You are here
Home > Health > တန်ဖိုးကြီးလှတဲ့ ပယင်း ဖြစ်ပေါ်လာပုံ နှင့် လူ​တွေမသိ​သေး​သော ပယင်း၏ ကျန်းမာရေးအစွမ်းများ

တန်ဖိုးကြီးလှတဲ့ ပယင်း ဖြစ်ပေါ်လာပုံ နှင့် လူ​တွေမသိ​သေး​သော ပယင်း၏ ကျန်းမာရေးအစွမ်းများ

လူ​တွေမသိ​သေး​သော ပယင်း=Amber၏အစွမ်းများ….
ပယင်းကသစ်​ပင်​ကဖြစ်​တဲ့​ကျောက်​ဖြစ်​ရုပ်​ကြွင်း၁မျိုးပါ…

သစ်​ပင်​ရဲ့အဆီအနှစ်​ဖြစ်​တဲ့သစ်​​စေးက​နေဖြစ်​တည်​အတွက်​..
သဘာဝက​ပေးတဲ့ထူးခြားဖြစ်​စဉ်​ထဲက ၁ခုအပါဝင်​ဖြစ်​ပါတယ်​….
တန်းဖိုးထားရာ ရတနာ ( ၉ )ပါးထဲမှာလဲတစ်​ပါးအပါဝင်​ဖြစ်ပါတယ်…

ပယင်းမှာ အဖိုးတန်​ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်​တည်​မှု သန့်​ရှင်းမှုအစရှိသည်​များနှင့်​ပြည့်​စုံ​နေ​သောရတနာ၁ပါးလဲဖြစ်​ပါတယ်။

လွန်​ခဲ့​သောနှစ်​သန်း​ပေါင်း၁၂၀ခန့်​က အဖိုးတန်​သက်​ရှိများသိုမှီးရာ ပြတိုက်​၁ခုလဲဖြစ်​ပါတယ်​…
ကမ္ဘာကြီး၏ဖြစ်​ပျက်​​ပြောင်းလဲမှုဖြစ်​စဉ်​အများပြားကို သက်​​သေပြနိုင်​တဲ့ ၁ခုတည်း​သော အဖိုးတန်​ရတနာ၁မျိုးဘဲဖြစ်​ပါတယ်​…

ထူးခြားဖြစ်​စဉ်​များနှင့်​ ဂမ္ဘီရဆန်​​သောအဖြစ်​ပျက်​များစွာ ယ​နေ့တိုင်​ဖြစ်​​ပေါ်​နေ​တဲ့ရတနာဖြစ်​မျိုးလဲဖြစ်​ပါတယ်​…
ထူးခြားဖြစ်​စဉ်​များမှာသက်​ရှိ၁​ကောင်​​ကို… နှစ်​​ပေါင်းသန်း၁၂၀မပုပ်​သိုး​အောင်​ထိန်းသိမ်းနိုင်​တဲ့ ဂုဏ်​သတ္တိလဲရှိပါတယ်​….
ယင်းဖြစ်​စဉ်​ကိုကြည့်​ခြင်းအားဖြင့်​ ပယင်းဝတ်​ဆင်​တဲ့သူအ​ပေါင်းကို အရွယ်​တင်​နုပျို​စေပါတယ်​…

သိပ္ပံနည်းဖြင့်​​ပြောရလျှင်​ Nano ဂုဏ်​သတ္တိကိုပိုင်​ဆိုင်​ပါတယ်​…
သက်​​သေအားဖြင့်​​ပြရလျှင်​ ပယင်းကိုကိုယ်​တိုင်​​သွေး​သောတူး​သော

မိတ်​​ဆွေများထိခိုက်​ရှနာရတဲ့အခါမှာ အလိုလို ခနအတွင်​ပြန်​​ကောင်းမွန်​သွားသည်​ သာဓကများလဲရှိပါတယ်​…

ပယင်းကို​သွေး၍လိမ်​လျှင်​ အ​ရေပြားနှင့်​ပက်​သက်​သည့်​​ရောဂါမှန်​သမျှကိုအမြန်​ဆုံး​ပျောက်​ကင်း​စေပါတယ်​…
(ဥပမာ…တင်းတိပ်​..ဝက်​ခြံ…​နေ​လောင်​…အပူ​လောင်​..ထိခိုက်​ရှနာ)အစရှိသဖြင့်​..အမြန်​ဆုံးသက်​သာ​ပျောက်​ကင်း​စေပါတယ်​….အသုံးပြုပုံ
*ဆွဲသီးကို မျက်​လုံး​ပေါ်အုပ်​ထားခြင်းဖြင့်​ အပူကိုစုပ်​​စေ​သော​ကြောင့်​မျက်​လုံး​အောင့်​မျက်​လုံးနာများကိုသက်​သာ​စေပါတယ်​….

*မိမိဝတ်​ဆင်​ထား​သောဆွဲသီးဖြင့်​မိမိမျက်​နာပြင်​ကိုပွတ်​​ပေးခြင်းအားဖြင့်​ အသားရည်​ကိုကြည်​လင်​​တောက်​ပ​စေပါတယ်​…..
ဒုတိယ အချက်​က​တော့….သစ်​ပင်​ကဖြစ်​ တဲ့​ကျောက်​ဖြစ်​​ရုပ်​ကြွင်းဖြစ်​တဲ့အတွက်​ သစ်​ပင်​ရဲ့သဘာဝကိုပိုင်​ပါတယ်​…
အဲ့သဘာဝက​တော့…စုပ်​ယူခြင်းဂုဏ်​သတ္တိပါ… သစ်​ပင်​ရဲ့ သဘာဝက ဟိုက်​ဒရိုချင်​ကိုစုပ်​ယူပြီး

သန့်​စင်​တဲ့ ​အောက်​စီဂျင်​ ကိုပြန်​လည်​ထုတ်​ယူ​ပေးပါတယ်​.ထိုသဘာဝတရား​ကြောင့်​ပဲ…သစ်​ပင်​ကဖြစ်​တည်​တဲ့
ပယင်း​ကျောက်​ကလည်း လူခန္ဓာကိုယ်​အတွင်းမှာရှိတဲ့ အပူအပုပ်​များကိုစုပ်​ယူ​ပေးတဲ့အတွက်​…အသား​ရေကိုကြည်​လင်​​စေပါတယ်​….
တတိယအချက်​က​တော…​ တေ​ဇောဓတ်​ပိုင်​ဆိုးတဲ့ရတနာဟုသတ်​မှတ်​ရတဲ့အရတနာ၁မျိုးပါ…

မည်​မျှပင်​ချမ်း​​နေပါ​စေ..လူ့ခန္ဓာကိုယ်​နဲ့တသားတည်းဖြစ်​​အောငိ အပူချိန်​ထိန်းညှိ​ပေးပြီး ​နွေး​နေလျက်​ရှိပါတယ်​…
အ​ကြောင်းရင်းမှာ…လျှက်​စစ်​ဓတ်​ထုတ်​လွှတ်​​ပေးနိုင်​တဲ့… electron ဂုဏ်​သတ္တိရှိတဲ့အတွက်​​ကြောင့်​ပါ…
ယင်းအာနိသင်​အစွမ်း​ကြောင့်​.လူခန္ဓာကိုယ်​အတွင်းမှာရှိတဲ့ ​ သွေး​ကြောများကို ​သွေးစီးဆင်းမှုအား​ကောင်း​အောင်​လှုံ​ဆော်​​ပေးတဲ့အတွက်​…​သွေးအား​ကောင်း​စေပါတယ်​..

*နှလုံး​သွေး​ကြောကျဉ်း​ရောဂါ…..

*အ​မောမခံနိုင်​တဲ့​ရောဂါ…
*ကိုယ်​ဝန်​​ဆောင်​မိခင်​များ…

*ဖုန်းနဲ့ကွန်​ပျူတာအသုံးများသူများ..
*​သွေးတိုး…​သွေးကျ​ရောဂါ…
*လေးဘက်​နာ…အဆစ်​မြစ်​ကိုက်​ခဲ​ရောဂါ..

*ကျီး​ပေါင်း​ရောဂါ…
*အာရုံ​ကြောအားနဲတဲ့​ရောဂါ….

*ညအိပ်​မ​ပျော်​သူများအတွက်​အထူးသင့်​​လျော်​ပြီးသိသာ​ပျောက်​ကင်း​စေပါတယ်​….
အထက်​ပါ​ဖော်​ပြထားတဲ့​ရောဂါများနဲ့ အထူးသင့်​​လျော်​တဲ့ဝတ်​ဆင်​ပုံများက​တော့..

*နှလုံးနှင့်​အနီးဆုံး​နေရာ၌ထား၍ဝတ်​​ပေးခြင်းဖြင့်​ ​သွေးလွှတ်​​ကျော ​သွေးပြန်​​ကျောတို့ကို လှုံ​ဆော်​​ပေးပြီး​သွေးလည်​ပတ်​မှုကို​ကောင်း​စေ​သော​ကြောင့်​ နှလုံး​သွေး​ကျောကျဉ်း​ရောဂါနှင့်​အမောမခံနိုင်​သူများအတွက်​​အထူး သင့်​​လျော်​ပြီးသိသာ​ပျောက်​ကင်းပါတယ်​…
*နှလုံးရှိရာဘယ်​ဘက်​ဖြစ်​တဲ့ ဘယ်​လက်​မှာ ဝတ်​ဆင်​ခြင်းဖြင့်​…

ကွန်​ပျူတာနှင့်​ဖုန်းအသုံးများသူများအတွက်​ လူကိုထိခိုက်​​စေတဲ့ waveမှကာကွယ်​​ပေးပြီ…အဆစ်​မြစ်​ကိုက်​တာ… လက်​ကိုက်​တာအစရှိသည့်​..virus ကိုကာကွယ်​​ပေးပါတယ်
(ကိုယ်တွေ့) ထို့အပြင်​…ကိုယ်ဝန်​​ဆောင်​မိခင်​များအတွက်​​သွေးလည်​ပတ်​မှုအား​ကောင်း​စေပြီးဗိုက်​ထဲရှိက​လေးအား​အောက်​စီဂျင်​ပြည့်​ဝ​စေပါတယ်​….​သွေးခုန်​နူန်းထိန်းညှိ​ပေးတဲ့​နေရာဖြစ်​တဲ့အတွက်​​သွေးတိုး​သွေးကျအတွက်​အထူးသင့်​​လျော်​သက်​သာ​ပျောက်​ကင်းစေပါတယ်​…

*​လေးဘက်​နာအဆစ်​မြစ်​ကိုက်​ခဲသူများအတွက်​…အရိုးနဲ့ထိရာလက်​သန်းကြွယ်​မှာလက်​စွပ်​ဝတ်​ဆင်​ခြင်းအားဖြင့်​ အကိုက်​ခဲများကို သက်​သာ​ပျောက်​ကင်း​စေပြီး…ညအိပ်​​ပျော်​​စေပါတယ်​…

*ကျီး​ပေါင်း​ရောဂါနှင့်​ပက်​သက်​လာရင်​​တော့…ကျွန်တော် ရဲ့မိခင်​က​တော့သက်​​သေပါပဲ..
ပယင်း​ခေါင်းအုန်းနှင့်​ပယင်းရတနာများကိုဝတ်​ဆင်​ပြီးအချိန်​မှစ၍ သက်​သာ​ပျောက်​ကင်းလာ​​ကြောင်းတဖွဖွ​ပြောဆိုလာရမှ ကျွန်​​တော့အား ပယင်းလမ်းကြောင်း​ပေါ်သို့​ရောက်​ရှိ​စေခဲ့ခြင်းဖြစ်​ပါတယ်​..

.အဲ့ဒီတွက်​လဲကျွန်​​တော့်​ရဲ့ေ​မ​မေအားဤ​နေရာမှကျးဇူးတင်ဂါဝရပြုရင်းနိဂုံးချုပ်​ပါတယ်​ခဗျာ…

Creadit to original writer

ပယင်း အကြောင်းသိကောင်းစရာ နဲ့ ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါ ။

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင် ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။

ပယင်း သည် စင်စစ် အားဖြင့် ကျောက် မဟုတ်ပါ။ အဆီထွက်သော အပင် တစ်မျိုး (ထင်းရူးပင် တစ်မျိုး ဟု ဆို) ၏ အဆီ မှ ခဲ၍ ကျောက်သား သဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန် ရံခါ ပယင်း ထဲ၌ အင်းဆက် ပိုးမွှားများ ကို ပုံစံ မပျက် တွေ့ရှိရတတ်ပါသည်။

နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်း မှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါး အနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်း ကိုလည်း မှတ်တမ်းတင် ထားကြသည်။ ပယင်း ဟာ ကျောက်မျက်ရတနာ ၉ပါး ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်း အဆင့် (၂.၅) သာ ရှိကာ သိပ်သည်းဆ လည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန် ကို ခံနိုင်ရည် မရှိပဲ ကြွေကွဲ ပျက်ဆီးလွယ်ပါသည်။ မီးရှို လျှင် အလွယ် တစ်ကူ လောင်ကျွမ်းနိုင်ပါသည်။

ပယင်း အစစ် ဟာ အလင်းပေါက်ပြီး ပေါ့ပါး တာကြောင့် ဆားငံရည် မှာ ရေပေါ်ပေါ်နေနိုင်ပါသည် ။ အခြားသော ကျောက်မျက် ရတနာတွေ ဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ် တို့လို ကျောက်မျက်တွေဟာ အခန်း တွင်း အပူချိန် ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိ ရှိသော်လည်း ပယင်း မှာ လူ့ အရေပြားနှင့် ထိတွေ့ ပါ က အနည်းငယ် ပူနွေးနေပါသည်။

အရက် ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင် ကို ပယင်းရောင်ရယ် လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်း မှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှား ပါးပါး ခရမ်းပြာရောင် အထိ တွေ့ရတတ်ပါသည်။

ဘောလ်တစ် ပင်လယ် ကမ်းခြေ တစ်လျှောက်မှာ ပေါ့ပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေ ကိုရောက်ရှိ လာတတ်ကာ ကမ်းစပ် တစ်လျောက်မှာ၎င်း ရေတိမ်ပိုင်း မှာ ရေငုတ်ပြီး အလွယ် ရှာတွေ့နိုင် သည်။ ကမ်းခြေ တစ်လျှောက် ပုံစံ အမျိုးစုံ အရောင် မျိုးစုံနှင့် ပယင်း များကို အများ အပြားတွေ့ ရတတ် ပြီး အပြာရောင် ပယင်း ကို အထူး အရောင်းအဝယ်လုပ်ကြသော်လည်း ၎င်း အပြာရောင်မှာ ဘောလ်တစ်ဒေသ ထွက် မဟုတ်ဘဲ ဒိုမီနီကန်ု က ထွက်သော ပယင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိုင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္တင်္ိးနယ် တို့တွင် ထွက် ရှိသည်။ မြန်မာ အပြင် ပယင်းထွက် ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါနှင့် အမေရိကန် တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်း မှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်း အထိ ဈေး ရနိုင်ပြီး အထက်တွင် ဖော်ပြ သကဲ့သို့ သစ်ကိုင်း များ အကောင်ပလောင် များ ပါဝင် ပါက ဈေးပိုရကြောင်း သိရသည်။

တစ်ချို့ ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင် ပယင်းမှာ ဈေးကွက် အတွင်း လူကြိုက်များ ပြီး တိုင်းရင်းသား အချို့ မှာ ပယင်း ကို ဝတ်ဆင်လေ့ ရှိကြပါသည်။ တရုတ်လူမျိုးများ ဟာ သွေးလည် ပတ် မှု ကောင်းစေရန် ၎င်း ကံကောင်းစေရန် ၎င်း ပယင်း ကို အဆောင်ကျောက် အဖြစ် ဝတ်ဆင်ကြသည်။
ပွဲလမ်း သဘင်များတွင် ချမ်းသာ ကြွယ်ဝသူများက ဂုဏ်သိက္ခာ တစ်ရပ် အဖြစ် ပယင်း ကို မီးရှိုတတ်ကြ သည်။ မြန်မာနိုင်ငံ ၏ အဓိက ဝယ်လက် မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင် ရဲ့ အစေး ကနေ ဖြစ်လာတဲ့ ပယင်း ထဲမှာ ပယင်း မဖြစ်ခင် သစ်စေး အခြေအနေ မှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ရဲ့ အစအနများ သစ်ရွက် ပျား လိပ်ပြာ ပုရွက်ဆိတ် ပိတုန်း စသော အကောင်းငယ်များ မှာ ရုန်းထွက် မရတော့ပဲ သစ်စေးများနှင့် အတူ နှစ် သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

ရှေးရောမ ကျွန်ခေတ်တွင် ပယင်း လည်ဆွဲ ခပ်သေးသေး ကို ကျန်းမာ သန်စွမ်း တဲ့ ကျွန် တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင် အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်း ကို ရေမွှေး များ ဖော်စပ်ရာတွင် ၎င်း ဆေးဖော်စပ် ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်း သည် ကျောက်မျက်ရတနာ ကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူ အတွက် အသက်ဓာတ် ကို ပိုင်ဆိုင်စေသည် ဟု ယူဆကြသည်။ ရှေးခေတ် တရုတ် လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျား ဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ် က မိခင် နတ်ဘုရားများ ကို ပူဇော် ပသရာတွင် ပယင်း ကို အသုံးပြုကြသည်။

ပယင်း သည် ကျောက်ဖြစ် ရုပ်ကြွင်း သဖွယ်ဖြစ်ပြီး ခေတ်ကာလ တစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက် ရှည်ခြင်း ကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။
အလားတူပင် သက်ရှိ သတ္တဝါဖြစ်သော ပိုးမွှားများ ၏ ရုပ်ကြွင်း ကိန်းအောင်းနေပြီး အာကာသ ဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံ ထားကြသည်။ ယင်း ကို ပဉ္စမမြောက် ဓာတ်သဘာဝ ဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီး ဟူသော ဓာတ်ကြီးလေးပါး ၏ အပေါင်းအစု အဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ် သည် အသက် ၊ ဘဝ (အပင်၊သတ္တဝါ၊လူ) တို့နှင့် ပတ်သက်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်း ကို လည်ဆွဲ (ဝါ) ပတီး အဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ် သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်း သည် နတ်ဘုရားနှင့် နတ်ဘုရားမ များ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သက်ကြောင်း ၎င်း တွင် ဂမ္ဘီရ စွမ်းအင် ၏ ထိရောက်မှု အား မြင့်မားလှကြောင်း ရောမခေတ် က ယုံကြည်ကြသည်။

ပယင်း ကို သိုးမွှေးစ (ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ် ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် ဆွဲငင်အား ကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိ တို့၏ အီလက်(ခ်) ထရွန် (Electron) ဟူသော စကားလုံး မှ ခေတ် အီလက်ထရစ် စီးင်္တီး (electricity) ဟူသော ဝေါဟာရ ဆင်းသက်ပေါက်ဖွားလာ ခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။

ပယင်း သည် ဆန်းပြား လျှိုဝှက်သော သဘာဝ ရှိပြီး ဂမ္ဘီရ တန်ဖိုး မြင့်မားသော အရာဝတ္ထု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံး ပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။
မှီငြမ်း – ဟိန်း (ဘူမိ) ၏ ပယင်း အကြောင်း

Credit..Aung Siam Gold & Jewellery shop

Top
//nossairt.net/4/3018672