့မှ အဖွားက တောင်နံကြီး၊ဆေးမြစ်စုံနဲ့ အုန်းဆီရောင်းတာမှန်း သိရတယ်။နောက်ရက် အဖွားလာရင် ဝယ်မယ် အားခဲပြီး စောင့်နေတာ။
ဒီခေတ်မှာ ဒီလိုအရာလေးတွေ ရောင်းနေတာ အတော့်ကို ရှားနေပြီမို့ ချစ်လိုက်တာဆိုတာ..
ဒါနဲ့ ဗုဒ္ဓဟူးနေ့က အလုပ်မသွားခင် သူ့အသံလေးကြားတာနဲ့ အုန်းဆီ အားပေးတာ။ ပုံမှာပါတဲ့ ချင်ခွက်လေး တခွက်စာကို ၁၀၀ ပါတဲ့။ ၁၀ ခွက် ၁ထောင်ဖိုး အားပေးလိုက်တယ်။
အဖွားနဲ့ စကားပြောကြည့်မှ အဖွားက အသက် ၈၀ ရှိပါပြီ။ အမျိုးသားက ကျန်းမာရေးမကောင်းလို့ ဒါရောင်းပြီး ရှာကျွေးနေရတာပါတဲ့။ သားသမီးလည်း မရှိဘူး။ ဒါကိုပဲ ရောင်းစားတတ်တာမို့ ဒါနဲ့ပဲ သူတို့ နှစ်ဦးရဲ့ ဝမ်းစာရယ် အမျိုးသားဆေးဖိုးရယ် ရှာနေရတာပါတဲ့။ အဖွားကပြောတယ်။ “အမျိုးသားသေရင်တော့ ဒီဝဋ်တွေက ကျွတ်ပါပြီ” တဲ့..
အလုပ်သွားခါနီးမို့ ဒီလောက်လေးပဲ ပြောလိုက်ရပေမယ့် နောက်ရက်တော့ အဖွားကို ကိုယ် ထပ်တွေ့ပါဦးမယ်…
တောင်ဥက္ကလာ ၄ ရပ်ကွက် နဲ့ ၉ ရပ်ကွက်မှာ ရောင်းပါတယ်တဲ့။ နေတာကတော့ မြောက်ဥက္ကလာမှာပါ။
credit Kyinue Wai Mya Win