
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သဘာဝမင်းသားလို့ပရိသတ်တွေသတ်မှတ်ထားခြင်းခံထားရသူကတော့ သရုပ်ဆောင်မင်းသားလူမင်းပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမကပဲ ဒါရိုက်တာအဖြစ်ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတာပါ။ ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေသူပါ။
လူမင်းကတော့ ပြောင်မြောက်ပီပြင်တဲ့အိုက်တင်အမူအရာတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေရရှိပိုင်ဆိုင်ထားသူပါ။ ဒါ့အပြင် ပရိတ်သတ်ရဲ့ချစ်ခင်မှုတွေနဲ့ ဆယ်စုနှစ် နှစ်စုတိုင်အောင် အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေသူပါ။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခုတင်ထားတာပါ။
” ငါ့ဘဝဟာ ညစ်တွန်း တော့ မဟုတ်ပါလေ. . .( ငယ်မူလေးပြန်လိုက်ရရင်ဖြင့်. . . )ချစ်သူက ဒီလို စပရိုက်တိုက်တော့. . .ကိုကို့ ဘဝ ဟာ . . . ချစ်တွန်း ဖြစ်လေသတည်း ပေါ့ . . .Love you more than i can say. ” ဆိုပြီး ရေးသားထားတာပါ။ ချစ်ဇနီးလေးကတော့ လူမင်းအတွက် နောက်ဆုံးပေါ် Iphone လက်ဆောင်ပေးခဲ့တာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Photo Credit- Ayarwady Lu Min’s Facebook and Amazing Grace Photography