You are here
Home > Health > ကင္ဆာ၏ သားေကာင္ အျဖစ္မွ လြတ္ေျမာက္ခဲ႔သူ သမီးေလး

ကင္ဆာ၏ သားေကာင္ အျဖစ္မွ လြတ္ေျမာက္ခဲ႔သူ သမီးေလး

ရန္ကုန္ေဆးရံုႀကီး ရဲ႕ အခန္းတစ္ခန္းထဲက ကုတင္တစ္လံုးအေပၚမွာ ပိန္လွီေဖ်ာ့ေတာ့စြာ ဘဝရဲ႕ ေနာက္ဆံုးလက္က်န္အခ်ိန္ေတြကို အသက္ငယ္ငယ္နဲ႔ ရင္ဆိုင္ေနတာ ေတြ႔လိုက္ရသူကအသက္ (၁၈) ႏွစ္အရြယ္ ကေလးမေလး တစ္ေယာက္ပါ။ ကုတင္နေဘးမွာ ညႇိဳးႏြမ္း ေနတဲ့ မ်က္ႏွာ၊႔ ငိုလည္းငို အိပ္ေရးလည္း အေတာ္ပ်က္ထားတဲ့ မ်က္လံုးေတြနဲ႔ အေမျဖစ္သူ က ကြၽန္ေတာ္တို႔ ကို ႏႈတ္ဆက္႐ွာပါတယ္။
ကြၽန္ေတာ္တို႔မိသားစု ေတာင္ငူကိုသြားလည္ၾကစဥ္က သြက္လက္ခ်က္ခ်ာစြာ ကူညီေပးရင္း ဘုရားဖူး လိုက္ပို႔ခဲ့တဲ့ သမီးငယ္ေလးမို႔ ကိုယ့္တူမေလးလိုပဲ ခင္မင္ခဲ့ရသူကေလး ပါ။

ေခ်ာင္းဆိုး လို႔ေသြးပါရာက ေဆးခန္းသြားျပရင္း တဆင့္တဆင့္နဲ႔ ရန္ကုန္ေဆးရံုႀကီး ေရာက္လာရပါတယ္ ။ အဆုတ္ကင္ဆာ အႀကိတ္က ၾကက္ဥလံုးခန္႔ရိွေနၿပီး အျမစ္တြယ္ေနတဲ့ အစိတ္အပိုင္းေတြအားလံုးဖယ္႐ွားလိုက္ၿပီးတဲ့အခါမွာ မူလအရြယ္အစားရဲ႕ သံုးပံုတစ္ပံု သာက်န္ပာေတာ့တယ္။ ခီမို ေဆးသြင္းကုသရင္း ေနာက္( ၄) လ ခန္႔သာအသက္႐ွင္ႏိုင္ေတာ့မွာမို႔ လူနာကို စိတ္ခ်မ္းသာေအာင္သာထားပါ လို႔ ဆရာဝန္ႀကီးက အေျဖေပးၿပီးပါၿပီ။

သမီး ဘာစားခ်င္သလဲ ဘယ္သြားခ်င္လဲ လို႔ေမးေတာ့ ခပ္ျဖည္းျဖည္းပဲေခါင္းခါျပပါတယ္။ ကင္ဆာေဆးေတြေၾကာင့္ ဆံပင္ေတြလည္း ကြၽတ္ကုန္ပါၿပီ။
ဘာမ်ွမစားခ်င္ဘူး ဆိုတာနဲ႔ ခ်စ္တီးထမင္း စားမလား ေမးၾကည့္ေတာ့ ေခါင္းၿငိမ့္႐ွာပါတယ္။

ဒါနဲ႔ပဲ ဆရာဝန္ထံခြင့္ေတာင္းကာ ေပြ႔ထူတြဲလို႔ ကြၽန္ေတာ့္ကားနဲ႔ တင္ေခၚလာၿပီး မဂိုလမ္းမွာ ခ်စ္တီးထမင္း စားၾကပါတယ္ ။ အျပင္ထြက္ေတာ့ စိတ္လည္းလမ္းဆန္းလာပံုရပါတယ္။ သံေဝဂလည္းရ၊ သနားလည္းသနား၊ ငယ္ငယ္ရြယ္ရြယ္ နဲ႔ ေနဝင္ရ႐ွာၿပီလို႔ ေတြးကာ စိတ္မေကာင္းႀကီးစြာျဖစ္ခဲ့ရတာေပါ့ဗ်ာ။
ေနာက္ေတာ့ သားအမိႏွစ္ေယာက္ ေဆးရံုကဆင္းၿပီး ေတာင္ငူျပန္သြားၾကပါသတဲ့။

အလုပ္ကိစၥ ေတြမ်ားၾကရတဲ့ လူ႔သဘာဝ အတိုင္း ဒီကေလးမေလးကို လည္ ကြ်န္ေတာ္တို့ေမ့ေလ်ာ့သြားခဲ့ပါတယ္။ တစ္ႏွစ္ခန္႔အၾကာမွ စကားစပ္မိလို႔ ေျပာၾကဆိုၾကရင္း ကေလးမေလး မေသေသးေၾကာင္း ၊ ေဆးသြင္းကုသမႈလည္း ပုံမွန္ခံယူရင္း အေမျဖစ္သူ က တစ္ေန႔လ်ွင္ လၻက္ရည္ၾကမ္းပန္းကန္တစ္ခြက္စာရေအာင္သေဘၤာရြက္ကို ေထာင္းၿပီးအရည္ညႇစ္တိုက္ေၾကာင္း၊ သူ႔ချမာလည္း ေပ်ာက္ခ်င္႐ွာလို႔ တိုက္သမ်ွအကုန္မညည္းမညဴ ေသာက္ေၾကာင္း၊ ပံုမွန္ျပန္ျပရမယ့္ေန႔ေတြဆို ေဆးရံုမွာလာျပတိုင္း ဆရာဝန္ေတြ တအံ့တျသ ျဖစ္ၾကရၿပီး ယခုအခါ ကင္ဆာေရာဂါအျမစ္မ်ားလံုးဝမေတြ႔ရေတာ့ေၾကာင္း သိလိုက္ရလို႔ အေတာ္ဝမ္းသာမိပါတယ္ဗ်ာ။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ က ဗိုလ္တေထာင္ဆိပ္ကမ္း မွာကပ္ထားတဲ့ သေဘၤာႀကီးေပၚက မဂၤလာ လက္ထပ္ပြဲကို သြားရင္း ကေလးမေလးကို အမွတ္မထင္ ျပန္ေတြ႔လိုက္ရပါတယ္။ ကြၽန္ေတာ့ကိုလည္းေျပးႏႈတ္ဆက္႐ွာပါတယ္။ ဆံပင္ေတြ လည္းအ႐ွည္ႀကီးျဖစ္မဲနက္လို႔ လူကလည္း အရင္အတိုင္း ဖ်တ္လတ္စြာနဲ႔ ရီရီေမာေမာ ေလးပါ။ က်န္းက်န္းမာမာ ေတြ႔ရတာ ဝမ္းသာလိုက္တာ သမီးေလးရယ္။

အခုဆိုရင္ ဆရာဝန္ေတြ က (၄) လပဲေနရေတာ့မယ္ဆိုတဲ့ အခ်ိန္ကေန (၈)ႏွစ္ေတာင္ ေက်ာ္လာခဲ့လို႔ အသက္ (၂၆) ႏွစ္အရြယ္ အပ်ိဳႀကီးဖားဖား ျဖစ္လာခဲ့ပါၿပီ။ ႏွစ္စဥ္ က်န္းမာေရး စစ္ေဆးတိုင္းလည္း ကင္ဆာဆဲလ္ေတြ မရိွေတာ့ေၾကာင္းသိရလို္႔လည္း ဝမ္းသာရပါတယ္ ။ အေမျဖစ္သူချမာလည္း ၾကံရာမရ နဲ႔ ရထားတဲ့ တရားေတာ္ေတြကိုလည္းအကုန္ ရြတ္ဖတ္၊ ေတာင္ငူၿမိဳ႕လိုေနရာမွာ သေဘၤာပင္ေတြက ေပါေတာ့ သေဘၤာရြက္ကိုေန႔စဥ္ ေထာင္းတိုက္၊ အသက္ေဘးနဲ႔ၾကံဳလာေတာ့ သမီးေလး ကလည္း မွန္မွန္ ေသာက္ခဲ့တဲ့ အက်ိဳးေတြ ေၾကာင့္ ေၾကာက္စရာ ကင္ဆာေရာဂါႀကီးကို တြန္းလွန္ႏိုင္ခဲ့ပါၿပီ။ ပို႔စ္မွာတင္ထားတဲ့ပံုထဲက ကြၽန္ေတာ္ေဘးမွာ ရီေမာေနတဲ့ ကေလးမပါပဲ။

ကြၽန္ေတာ့ရဲ႕ မိတ္ေဆြသူငယ္ခ်င္း အေပါင္းအသင္း မ်ားလည္း အခန္႔မသင့္လို႔ ကင္ဆာ ေရာဂါနဲ႔မ်ား မလႊဲသာမေ႐ွာင္သာ ၾကံဳၾကရရင္ ႐ွာရတာလည္းမခက္ စရိတ္စက လည္းမႀကီးတဲ့ သေဘၤာရြက္ကို မေမ့ၾကပါနဲ႔လို႔ သတိေပး သတင္းစကားပါးလိုက္ပါတယ္ ခင္ဗ်ား။

Myo Naing

န်ကုန်ဆေးရုံကြီး ရဲ့ အခန်းတစ်ခန်းထဲက ကုတင်တစ်လုံးအပေါ်မှာ ပိန်လှီဖျော့တော့စွာ ဘဝရဲ့ နောက်ဆုံးလက်ကျန်အချိန်တွေကို အသက်ငယ်ငယ်နဲ့ ရင်ဆိုင်နေတာ တွေ့လိုက်ရသူကအသက် (၁၈) နှစ်အရွယ် ကလေးမလေး တစ်ယောက်ပါ။ ကုတင်နဘေးမှာ ညှိုးနွမ်း နေတဲ့ မျက်နှာ၊့ ငိုလည်းငို အိပ်ရေးလည်း အတော်ပျက်ထားတဲ့ မျက်လုံးတွေနဲ့ အမေဖြစ်သူ က ကျွန်တော်တို့ ကို နှုတ်ဆက်ရှာပါတယ်။
ကျွန်တော်တို့မိသားစု တောင်ငူကိုသွားလည်ကြစဉ်က သွက်လက်ချက်ချာစွာ ကူညီပေးရင်း ဘုရားဖူး လိုက်ပို့ခဲ့တဲ့ သမီးငယ်လေးမို့ ကိုယ့်တူမလေးလိုပဲ ခင်မင်ခဲ့ရသူကလေး ပါ။

ချောင်းဆိုး လို့သွေးပါရာက ဆေးခန်းသွားပြရင်း တဆင့်တဆင့်နဲ့ ရန်ကုန်ဆေးရုံကြီး ရောက်လာရပါတယ် ။ အဆုတ်ကင်ဆာ အကြိတ်က ကြက်ဥလုံးခန့်ရှိနေပြီး အမြစ်တွယ်နေတဲ့ အစိတ်အပိုင်းတွေအားလုံးဖယ်ရှားလိုက်ပြီးတဲ့အခါမှာ မူလအရွယ်အစားရဲ့ သုံးပုံတစ်ပုံ သာကျန်ပာတော့တယ်။ ခီမို ဆေးသွင်းကုသရင်း နောက်( ၄) လ ခန့်သာအသက်ရှင်နိုင်တော့မှာမို့ လူနာကို စိတ်ချမ်းသာအောင်သာထားပါ လို့ ဆရာဝန်ကြီးက အဖြေပေးပြီးပါပြီ။

သမီး ဘာစားချင်သလဲ ဘယ်သွားချင်လဲ လို့မေးတော့ ခပ်ဖြည်းဖြည်းပဲခေါင်းခါပြပါတယ်။ ကင်ဆာဆေးတွေကြောင့် ဆံပင်တွေလည်း ကျွတ်ကုန်ပါပြီ။
ဘာမျှမစားချင်ဘူး ဆိုတာနဲ့ ချစ်တီးထမင်း စားမလား မေးကြည့်တော့ ခေါင်းငြိမ့်ရှာပါတယ်။

ဒါနဲ့ပဲ ဆရာဝန်ထံခွင့်တောင်းကာ ပွေ့ထူတွဲလို့ ကျွန်တော့်ကားနဲ့ တင်ခေါ်လာပြီး မဂိုလမ်းမှာ ချစ်တီးထမင်း စားကြပါတယ် ။ အပြင်ထွက်တော့ စိတ်လည်းလမ်းဆန်းလာပုံရပါတယ်။ သံဝေဂလည်းရ၊ သနားလည်းသနား၊ ငယ်ငယ်ရွယ်ရွယ် နဲ့ နေဝင်ရရှာပြီလို့ တွေးကာ စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရတာပေါ့ဗျာ။
နောက်တော့ သားအမိနှစ်ယောက် ဆေးရုံကဆင်းပြီး တောင်ငူပြန်သွားကြပါသတဲ့။

အလုပ်ကိစ္စ တွေများကြရတဲ့ လူ့သဘာဝ အတိုင်း ဒီကလေးမလေးကို လည် ကျွန်တော်တို့မေ့လျော့သွားခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှ စကားစပ်မိလို့ ပြောကြဆိုကြရင်း ကလေးမလေး မသေသေးကြောင်း ၊ ဆေးသွင်းကုသမှုလည်း ပုံမှန်ခံယူရင်း အမေဖြစ်သူ က တစ်နေ့လျှင် လ္ဘက်ရည်ကြမ်းပန်းကန်တစ်ခွက်စာရအောင်သင်္ဘောရွက်ကို ထောင်းပြီးအရည်ညှစ်တိုက်ကြောင်း၊ သူ့ခမြာလည်း ပျောက်ချင်ရှာလို့ တိုက်သမျှအကုန်မညည်းမညူ သောက်ကြောင်း၊ ပုံမှန်ပြန်ပြရမယ့်နေ့တွေဆို ဆေးရုံမှာလာပြတိုင်း ဆရာဝန်တွေ တအံ့တသြ ဖြစ်ကြရပြီး ယခုအခါ ကင်ဆာရောဂါအမြစ်များလုံးဝမတွေ့ရတော့ကြောင်း သိလိုက်ရလို့ အတော်ဝမ်းသာမိပါတယ်ဗျာ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ဗိုလ်တထောင်ဆိပ်ကမ်း မှာကပ်ထားတဲ့ သင်္ဘောကြီးပေါ်က မင်္ဂလာ လက်ထပ်ပွဲကို သွားရင်း ကလေးမလေးကို အမှတ်မထင် ပြန်တွေ့လိုက်ရပါတယ်။ ကျွန်တော့ကိုလည်းပြေးနှုတ်ဆက်ရှာပါတယ်။ ဆံပင်တွေ လည်းအရှည်ကြီးဖြစ်မဲနက်လို့ လူကလည်း အရင်အတိုင်း ဖျတ်လတ်စွာနဲ့ ရီရီမောမော လေးပါ။ ကျန်းကျန်းမာမာ တွေ့ရတာ ဝမ်းသာလိုက်တာ သမီးလေးရယ်။

အခုဆိုရင် ဆရာဝန်တွေ က (၄) လပဲနေရတော့မယ်ဆိုတဲ့ အချိန်ကနေ (၈)နှစ်တောင် ကျော်လာခဲ့လို့ အသက် (၂၆) နှစ်အရွယ် အပျိုကြီးဖားဖား ဖြစ်လာခဲ့ပါပြီ။ နှစ်စဉ် ကျန်းမာရေး စစ်ဆေးတိုင်းလည်း ကင်ဆာဆဲလ်တွေ မရှိတော့ကြောင်းသိရလို့်လည်း ဝမ်းသာရပါတယ် ။ အမေဖြစ်သူခမြာလည်း ကြံရာမရ နဲ့ ရထားတဲ့ တရားတော်တွေကိုလည်းအကုန် ရွတ်ဖတ်၊ တောင်ငူမြို့လိုနေရာမှာ သင်္ဘောပင်တွေက ပေါတော့ သင်္ဘောရွက်ကိုနေ့စဉ် ထောင်းတိုက်၊ အသက်ဘေးနဲ့ကြုံလာတော့ သမီးလေး ကလည်း မှန်မှန် သောက်ခဲ့တဲ့ အကျိုးတွေ ကြောင့် ကြောက်စရာ ကင်ဆာရောဂါကြီးကို တွန်းလှန်နိုင်ခဲ့ပါပြီ။ ပို့စ်မှာတင်ထားတဲ့ပုံထဲက ကျွန်တော်ဘေးမှာ ရီမောနေတဲ့ ကလေးမပါပဲ။

ကျွန်တော့ရဲ့ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း များလည်း အခန့်မသင့်လို့ ကင်ဆာ ရောဂါနဲ့များ မလွှဲသာမရှောင်သာ ကြံုကြရရင် ရှာရတာလည်းမခက် စရိတ်စက လည်းမကြီးတဲ့ သင်္ဘောရွက်ကို မမေ့ကြပါနဲ့လို့ သတိပေး သတင်းစကားပါးလိုက်ပါတယ် ခင်ဗျား။

Myo Naing

Top
//waufooke.com/4/3018672