
zawgyi ဖြင့်ဖတ်ရန်
ရွှေထူးကို Surprise လုပ်ဖို့စောင့်နေခဲ့တဲ့ ရွှေမှုံရတီရဲ့ Romantic ဆန်လွန်းတဲ့ ဗီဒီယို
Unicode ဖြင့်ဖတ်ရန်
ဒီကနေ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာက ရွှေမှုံရတီက ရွှေထူးကို သိန်းထောင်ပေါင်းများစွာ အသုံးပြုပြီး မွေးနေ့လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်ပြီး ပါရမီဖြည့်တတ်တဲ့ ရွှေနှစ်ရွှေကို ပရိသတ်တွေက အားကျနေရတာ ဖြစ်ပါတယ်။
ရွှေထူးကလည်း ဇနီးချောလေးဆီက မထင်မှတ်ထားလောက်အောင် ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲကြီးနဲ့ တန်ဖိုးကြီးလွန်းတဲ့ လက်ဆောင်တွေရရှိခဲ့လို့ အတိုင်းမသိ ဝမ်းသာနေတာကို တွေ့ရပါတယ်။
ရွှေမှုံရတီက ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ပွဲကို အစအဆုံး သေသေချာချာ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရွှေထူးကို surprise လုပ်ဖို့စောင့်နေတဲ့ ရွှေမှုံရတီရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ရွှေထူးနဲ့ ရွှေမှုံရတီကတော့ Romantic ဆန်လွန်းလို့ ပရိသတ်တွေ အားကျနေရတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီ ဇနီးမောင်နှံနှစ်ယောက် ဒီထက်မက ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : momolay