You are here
Home > Facebook သတင်းစုံ > ရေးမြို့က လူသတ်​မှု ဆိုတာ (၁၄) နှစ်​အရွယ်​ ကောင်​မလေး တစ်​ယောက်​ တဏှာရူးထသူ ရဲ့ လက်​ချက် ​နဲ့ သေရတဲ့ဖြစ်​ရပ်​ပါ

ရေးမြို့က လူသတ်​မှု ဆိုတာ (၁၄) နှစ်​အရွယ်​ ကောင်​မလေး တစ်​ယောက်​ တဏှာရူးထသူ ရဲ့ လက်​ချက် ​နဲ့ သေရတဲ့ဖြစ်​ရပ်​ပါ

ရေးမြို့က လူသတ်​မှုဆိုတာ ၁၄နှစ်​အရွယ်​ကောင်​မလေး တစ်​ယောက်​ တဏှာရူးထသူ ရဲ့ လက်​ချက်​နဲ့ သေရတဲ့ဖြစ်​ရပ်​ကိုပြောတာပါ

အမှုမှာ၃၀.၈.၂၀၁၉ရက်နေ့နံနက်(၈)နာရီ အချိန်၌ မွန်ပြည်နယ်၊ရေးမြို့မရဲစခန်းတွင် ဒုရဲမှုးဝင်းမြင့် တာဝန်ထမ်းဆောင်နေစဉ် ဒေါ်သန်းချိုသည် ၂၀၁၉ ရက်နေ့ နံနက် ၀၈၀၀ အချိန်ခန့် ခင်ပွန်းဖြစ်သူနှင့် အတူနေအိမ်၌ရှိနေစဉ် ခဲအိုဖြစ်သူ ကိုမျိုးနိုင်ရောက်ရှိလာပြီး ကိုမျိုးနိုင်မှ ၎င်း၏ခြံတွင် ကွမ်းသီးကောက်ရန်အတွက် အသက်(၁၄) နှစ်ခန့်ရှိ သမီးဖြစ်သူ ရာသက်ပန်အား လာရောက်ခေါ်ဆောင် သဖြင့် ထည့်ပေးလိုက်ပြီး ညနေ (၆)နာရီအချိန်ခန့်တွင်ကိုနိုင်နှင့်အစ်မဖြစ်သူ ဒေါ်သန်းအေးတို့ရောက်ရှိလာပြီး သမီးဖြစ်သူ မရာသက်ပန်အားနွား များသိမ်းရန်စေလွှတ်ရာမှ ပျောက်ဆုံးသွားကြောင်း လာရောက်ပြောပြ၍သိရှိခဲ့ရပြီး လိုက်လံရှာဖွေသော်လည်းခြင်းမရှိသဖြင့် ရဲစခန်းတွင်လူပျောက်တိုင်ကြားခဲ့ကြောင်း

ကိုမျိုးနိုင်မှာ လိုက်လံစုံစမ်းရှာဖွေပေးခြင်း မရှိသည့်အပြင် မည်ကဲ့သို့ နောက်ဆုံးဖြစ်​ခဲ့သည်ကိုတိကျစွာ ပြန်လည်ပြောပြနိုင်ခြင်းမရှိသဖြင့် ကိုမျိုးနိုင်သည်မရာသက်ပန်ကို ကွမ်းသီးကောက်ရန်ခေါ်ဆောင်သွားပြီး နောက်ဖျားယောင်းသွေးဆောင်ကာ တစ်နေရာရာ၌ဖွက်သိမ်းခြင်းအတွက် ကိုမျိုးနိုင်ကိုစုံစမ်းဖမ်းဆီးစစ်ဆေး အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ရေးမြို့မရဲစခန်းက(ပ)၂၇၃၈/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၆၈အရ အမှုရေးဖွင့်ပြီးပြစ်မှုကျူးလွန်သူဟုယူဆရသူ

မျိုးနိုင်(၃၃)နှစ်၊ ခြံလုပ် နယ်မြေ (၅၄)၊အစင်ကျရွား ရေးမြို့နယ်နေသူအား ၇.၉ ၂၀၁၉ ရက်နေ့ ၁နာရီ၃၀ အချိန်တွင် အမှုဖြင့်ဖမ်းဆီးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ညို ကြီးကြပ်မှုဖြင့် စခန်းမှူး ဒုရဲမှူး ဝင်းမြင့် ဦးဆောင်၍ အမှုမှ တရားခံ မျိုးနိုင်စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားခံ မျိုးနိုင်မှ အခင်းဖြစ်နေ့က ရာသက်ပန်အား ကွမ်းသီးကောက်ရန် ၎င်းပိုင် အစင်ကျေးရွာ အုပ်စု၊ ချောင်းဝကျေးရွာရှိ ယျာဉ်ခြံအတွင်းသို့ အုပ်ထိန်းသူ မိဘများထံခွင့်တောင်း၍ ခေါ်ဆောင်သွားခဲ့ကြောင်း

ညနေ(၅)နာရီအချိန့်ခန့်တွင် လှန်ထားသော နွားများသိမ်းဆည်းရန် တောအတွင်းသို မရာသက်ပန် အားခေါ်ဆောင်၍ သွားရောက်စဉ်တော အတွင်း၌ မရာသက်ပန်အားရည်းစား စကားပြောရာ မရာသက်ပန်မှ ကြောက်လန့်၍ ထွက်ပြေးသဖြင့် ၎င်းကနောက် မှ လိုက်ပြီး လိုက်ခေါ်ရာ ရာသက်ပန်မှာ ခလုပ်တိုက်လှဲ ကျပြီး ဦးခေါင်းနှင့် ကျောက်ခဲစောင့် မိ၍ သတိလစ်သဖြင့် ၎င်းမှရာသက်ပန်အားပွေ့ချီပြီးရေးမြစ်အတွင်း မျောချခဲ့ကြောင်း စစ်ဆေးရရှိခဲ့သည်

အမှုမှ ပျောက်ဆုံးသူနေသူ မရာသက်ပန်ကို လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၀ ၉- ၂၀၁၉ ရက်နေ့ ညနေ၄နာရီ၀၅မိနစ်အချိန်တွင်ရေးမြို့ ၊သောင်ပြင်ကျေးရွာကမ်းစပ်၌ အလောင်းတစ်လောင်းမြုပ်ထား ရှိကြောင်း သတင်းအရ အမှုကပျောက်ဆုံးသူ မရာသက်ပန် ၏ အလောင်းဟုတ်/မဟုတ် စခန်းမှူး ဒုရဲမှူး ဝင်းမြင့်နှင့်အဖွဲ့မှ သွားရောက် ကတည်ပြုဆောင်ရွက်ခဲ့ရာ ဦးမျိုးကျော်သူနှင့် ဒေါ်သန်းချိုတို့မှ ၄င်းတို့၏ သမီးမရာသက်ပန်ပျောက်ဆုံးနေသဖြင့် ရှာဖွေပေးရန်

၂ .၉.၂၀၁၉ရက်နေ့ ၁၆၀၀အချိန်ခန့်သောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုလေးနေအိမ်သို့ရောက်ရှိလာပြီး အကူညီတောင်းခံသဖြင့်ဦးကိုကိုလေးမှ ရာအိမ်မှူး ဦးမောင်ရိအား သောင်ပြင်ကျေးရွာ အနောက်ဘက်ပင်လယ်ကမ်းစပ်အနီးသို့ ရှာဖွေစေခဲ့ကြောင်းဦးမောင်မှ ပင်လယ်ကမ်းစပ်သံတောင်ကုန်းပေါ်ရှိ သစ်ခိုပင်အနီး၌ သဲများမောက်နေသည်ကို တွေ့ရသဖြင့် သဲများ အနည်းငယ်ယက်ကြည့်ခဲ့ရာ အနှံထွက်လာသဖြင့် အလောင်းတစ်လောင်းမြုပ်ထားသည်ဖြစ်ကြောင်း

အုပ်ချုပ်ရေးမှူးထံသွားရောက်ပြောကြားခဲ့စဉ် အုပ်ချုပ်ရေးမှူးဦးကိုကိုလေးနေအိမ် ၌ သေဆုံးသူ မရာလက်ပန်၏ မိဘများနှင့်တွေ့ရှိသဖြင့် လိုက်လံပြ ခဲ့ရာ ၄င်းနေရာသို့ရောက်ရှိပြီး သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးကျော်မှ ၄င်းမောက်နေသောသဲများအားယက်ပြီးဖယ်ခဲ့ရာ အလောင်းပေါ်လာပြီး ၄င်းဝတ်ဆင်ထားသော အနီရောင် အကျီ'(၁)ထည်နှင့် ပန်းပွင့်ပုံသဏ္ဍာန်နားကပ်(၁)ရံတို့အား တွေ့ရှိသဖြင့်၎င်းပျောက်ဆုံးနေသော သမီးရာသက်ပန်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သဖြင့်

ရာသက်ပန်အလောင်းအား၊ ရေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး မှုခင်းဆေးစာရေးသား၍ ရင်ခွဲစစ်ဆေးရာ အဆုံးသူ မရာသက်ပန်အလေါင်းတွင် ယာဘက်လည်ပင်းအလျား လက်မခန့် အနက်(၁၀)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်နားအောက်ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲဘက်နားအအောက်ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ယာဘက်လည်ပင်းပြတ်ရှဒဏ်ရာနှင့် သွေးကြောပေါက်ကာသွေးထွက်လွန်ပြီး သေဆုံးရခြင်းဖြစ်ကြောင်းပြန်ကြားချက် အရ ပြစ်မှုကျူးလွန်သူမျိုးနိုင်ကိုမူလရေးဖွင့်ထားသောပုဒ်မ၃၆၈မှ၃၀၂လူသတ်မုပြောင်းလဲရေးဖွင့်ကာ ဥပဒေအရတရားစွဲ တင်ပို့မည်ဖြစ်ကြောင်းသိရသည်။

crd : apannpyay

Top
//sotchoum.com/4/3018672