
For Zawgyi
အသက္ (၂၇)ႏွစ္ျပည့္ ေမြးေန႔ေလးကို အလႉအတန္း အမ်ားႀကီးလုပ္ၿပီး ျဖတ္သန္းခဲ့တဲ့ စိုးျပည့္သဇင္
သ႐ုပ္ေဆာင္ စိုးျပည့္သဇင္က စက္တင္ဘာလ ၂၂ ရက္ေန႔မွာပဲ အသက္ ၂၇ ႏွစ္ ျပည့္သြားၿပီျဖစ္ပါတယ္ ။ တစ္ဦးတည္းေသာ သမီးေလး ျဖစ္တာေၾကာင့္လည္း ေဖေဖနဲ႔ ေမေမတို႔က ေမြးေန႔ ဆုေတာင္းစကားေတြ ေျပာထားပါတယ္ ။ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ စက္တင္ဘာလ ၂၂ ရက္ေန႔မွာ အသက္ ၂၇ ႏွစ္ျပည့္ၿပီ ျဖစ္ပါတယ္ ။ သူမ အတြက္ ေဖေဖေရာ ၊ ေမေမ ေရာကလည္း ေမြးေန႔ ဆုေတာင္းေပးခဲ့ၾကပါေသးတယ္ ။
‘’အသက္ကေတာ့ ၂၇ ျပည့္တာပါရွင့္ ။ ေမြးေန႔ အစီအစဥ္ကေတာ့ မနက္ ၉ နာရီေက်ာ္က ဆရာေတာ္ ကုမာရာ ရဲ႕ ရာမ မူလြန္ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမွာ သံဃာေတာ္ေတြ ၊ မိဘမဲ့ကေလးေလးေတြအတြက္ ဆြမ္းေကြၽးတယ္ ။ ရန္ကုန္ေဆး႐ုံႀကီးမွာေတာ့ လူနာေတြ ၊ လူနာေစာင့္ေတြ လူ ၅၀၀ စာအတြက္ ထမင္းဘူးေလးေတြ အလႉ ျပဳလုပ္ခဲ့ပါတယ္ ။ ၿပီးေတာ့ ေခြးေလ ေခြးလႊင့္ေလးေတြကို ျပန္ၿပီးေတာ့ ထိန္းသိမ္းတဲ့ ေဂဟာေလးမွာ လႉျဖစ္တယ္’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၂၂ ရက္ေန႔မွာ ျပဳလုပ္တဲ့ ေမြးေန႔ အလႉပြဲမွာ ေျဖဆိုခဲ့တာပါ ။
အဲဒီေနာက္ စိုးျပည့္သဇင္ရဲ႕ ဖခင္ျဖစ္သူ ေတးေရး ဦးစိုးႏိုင္ကလည္း ခ်စ္သမီးေခ်ာေလး စိုးျပည့္သဇင္အတြက္ ေမြးေန႔ ဆုေတာင္းစကား ဆိုခဲ့ပါတယ္ ။ ‘’သမီးေလးေတာင္ အသက္တစ္ႏွစ္ ထပ္ႀကီးလာၿပီဘုရား အဆုံးအမအတိုင္း ေမြးကထဲက ေနလာႏိုင္တဲ့ အေဖ့သမီးေလး ေလာကီေလာကုတၱရာ ႏွစ္ဖ်ာေသာ ေကာင္းျခင္းမဂၤလာေတြ ျပည့္စုံပါေစ မိဘကို စိတ္ခ်မ္းသာေအာင္ ထားႏိုင္ခဲ့တဲ့ သမီးေလးတူေသာ အက်ိဳးအတိုင္း စိတ္ခ်မ္းသာ ကိုယ္က်န္းမာ ရွိႏိုင္ပါေစ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၂၂ ရက္ေန႔ မနက္ ၁၂ နာရီ ၃၁ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာပါ ေရးသားခဲ့ပါတယ္ ။
ခ်စ္ရတဲ့ ေမေမ ေဒၚမာလာကလည္း အသက္ တစ္ႏွစ္ႀကီးၿပီျဖစ္တဲ့ တစ္ဦးတည္းေသာ သမီးေလး စိုးျပည့္သဇင္ အတြက္ ေမြးေန႔ ဆုေတာင္းစကားကို စက္တင္ဘာလ ၂၂ ရက္ေန႔ မနက္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္ ။ ‘’ အင္း ဘာလိုလိုနဲ႔ အသက္တႏွစ္ ထပ္ႀကီးသြားျပန္ၿပီ ။ အေမ့စိတ္ထဲကေတာ့ ခုထိကေလးပါပဲ အၿမဲတမ္းအတြက္ အေမ့ရဲ႕ ကေလးငယ္ငယ္နဲ႔ မိဘေတြကို လုပ္ေကြၽးခဲ့လို႔ မိအိုဖအိုဘဝမွာ ေကာင္းေကာင္းေနခြင့္ရခဲ့ၿပီ ဒီကုသိုလ္ကံ ေစတနာေတြေၾကာင့္ လိုရာဆႏၵမွန္သမွ် ျပည့္ဝလို႔ မအိုရာမနာရာ ျမတ္နိဗၺာန္ကို ရလြယ္ေရာက္လြယ္ မ်က္ေမွာက္ျပဳႏိုင္ပါေစ’’ လို႔ သူက ဆိုပါတယ္ ။
အသက္(၂၇) ႏွစ္အ႐ြယ္ အႏုပညာရွင္မေလး စိုးျပည့္ဟာ အသက္(၁၈) ႏွစ္အ႐ြယ္နဲ႔ အကယ္ဒမီ ရရွိခဲ့သူ ျဖစ္ပါတယ္ ။ သူမဟာ အသက္ ၁၃ ႏွစ္ကတည္းက အႏုပညာ အလုပ္ေတြ လုပ္ခဲ့သူပါ ။ စိုးျပည့္ အကယ္ဒမီရခဲ့တဲ့ ဇာတ္ကားက “မိုးညအိမ္မက္ျမဴ” ႐ုပ္ရွင္ဇာတ္ကား ျဖစ္ပါတယ္ ။ သူမဟာ သ႐ုပ္ေဆာင္ပိုင္းမွာသာမက အဆိုပိုင္းမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ေယာက္ပါ ။ သီခ်င္းနဲ႔ ပတ္သက္ၿပီး ခ်စ္သူေ႐ြးမယ္ ေတးစီးရီးနဲ႔ အခ်စ္ကို ရွာေဖြေတြ႕ရွိျခင္း ဆိုတဲ့ ေတးစီးရီးေတြ ထြက္ရွိထားပါတယ္ ။
Source : Celeyatkwat
For Unicode
အသက် (၂၇)နှစ်ပြည့် မွေးနေ့လေးကို အလှူအတန်း အများကြီးလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ စိုးပြည့်သဇင်
သရုပ်ဆောင် စိုးပြည့်သဇင်က စက်တင်ဘာလ ၂၂ ရက်နေ့မှာပဲ အသက် ၂၇ နှစ် ပြည့်သွားပြီဖြစ်ပါတယ် ။ တစ်ဦးတည်းသော သမီးလေး ဖြစ်တာကြောင့်လည်း ဖေဖေနဲ့ မေမေတို့က မွေးနေ့ ဆုတောင်းစကားတွေ ပြောထားပါတယ် ။ ပရိသတ်အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ် ။ သူမ အတွက် ဖေဖေရော ၊ မေမေ ရောကလည်း မွေးနေ့ ဆုတောင်းပေးခဲ့ကြပါသေးတယ် ။
‘’အသက်ကတော့ ၂၇ ပြည့်တာပါရှင့် ။ မွေးနေ့ အစီအစဉ်ကတော့ မနက် ၉ နာရီကျော်က ဆရာတော် ကုမာရာ ရဲ့ ရာမ မူလွန်ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ သံဃာတော်တွေ ၊ မိဘမဲ့ကလေးလေးတွေအတွက် ဆွမ်းကျွေးတယ် ။ ရန်ကုန်ဆေးရုံကြီးမှာတော့ လူနာတွေ ၊ လူနာစောင့်တွေ လူ ၅၀၀ စာအတွက် ထမင်းဘူးလေးတွေ အလှူ ပြုလုပ်ခဲ့ပါတယ် ။ ပြီးတော့ ခွေးလေ ခွေးလွှင့်လေးတွေကို ပြန်ပြီးတော့ ထိန်းသိမ်းတဲ့ ဂေဟာလေးမှာ လှူဖြစ်တယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ မွေးနေ့ အလှူပွဲမှာ ဖြေဆိုခဲ့တာပါ ။
အဲဒီနောက် စိုးပြည့်သဇင်ရဲ့ ဖခင်ဖြစ်သူ တေးရေး ဦးစိုးနိုင်ကလည်း ချစ်သမီးချောလေး စိုးပြည့်သဇင်အတွက် မွေးနေ့ ဆုတောင်းစကား ဆိုခဲ့ပါတယ် ။ ‘’သမီးလေးတောင် အသက်တစ်နှစ် ထပ်ကြီးလာပြီဘုရား အဆုံးအမအတိုင်း မွေးကထဲက နေလာနိုင်တဲ့ အဖေ့သမီးလေး လောကီလောကုတ္တရာ နှစ်ဖျာသော ကောင်းခြင်းမင်္ဂလာတွေ ပြည့်စုံပါစေ မိဘကို စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တဲ့ သမီးလေးတူသော အကျိုးအတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိနိုင်ပါစေ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီ ၃၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပါ ရေးသားခဲ့ပါတယ် ။
ချစ်ရတဲ့ မေမေ ဒေါ်မာလာကလည်း အသက် တစ်နှစ်ကြီးပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး စိုးပြည့်သဇင် အတွက် မွေးနေ့ ဆုတောင်းစကားကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။ ‘’ အင်း ဘာလိုလိုနဲ့ အသက်တနှစ် ထပ်ကြီးသွားပြန်ပြီ ။ အမေ့စိတ်ထဲကတော့ ခုထိကလေးပါပဲ အမြဲတမ်းအတွက် အမေ့ရဲ့ ကလေးငယ်ငယ်နဲ့ မိဘတွေကို လုပ်ကျွေးခဲ့လို့ မိအိုဖအိုဘဝမှာ ကောင်းကောင်းနေခွင့်ရခဲ့ပြီ ဒီကုသိုလ်ကံ စေတနာတွေကြောင့် လိုရာဆန္ဒမှန်သမျှ ပြည့်ဝလို့ မအိုရာမနာရာ မြတ်နိဗ္ဗာန်ကို ရလွယ်ရောက်လွယ် မျက်မှောက်ပြုနိုင်ပါစေ’’ လို့ သူက ဆိုပါတယ် ။
အသက်(၂၇) နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈) နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ် ။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာ အလုပ်တွေ လုပ်ခဲ့သူပါ ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ် ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ ။ သီချင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေ ထွက်ရှိထားပါတယ် ။
Source : Celeyatkwat