အိမ်သစ်တက်အလှူမှာ ရွာ(၃)ရွာ မီးခိုးတိတ်ကျွေးမွေးပြီး ရွှေမိုးငွေမိုးရွာရင်း ပျော်နေတဲ့ ဖြူဖြူထွေးရဲ့ Video File
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ် နာမည်ကြီးလာရာမှ အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဖြူဖြူထွေးက အခုဆိုရင် ဖျော်ဖြေရေးပွဲတွေကို လက်မလည်အောင် ဖျော်ဖြေတင်ဆက်ပေးနေရင်း မိသားစုကို စောင့်ရှောက်ပြုစုပေးနေတာပဲ ဖြစ်ပါတယ်။
အောင်မြင်လာတာနဲ့အမျှ ကျေးဇူးရှင်မိဘတွေနဲ့ လူကြီးတွေကို သိတတ်ရိုသေတဲ့ ဖြူဖြူထွေးက သူမရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ အားထုတ်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံများစွာ ရှာဖွေနိုင်သူ ဖြစ်နေပါပြီ။ အဲ့ဒါကြောင့်လည်း အခုဆိုရင် သူမမိဘတွေရှိရာ ဇာတိရွာလေးမှာ တိုက်အိမ်လေးဆောက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဖြူဖြူထွေးကတော့ မိဘတွေအတွက် ဆောက်ပေးထားတဲ့ သူမရဲ့ အိမ်သစ်တက်ပွဲကြီးမှာ ရွာသုံးရွာ မီးခိုးတိတ်ကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။ ထို့အပြင် ရွှေမိုးငွေမိုးတွေလဲ ရွာသွန်းဖြိုးခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ အိမ်သစ်တက်ပွဲမှာ ရွှေမိုးငွေမိုးရွာရင်းပျော်နေတဲ့ video ဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
Source : momolay