
Zawgyi ျဖင့္ဖတ္၇န္
က်ြန္ေတာ္သည္ေျခလက္ထုံျကင္ေသာေရာဂါျဖစ္ခဲ႔ပါသည္။ နားလည္ေသာသူမ်ားကေဆးလိပ္အလြန္အက်ြံေသာက္ေသာေျကာင့္ ေသြးေျကာပိတ္ခ်င္သည္ဟုေျပာပါသည္။
ေဆာင္းရာသီတြင္ပို၍ဆိုးရြားပါသည္။ လိမ္းေဆးမ်ားလိမ္းေသာ္လည္း မေပ်ာက္ပါ။
အေျကာတစ္ေထာင္ရြက္ကိုတစ္ခါစားတစ္ရြက္ တစ္ေန႔ႏွစ္ျကိမ္ ဒီတိုင္းဝါးစားေသာအခါ အံ႔ၾသစရာေကာင္းေအာင္ရက္ပိုင္းအတြင္း ေပ်ာက္ကင္းသြားပါသည္။
ယခုဆိုလ်ွင္ ၂ ႏွစ္ေက်ာ္ခန္႔ရွိပါျပီး။ ထပ္မျဖစ္ေတာ့ပါ။ ထိုအရြက္ကိုတစ္ျကိမ္ထဲတြင္မ်ားမ်ားစား၍မရဟု တတ္ကၽြမ္းေသာ ဆရာမ်ားကေျပာပါသည္္။ လူအေပါင္းတို႔၏အက်ိဳးကိုေမ်ွာ္ကိုး၍တင္ျပလိုက္ပါသည္ ။
က်န္းမာခ်မ္းသာျကပါေစ။
Soe Mg Mg Soung
ေဆးေက်ာ္ႀကီး၊ အေၾကာတစ္ေထာင္ပင္(သို႔) ဘားေၾကာပင္
Item Name —– Cart-Track plant (အေၾကာတစ္ေထာင္ပင္ ေခၚဘားေၾကာပင္ေခၚ ေဆးေက်ာ္ႀကီးပင္)
Category —– Raw Material
Botany Term —– Plantago major Linn
Species Family — Plantaginaceae
အလြန္ေအး၍ ျမင့္မား ေသာ ေတာင္ေပၚ အရပ္ ေဒသ၌သာ ေပါက္ေရာက္သည္။ ျပင္ဦးလြင္ ႏွင့္ အနီး တစ္၀ိုက္ ေဒသမ်ားတြင္ ေတြ႔ရွိရသည္။ သဘာ၀ အေလ်ာက္ ေပါက္ေရာက္၏ ။ အပင္
ေျမ၌ ကပ္ေပါက္သည့္ မိုးသက္ပင္ငယ္ မ်ိဳး ျဖစ္သည္။ အရြက္
အရြက္မ်ား ရြက္ထိပ္၀ိုင္း သို႔မဟုတ္ အနည္းငယ္ ခၽြန္ၿပီး ရြက္ရင္း သြယ္သည္။ ရြက္ၫွာရွည္သည္။ ရြက္နား ေခြးသြား စိပ္ေယာင္ ေယာင္ ရွိ၍ လိႈင္းတြန္႔ အနည္းငယ္ ရွိသည္။ အရြက္ရိုးတံ အရြက္ ရင္းကို ခ်ိဳး၍ ဆြဲၾကည့္ေသာ္ ၾကက္ေပါင္း ေစးကဲ့သို႔ လည္းေကာင္း ၊ ခ်ည္မွ်င္ကေလးမ်ား ကဲ့သို႔ လည္းေကာင္း ေသးငယ္၍ ျဖဴေသာ အမွ်င္ ကေလးမ်ား ျဖစ္ေပၚ လာသည္။
အပြင့္
ပြင့္ၫွာတံ လံုးၿပီး အုန္းလက္တံ ခန္႔ ရွိသည္။ အလ်ား ၇-၈ လက္မထိ ရွည္သည္။ ပြင့္ၫွာတံ ၏ ၃ ပံု ၂ ပံု ခန္႔ ထိ ေသးငယ္ေသာ အပြင့္မ်ား စီတန္း လ်က္ ပြင့္သည္။ ပြင့္တံကိုင္း ၄-၇ ထိ ထြက္၏ ။
အသီး
အေစ့မ်ား အလြန္ေသးငယ္ ၿပီး ခၽြဲကပ္ေစးထန္ ၏ ။
► အသံုး၀င္ပံု
အရြက္၊ ပဥၥငါးပါး ၊ အျမစ္။
အာနိသင္
ျမန္မာ ေဆးက်မ္းမ်ား အလိုအရ အရြက္သည္ ေအး၏ ၊ ဆီးရႊင္ေစ၏ ၊ အပင္သည္ အဆစ္အဆက္ ေရာင္ရမ္း ကိုက္ခဲျခင္း ၊ ၀မ္းတြင္း၌ ရစ္ျခင္း ၊ နာက်င္ကိုက္ခဲျခင္း တို႔ကို ေပ်ာက္ရန္ အတြင္းေဆး ၊ အျပင္ေဆး အျဖစ္ သံုးႏိုင္သည္။ အားတိုးေဆး အျဖစ္လည္း မ်ားစြာ အသံုးျပဳ ရ၏။
► အရြက္အသံုးျပဳပံု
၁ ။ပ်ား ၊ ပဆုပ္ ပနီ ၊နဂ်ီ စသည့္ အဆိပ္ရွိ သည့္ သတၱ၀ါ မ်ား တုပ္ျခင္း ကိုက္ျခင္း ႏွင့္ အျခား အဆိပ္သင့္ေသာ ေရာဂါ မ်ား အတြက္ အရြက္ အစိမ္းကို ညက္ညက္ ႀကိတ္၍ ကိုက္ေသာ ဒဏ္ရာ မ်ား ၌ လိမ္းေပးျခင္း ၊ အံုကပ္ေပးျခင္းျဖင့္ အဆိပ္မ်ား ျမန္စြာ ေျပေပ်ာက္၏ ။ အနာမ်ားမွ လည္းေကာင္း ၊ ထိခိုက္ရွနာ ေသာ ဒဏ္ရာမ်ား မွလည္းေကာင္း ၊ ေသြးစိမ္းမ်ား ယိုေသာအခါ ၌ အထက္ပါ အတိုင္း ျပဳလုပ္ေပး ျခင္းျဖင့္ ေသြးယိုစီးျခင္း ကို ရပ္တန႔္ေစ၏။
၂ ။ အရြက္ျပဳတ္၍ ဖန္ရည္ေဆးေပးပါက အနာမ်ား ျပည္ပုပ္ ေသြးပုပ္ စင္ၾကယ္၍ အသားႏု တက္လြယ္ေစ၏။
၃ ။ ခံတြင္း၌ ပူေလာင္ေပါက္ကြဲ ျခင္း၊ အပူဖုအပူ အိတ္ မ်ား ေပါက္ျခင္း ၊ လွ်ာကြဲလွ်ာနာ ျဖစ္ျခင္း ၊ သြားကိုက္သြားနာ ၊ သြားဖံုးေရာင္ျခင္း၊ သြားရင္းမွ ျပည္ေသြးမ်ား ယိုစီးျခင္း ၊ ေရစီး ကမ္းၿပိဳျဖစ္ျခင္းမ်ား အတြက္ အရြက္ျပဳတ္ရည္ ကို ခပ္ေႏြးေႏြး ငံုေပးေသာ္ ေပ်ာက္၏။
၄ ။ အရြက္ႀကိတ္ၫွစ္ရည္ကို နားတြင္းသို႔ တစ္ေန႔ ၂ ႀကိမ္ ၃ ႀကိမ္ မွ် ခတ္ေပးေသာ္ နားကိုက္နားျပည္ ယို ေရာဂါ ေပ်ာက္၏။
၅ ။ ၎ ႀကိတ္ၫွစ္ရည္ကို ရက္ရွည္စြဲ ေသာက္ေသာ္ ငွက္ဖ်ား ေရာဂါ အျမစ္ျပတ္၏။
၆ ။ အရြက္ကို က်က္က်က္ ျပဳတ္၍ တစ္ေန႔ ၂ ႀကိမ္ မွ် ၎ ျပဳတ္ရည္ အခိုး အေငြ႔ မိႈင္းခံ ျခင္း ျဖင့္ မိန္းမမ်ား မီးယပ္ျဖဴ ဆင္းျခင္း ၊ က်ားမ မေရြး ေညာင္းက်ျခင္း ၊ လိပ္ေခါင္း ေရာဂါ ျဖစ္ျခင္းႏွင့္ ေဖာေရာင္ျခင္း ေပ်ာက္၏။
၇ ။အရြက္ ကို မီးကင္၍ တစ္ေန႔ ၂ ႀကိမ္မွ် ကပ္ေပးေသာ္ စူးေနေသာ ဆူးမ်ား အလိုအေလ်ာက္ ကၽြတ္ထြက္ ၏ ။ မက်က္ႏိုင္ေသာ အနာ မ်ားလည္း အျမန္က်က္၍ ေပ်ာက္လြယ္၏။
၈ ။ အရြက္ျပဳတ္ရည္ ကို သၾကားသင့္ရံု ထည့္ေသာက္ပါက ဆီးပူျခင္း၊ နီျခင္း ၊ ဆီးနည္းျခင္း ၊ မိတ္ထြက္ျခင္း ၊ အနာမီး အနာလွ်ံ အနာစက္ မ်ား ေပါက္ျခင္းႏွင့္ ၀မ္းတြင္း၌ အပူအားႀကီး ျခင္းမ်ား ေပ်ာက္၏။
► ပဥၥငါးပါးအသံုးျပဳပံု
၁ ။ ပဥၥငါးပါးကို ေရႏွင့္ က်ိဳ၍ မွန္မွန္ ေသာက္ေသာ္ ဆီးခ်ိဳ ေရာဂါ ေပ်ာက္၏။
၂ ။ အဆုတ္ေရာဂါ အတြက္ ပဥၥငါးပါး ႀကိတ္ၫွစ္ ရည္ကို နံနက္ မွန္မွန္ ေသာက္ေသာ္ ေပ်ာက္၏။
► အျမစ္အသံုးျပဳပံု
၁ ။ နာတာရွည္ အဖ်ား ၊ ရက္ျခား ဖ်ား ေရာဂါမ်ားအတြက္ အရြက္ ႏွင့္အျမစ္ကို ျပဳတ္ေသာက္ေသာ္ အဖ်ားေပ်ာက္၏။
ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား
Unicodeဖြင့်ဖတ်ရန်
ကျွန်တော်သည်ခြေလက်ထုံကြင်သောရောဂါဖြစ်ခဲ့ပါသည်။ နားလည်သောသူများကဆေးလိပ်အလွန်အကျွံသောက်သောကြောင့် သွေးကြောပိတ်ချင်သည်ဟုပြောပါသည်။
ဆောင်းရာသီတွင်ပို၍ဆိုးရွားပါသည်။ လိမ်းဆေးများလိမ်းသော်လည်း မပျောက်ပါ။
အကြောတစ်ထောင်ရွက်ကိုတစ်ခါစားတစ်ရွက် တစ်နေ့နှစ်ကြိမ် ဒီတိုင်းဝါးစားသောအခါ အံ့သြစရာကောင်းအောင်ရက်ပိုင်းအတွင်း ပျောက်ကင်းသွားပါသည်။
ယခုဆိုလျှင် ၂ နှစ်ကျော်ခန့်ရှိပါပြီး။ ထပ်မဖြစ်တော့ပါ။ ထိုအရွက်ကိုတစ်ကြိမ်ထဲတွင်များများစား၍မရဟု တတ်ကျွမ်းသော ဆရာများကပြောပါသည်။ လူအပေါင်းတို့၏အကျိုးကိုမျှော်ကိုး၍တင်ပြလိုက်ပါသည် ။
ကျန်းမာချမ်းသာကြပါစေ။
Soe Mg Mg Soung
ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင်(သို့) ဘားကြောပင်
Item Name —– Cart-Track plant (အကြောတစ်ထောင်ပင် ခေါ်ဘားကြောပင်ခေါ် ဆေးကျော်ကြီးပင်)
Category —– Raw Material
Botany Term —– Plantago major Linn
Species Family — Plantaginaceae
အလွန်အေး၍ မြင့်မား သော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင် နှင့် အနီး တစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာ၀ အလျောက် ပေါက်ရောက်၏ ။ အပင်
မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ် မျိုး ဖြစ်သည်။ အရွက်
အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွား စိပ်ယောင် ယောင် ရှိ၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ အရွက်ရိုးတံ အရွက် ရင်းကို ချိုး၍ ဆွဲကြည့်သော် ကြက်ပေါင်း စေးကဲ့သို့ လည်းကောင်း ၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင် ကလေးများ ဖြစ်ပေါ် လာသည်။
အပွင့်
ပွင့်ညှာတံ လုံးပြီး အုန်းလက်တံ ခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့် ထိ သေးငယ်သော အပွင့်များ စီတန်း လျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏ ။ အသီး
အစေ့များ အလွန်သေးငယ် ပြီး ချွဲကပ်စေးထန် ၏ ။
► အသုံးဝင်ပုံ
အရွက်၊ ပဉ္စငါးပါး ၊ အမြစ်။
အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏ ၊ ဆီးရွှင်စေ၏ ၊ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း ၊ ဝမ်းတွင်း၌ ရစ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း တို့ကို ပျောက်ရန် အတွင်းဆေး ၊ အပြင်ဆေး အဖြစ် သုံးနိုင်သည်။ အားတိုးဆေး အဖြစ်လည်း များစွာ အသုံးပြု ရ၏။
► အရွက်အသုံးပြုပုံ
၁ ။ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တဝါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။
၂ ။ အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။
၃ ။ ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။
၄ ။ အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။
၅ ။ ၎င်း ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။
၆ ။ အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံ ခြင်း ဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။
၇ ။အရွက် ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက် ၏ ။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။
၈ ။ အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။
► ပဉ္စငါးပါးအသုံးပြုပုံ
၁ ။ ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။
၂ ။ အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။
► အမြစ်အသုံးပြုပုံ
၁ ။ နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။
မြန်မာ့ဆေးဖက်ဝင်အပင်များ