
ပရိသတ်အားပေးမှု အများဆုံးနဲ့ Fan အင်အားတောင့်တင်းတဲ့ Myanmar Idol Winner ဆုရှင် ဖြိုးမြတ်အောင် ကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ Winner ရပြီးနောက်ပိုင်း Show တွေ ဆက်တိုက်ဆိုနေရသလို ကြော်ငြာတွေ ဓာတ်ပုံတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ် ။ ပရိသတ်အချစ်တွေ အများကြီးရရှိထားတဲ့ ကိုဖြိုးကတော့ လတ်တလောမှာ ဒါရိုက်တာ ညိုမင်းလွင် ပုံဖော်ရိုက်ကူးမယ့် မြမြ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။
စပြီးကမ်းလှမ်းကာစက မိခင်ဖြစ်သူက ခွင့်မပြုခဲ့သလို Poppin လုပ်ပြီး ရိုက်မယ့် ပေါပေါပဲပဲ ဇာတ်ကားမျိုးလားလို့ ပရိသတ်တွေတွေးသလို တွေးခဲ့မိတယ်လို့ ဖြိုးမြတ်အောင် က ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ် ။ တကယ်တမ်း ဇာတ်ညွှန်းဖတ်ကြည့်တဲ့အခါမှာတော့ ပညာပေးလည်း ဖြစ်သလို အထူးသဖြင့် ဒီလိုမဒိန်းကောင်တွေကို ရွံမုန်းသွားအောင် ရိုက်ကူးမှာ ဖြစ်တဲ့ အပြင် ထူးခြားတဲ့ ပညာပေးတွေ အများကြီးပါဝင်နေတယ်လို့ သိရတယ် ။ ဇာတ်ညွှန်းကို ဆက်မဖတ်ပဲ ကိုယ့်ဘာသာတွေးကြည့် ရင်တောင် ဘာပြီးရင်ဘာလာမလဲလို့ တွေးလို့မရအောင်လှည့်ထားတာ အရမ်းသဘောကျလို့ လက်ခံဖြစ်ခဲ့တာလို့လည်း ပြောပြခဲ့ပါတယ် ။
သင်ဇာနဲ့ တွေ့ရမယ့် အခန်းတွေက နည်းပေမယ့် ခုလိုမင်းသမီးတစ်ယောက်နဲ့ ရိုက်ကူးရမှာ စိတ်လှုပ်ရှားသလို ထိရဖက်ရမယ့် အခန်းတွေတော့ မပါဝင်ပါဘူးတဲ့ ။ ထိရဖက်ရမယ့်အခန်းတွေပါရင် မကိုင်ရဲသလို ချစ်သူမဟုတ်ဘဲ ထိရဖက်ရမှာကို အငှါးခံစားချက်ခံစားလို့မရဘူးလို့ ဖြိုးမြတ်အောင်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ် ။ ကဲ.. ရိုးသားတဲ့ ဟင်္သာတသားလေး ကိုဖြိုးကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း ဒီကားလေး ထွက်လာရင် အားပေးကြပါဦးနော် ။
Source – MC