Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” ဝတ်ရည်မိုးဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကို ချစ်တဲ့အကြောင်းပြောပြလိုက်တဲ့ ပိုပို ”
အဆိုတော်ပိုပိုလို့ ပရိသတ်တွေလက်ခံလာခဲ့တဲ့ သီချင်းကတော့ ” ချစ်ဖူးခဲ့သမျှ”သီချင်းMTVလေး ဖြစ်ပြီး မြင့်မြတ်နဲ့တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ကလေးတွေကအစ နှစ်သက်သဘောကျတဲ့ “ဘာမှမလိုဘူး” သီချင်းMTV လေးလို့ဆိုရမှာပါ။နိုင်ငံကျော်သရုပ်ဆောင်မင်းသားကျော်ကျော်ဗို နဲ့ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ယခုချိန်မှာတော့ ပိုပိုဟာ အများကအားကျရတဲ့ သိန်း(၅)ထောင်တန်ကိုယ်ပိုင်အိမ်လှလှလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်စတူဒီယိုလေးကိုလည်း ပိုင်ဆိုင်ထားတာပြီပဲ ဖြစ်ပါတယ်။
အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး ပိုပိုဟာ မိဘတွေမရှိတော့ပေမယ့်လည်း ကိုယ်တိုင်တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ကာ ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။သူမရဲ့We Love တွေနဲ့လည်း အလှူအတန်းတွေအပြင် သီလရှင်လည်းအတူတူဝတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း သူမရဲ့ အဟောင်း နှစ်ပုဒ်ကို မင်းသားချောလေးနှစ်ယောက်ဖြစ်တဲ့ သီဟအောင်၊မင်းသွေးခန့် တို့နဲ့ MTV လေးကို ရိုက်ကူးထားသေးတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာလည်း အနုပညာရှင်မောင်နှမတွေနဲ့အတူ အိမ်မှာ ပါတီကျင်းပခဲ့သေးတာပဲ ဖြစ်ပါတယ်။ ယနေ့မှာ တော့ ပိုပိုဟာ သူမရဲ့ နာမည်အရင်း ” ဝတ်ရည်မိုး” ဆိုတဲ့နာမည်လေးကို ချစ်တဲ့အကြောင်း နဲ့ပတ်သက်ပြီး ” လူတစ်ယောက်ရဲ့ နာမည်လေးတွေဟာ အဓိပ္ပါယ် တစ်ခုစီ ရှိနိုင်တယ်။” ဝတ်ရည်မိုး ” ဆိုတဲ့ နာမည်လေးက အမေ ပေးသွားခဲ့တာတဲ့ (၁၀) တန်းတုန်းက ” The Months Poem ”
တစ်ပုဒ်မှာ ပါတဲ့ ” To Flowers of May ” စာသားလေးတွေ အတိုင်းဆို မေ လမှာ ပန်းတွေ ပွင့်တယ်။ မိုးတွေ စရွာတယ် တဲ့ ပို တွေးမိတာလေးက မေလ( ၁၆ ) မှာ မွေးတဲ့ ကိုယ့်အတွက် ဝတ်ရည် တွေကို ပျားတွေအတွက် ပန်းတွေက သဘာဝကျကျ ဖန်တီးပေးကြတယ်။ မိုးဦး အစမှာ မိုးတွေကလဲ စတင်ပြီးရွာတယ်။( မွေးနေ့ဆိုမိုးရွာတယ်တခါတလေ မုန်တိုင်းပါတိုက်တယ် ရာသီဥတုတွေ ပြောင်းကတည်းက မွေးနေ့မှာ မိုးမရွာတော့ဘူး။) ထားပါတော့။ အဲ့တော့ နွေကုန်ကာစ မိုးရာသီ အစမှာ ပန်းတွေ ပွင့်ကြတယ်။
ပို့နာမည်လေးက လဲ ပန်းတို့ရဲ့ နှလုံးသား နဲ့ မိုးစက်ကလေးတွေ နဲ့ပေါင်းထားတာပေါ့။ ချိူမြအေးချမ်းတဲ့ အဓိပ္ပါယ်လေးလို့ မှတ်ယူတယ်။ထို့ကြောင့် ဝတ်ရည်မိုး ဆိုတဲ့ နာမည်လေး ကို ချစ်တယ်။ ” ဆိုပြီး ရင်ဖွင့်ပြောပြထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ပိုပိုလို ကိုယ့်နာမည်ရဲ့ အဓိပ္ပာယ်လေးတွေကို သိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar