You are here
Home > KNOWLEDGE > ဆုအလီလီရရှိနေပြီဖြစ်သည့် မြန်မာ့ကြက်တောင်မယ်သက်ထားသူဇာရဲ့အကြောင်း

ဆုအလီလီရရှိနေပြီဖြစ်သည့် မြန်မာ့ကြက်တောင်မယ်သက်ထားသူဇာရဲ့အကြောင်း

မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်မယ်လေး သက်ထားသူဇာ ဟာဆိုရင် ၂၀၂၀ အိုလံပစ် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားပြီး

အမှတ်စုဆောင်းနေသူလေး တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ ယှဉ်ပြိုင်သမျှ ပွဲစဉ်တွေမှာ ဆီမီးဖိုင်နယ် ၊ ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့ပြီးတော့ နိုင်ငံဂုဏ်ဆောင်နိုင်သူလေး ဖြစ်ပါတယ်။

သူမဟာဆိုရင် ကြက်တောင် အားကစားကို ၇ နှစ်လောက်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မိဘနှစ်ပါးလုံးကလည်း ကြက်တောင် အားကစားသမားဟောင်းေ တွ ဖြစ်တယ်လို့ သိရပါတယ်။ အဖေဖြစ်သူကလည်း ထိုင်းနိုင်ငံအထိ သွားရောက်ယှဉ်ပြိုင်ရတာမျိုး ရှိခဲ့ပြီးတော့ သူမလည်း လိုက်ကြည့်ရင်း ဒီကစားနည်းကို စိတ်ဝင်စားခဲ့တာလို့ ဆိုပါတယ်။

ကက်တောင်မယ်လေး သက်ထားသူဇာဟာ ၂၀၂၀ အိုလံပစ်ပွဲအတွက် အမှတ်စုဆောင်ုးဖိ့ ပွဲစဉ်တွေ လိုက်လံကစားတဲ့ အခါမှာ အခါအားလျှော်စာ မိခင်ပါ
တတ်ပြီးတော့ သူတစ်ယောက်တည်း သွားပြိုင်ရတာတွေလည်း ရှိခဲ့ပါတယ်တဲ့။ သူတစ်ယောက်တည်း ဘယ်သူမှ မပါပဲ နေရေးထိုင်ရေး ၊ စားသောက်ုဖိ့ ယှဉ်ပြိုင်ဖို့ ၊ လေ့ကျင့်ဖို့ ဆိုတာ တကယ်တော့ လွယ်ကူလှတာ မဟုတ်ပါဘူး။ အထူးသဖြင့် နိုင်ငံတော်က ဘာမှ မထောက်ပံ့ပဲ ကိုယ့်စားရိတ်ကိုယ်စားပြီး နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ ကြက်တောင်မယ် တစ်ယောက်အဖို့တော့ ပိုလို့ပင် ခက်ခဲပါလိမ့်မယ်။

အခုတော့ သူမကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၊ အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ဆုတော်ငွေချီးမြှင့်မှုလေးတွေ ရှိလာတော့ သူ့အတွက်ေ ရာ မိဘတွေ အတွက်ပါ အထောက်အကူဖြစ်စေပါတယ်တဲ့။ ပြီးတော့ အခုလို နိုင်ငံအလိုက် ပွဲတွေ သွားရောက်ယှဉ်ပြိုင်တဲ့ အခါမှာလည်း ထောက်ပံ့မှုလေးတွေ

လုပ်ပေးစေချင်တယ်လို့ သူမ က ပြောဆိုလိုက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမကတော့ သူမ ရူးသွပ်တဲ့ ကြက်တောင်မယ် ဘဝကို အကောင်းဆုံး ကြိုးစား
သွားမယ်လို့ ဆိုလာပါတယ်ခင်ဗျာ.။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)
source- VOA

Top
//thaudray.com/4/3018672