You are here
Home > Horoscope > စက်တင်ဘာလ ၂၃ ရက်နေ့ မှ ၃၀ ရက်နေ့အထိတစ်ပါတ်စာအထူးဟောစာတမ်းဗေဒင်

စက်တင်ဘာလ ၂၃ ရက်နေ့ မှ ၃၀ ရက်နေ့အထိတစ်ပါတ်စာအထူးဟောစာတမ်းဗေဒင်

ဆရာကအညံ့တွေမြင်ရင်ပြောပေးမှာပဲမိတ်ဆွေတို့အတွက်ရှောင်ရန်ဆောင်ရန်သိရတာပေါ့သိပ်ညံ့နေတယ်ဆိုလည်းယတြာလေးတွေပြုလုပ်လိုက်ပါအဆင်ပြေသွားပါလိမ့်မယ်…..
မိတ်ဆွေများအထူးကံကောင်ကြပါစေ…

တနင်္ဂနွေသားသမီးများ

သင်၏အလုပ်အကိုင်မှာကောင်းနေပါတယ် ။
အလုပ်အကိုင်တွေမှာလည်းအနည်းငယ်လွဲချော်မှုလေးတွေဖြစ်ပေါ်တတ်ပါတယ် ။
အလုပ်ကရှေ့သို့မတိုးဘဲဖြစ်နေတတ်တယ် ။စီးပွားရေးကတော့ကောင်းလာမှာပါ။
ဝန်ထမ်းများဖြစ်ပါကအလုပ်တွင်သူတပါးမကောင်းကြံတတ်တယ် သတိထားပါ။

အောက်လက်ငယ်သားကူညီမှုရရှိမည်။
လုပ်ငန်းသစ်လုပ်မည်ဆိုပါကကောင်းပါတယ် သွပ်သံသစ်နှင့်ပတ်သက်သောအလုပ်အကျိုးပေးပါလိမ့်မည်။
ငွေကြေးကံမှာကောင်းနေပါတယ် လာဘ်ရွှင်ပါလိမ့်မည်။
သင်၏ကျန်းမာရေးမှာလည်းကောင်းနေပါသည်။
ပညာရေးကံမှာလည်းကောင်းနေပါသည်။

ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးအဖျက်ပေါ်တတ်ပါတယ် ။
အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးအဆင်ပြေပါလိမ့်မည်။
ပြည်တွင်းပြည်ပခရီးကိစ္စကောင်းပါတယ် အနောက်မြောက်ဘက်ကိုတော့မသွားပါနှင့်ညံ့တတ်ပါတယ် ။
သင်၏ ကံကောင်းသောအရောင်မှာ အ၀ါရောင်ဖြစ်သည်။

ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်တယ် ။
ဇော်စိမ်း(၂၁)ညွန့်အိမ်ဘုရား လှူပြီးမိမိလိုရာဆုတောင်းပါ။
သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

တနင်္လာ သားသမီးများ

သင်၏ အလုပ်အကိုင် မှာ အကောင်းဆုံးအချိန်ကိုရောက်နေပါသည်။
ပစ္စည်းဥစ္စာတွေလည်းဝင်လာမည်။
စီးပွားရေးလည်းတိုးတက်လာပါလိမ့်မည်။
အလုပ်မှာလည်းဘာစိတ်အနှာက်ယှက်မှမရှိဘဲအောင်မြင်ပါလိမ့်မည်။
ကံကောင်တဲ့အချိန်ရောက်ပါပြီသင်လုပ်ချင်တာရဲရဲသာလုပ်ပါအောင်မြင်ပါလိမ့်မည်။

ဝန်ထမ်းများဖြစ်ပါက အလုပ်တွင်ပျော်ရွှင်စရာကောင်းပြီးအားလုံးပြီးပြည့်စုံသလိုဖြစ်နေပါလိမ့်မည်။
အလုပ်နေရာကောင်းတွေလည်းရပါလိမ့်မည်။
လုပ်ငန်းသစ်လုပ်မည်ဆိုပါကကောင်းပါသည်။
တနင်္လာနံနှင့်ပတ်သက်သောအလုပ်တွေအထူးအောင်မြင်ပါလိမ့်မည်။
သင်၏ ငွေကြေးကံမှာ ကောင်းနေပါသည်။ငွေကြေးပူပင်စရာမရှိလောက်အောင်ကောင်းပါသည်။

ရစရာရှိတာတွေလည်းပြန်လည်ရရှိပါလိမ့်မည်။
သင်၏ကျန်းမာရေးကောင်းနေပါသည်။ဦးခေါင်းအနည်းငယ်တော့ကိုက်ခဲတတ်ပါသည်။
ပညာရေး ကံမှာလည်းကောင်းနေပါသည်။သင်ကြိုးစားထားတွေအားလုံအရာထင်လာပါလိမ့်မည်။
ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးအလွန်ပျော်ရွှင်ရပါလိမ့်မည်။

အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးသုခအပြည့်ဝရသောအချိန်ဖြစ်ပါလိမ့်မည်။
ပြည်တွင်းပြည်ပခရီးကိစ္စကောင်းပါသည်။ပျော်ရွှင်စရာကောင်းသောခရီးဖြစ်ပါသည်
သင်၏ ကံကောင်းသောအရောင်မှာအပြာရောင်ဖြစ်သည်။

ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။
ပန်းသီး(၆)လုံးဆွမ်တော်ကပ်လှူ၍မိမိလိုရာဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်ပါသည်။

အင်္ဂါသားသမီးများ

သင်၏အလုပ်အကိုင်မှအကောင်းကြီးမဟုတ်ပေမဲ့အသင့်တင်တော့ကောင်းနေပါသည်။
သင့်ရဲကြိုးစားမှုတွေကတော့အရာထင်လာပါလိမ့်မည်။
ဒီအချိန်မှာအလုပ်ကိုအရင်ထက်ပိုကြိုးစားလျှင်အောင်မြင်မှုတွေရရှိပါလိမ့်မည်။
စီးပွာရေးလည်းကောင်းပါသည်။
သင့်ကိုကူညီမည့်သူတွေလည်းပေါ်လာပါလိမ့်မည်။

ဝန်ထမ်းများဖြစ်ပါကအလုပ်တွင်ရာထူးတိုးတက်တတ်ပါတယ် သို့သော်
မနာလိုတဲ့သူလည်းရှိနေတတ်ပါသင်ဂရုစိုက်ရပါလိမ့်မယ်။
လုပ်ငန်းသစ်လုပ်မည်ဆိုပါကလုပ်ဖြစ်လျှင်သင့်အတွက်အကျိုးပေးသောလုပ်ငန်းဖြစ်ပါလိမ့်မယ်။
ငွေကြေးကံမှာကောင်းနေပါတယ် လာဘ်လာဘတွေလည်းပေါးများသောအချိန်ဖြစ်ပါတယ်။

သင်၏ကျန်းမာရေးကံကတော့ကောင်းနေပါတယ်စိုးရိမ်စရာမရှိပါ။
သင်၏ပညာရေးကံမှာတော့အကောင်းကြီးမဟုတ်ပါသင်ကြိုးစားရပါလိမ့်မယ်
ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးချစ်သူစိတ်ကောက်ခြင်းခံရတတ်သည်။
အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးကောင်းပါသည်။စိုးရိမ်စရာမရှိပါ။

ပြည်တွင်းပြည်ပခရီးကိစ္စကောင်းပါသည်။အနောက်အရပ်ကိုတော့ရှောင်ပါ။
သင်၏ ကံကောင်းသောအရောင်မှာ အနီရောင်ဖြစ်သည်။
ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။
ဒန်းညွန့်(၇)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

ဗုဒ္ဓဟူး သားသမီးများ

သင်အလုပ်အကိုင်မှာညံ့နေပါတယ်
မထင်မှတ်ပဲပြဿနာတွေရင်ဆိုင်ရတတ်တယ် သတိထားပါ။
အလုပ်ကိစ္စတစ်ခုပြီးတစ်ခုစိတ်ညစ်စရာတွေပေါ်နေတတ်ပါတယ်
သူတပါးကဂျောက်တွန်းတတ်တာခံရတတ်တယ် သတိနှင့်နေပါ။

ဖြစ်နိုင်ရင်ဒီအချိန်မှာဘုရားတရားများများလုပ်သင့်ပါတယ်။
ရွှေလည်းထွက်တတ်ပါတယ် မကြာခင်တော့သင့်အလုပ်တွေပြန်လည်ကောင်းမွန်ပါလိမ့်မယ်
ဝန်ထမ်းများဖြစ်ပါအလုပ်တွင်သူတပါးကိစ္စတွေဖြေရှင်းရတတ်ပါတယ် ။
အောက်လက်ငယ်သားကိုစကားပြောရတာလည်းအဆင်မပြေဖြစ်တတ်တယ်
လုပ်ငန်းသစ်လုပ်မည်ဆိုပါကလုံးဝမလုပ်ပါနှင့်ဆုံရှုံးမှုတွေဖြစ်တတ်ပါတယ် ။

သင်၏ငွေကြေးကံမှာငွေအထွက်များ၍စိတ်ညစ်ရတတ်ပါတယ် ။
သင်၏ကျန်းမာရေးမှာအစာအိမ်စာအိမ်ရောဂါဖြစ်တတ်ပါတယ် သတိထားပါ။
သင်၏ပညာရေးကံမှာကောင်းပါသည်။စိတ်တည်ငြိမ်အောင်တော့ထားပါ အဆင်ပြေသွားပါလိမ့်မည်။
ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးစကားပြောရတာအဆင်မပြေတတ်ပါ။

အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်ပါတယ် ။
ပြည်တွင်းပြည်ပခရီးကိစ္စပေါ်လျှင်လည်းအလွန်ပင်ကောင်းသောအရီးစဉ်ဖြစ်ပါတယ် ။
အရှေ့တောင်အရပ်ကိုရှောင်ပါ။

သင်၏ ကံကောင်းသောအရောင်မှာအစိမ်းရောင်ဖြစ်ပါတယ် ။
ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်ပါတယ် ။
ယပ်(၁၇)ချောင်းအိမ်ဘုရားလှူ၍မိမိလိုရာဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

ကြာသပတေးသားသမီးများ

သင်၏အလုပ်အကိုင်မှာကောင်းနေပါသည်။
ဒီအချိန်မှာလုပ်ငန်းတွေလည်းအောင်မြင်မှုရရှိမယ်။
အလုပ်တွင်လည်းအဆင်ပြေချောမွေ့မှုတွေဖြစ်ပေါ်စေ ပါတယ် ။
မိတ်ဆွေအပေါင်းသင်းကောင်းအဆက်သွယ်ကောင်းတွေလည်းရရှိပါလိမ့်မည်။

စီးပွားတက်ခြင်းတွေလည်းကြုံတွေ့ရတတ်တယ် ။
ဝန်ထမ်းများဖြစ်ပါကအလုပ်အရှိန်အ၀ါတွေတိုးတက်လာပါလိမ့်မယ် ။
ရာထူးတိုးခြင်းတွေလည်းကြုံတွေ့ရတတ်ပါတယ် ။
လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါကအလွန်ကောင်းပါသည်။

လုပ်ဖြစ်အောင်လုပ်ပါအကျိုးပေးပါလိမ့်မည်။
သင်၏ငွေကြေးကံမှာကောင်းနေပါတယ် လာဘ်လာဘပေါးများသောအချိန်ဖြစ်ပါတယ် ။
ပညာရေးလည်းကောင်းပါတယ် အောင်မြင်မှု့တွေလည်းရရှိပါလိမ့်မည်။
သင်၏ကျန်းမာရေးကံမှာဘားမှစိုးရိမ်စရာမရှိပဲကောင်းနေပါသည်။
ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးအဆင်ပြေချောမွေ့ပါလိမ့်မည်။

အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးကောင်းပါတယ်
ပြည်တွင်းပြည်ပခရီးကိစ္စပျော်ရွှင်စရာကောင်းပါလိမ့်မည်။သွားဖြစ်အောင်သွားပါ ။
သင်၏ ကံကောင်းသောအရောင်မှာ ရွှေရောင်ဖြစ်တယ် ။
ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။

သစ္စာပန်း(၉)ပွင့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။
သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

သောကြာ သားသမီးများ

သင်၏အလုပ်အကိုင်မှာသိပ်အကောင်းကြီးတော့မဟုတ်ပါ အနည်းငယ်ညံ့နေပါတယ်
အလုပ်အကိုင်တွေအနည်းငယ်လွဲချော်မှုတွေဖြစ်တတ်ပါတယ်။
လုပ်ငန်းအခြေအနေကလည်းဆုတ်ယုတ်မှုတွေဖြစ်ပေါ်တတ်ပါသည်။
အမွေကိစ္စ၊မြေကိစ္စတွေလည်းစကားပြောရတတ်တယ် ယခုအချိန်မှာမပြောပါနှင့်ညံ့နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်သည်အိမ်တွင်ညအိပ်ညနေလက်မခံပါနှင့်အလွန်ကိုညံ့သွားတတ်ပါတယ် ။
ဝန်ထမ်းများဖြစ်ပါကအလုပ်တွင်စိတ်ပင်ပန်းမှုတွေဖြစ်ပေါ်နေတတ်ပါတယ် ။
လုပ်ငန်းသစ်လုပ်မည်ဆိုပါကညံ့နေပါသည်။
ငွေကြေးကံမှာအနည်းငယ်သာဝင်၍အထွက်များနေတတ်ပါတယ် ။

သင်၏ကျန်းမာရေးကံမှာခေါက်ကိုက်ခေါင်းမူးဝေဒနာတော့ခံစားရတတ်ပါတယ်။
ပညာရေးမှာတော့အသင့်သင့်ကောင်းနေပါတယ်။
ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးစိတ်အနှောက်အယှက်ပေါ်တတ်ပါ တယ်

အိမ်ထောင်ရှင်များဖြစ်ပါကအိမ်တွင်ရေးပူပင်သောကရောက်ရတတ်ပါတယ် ။ပြည်တွင်းပြည်ပခရီးကိစ္စကောင်းပြီး ဘုရာဖူးခရီးသွားဖြစ်လျှင်သင့်အညံ့တွေအားလုံးပြေပျောက်သွားပါလိမ့်မည်။

သင်၏ ကံကောင်းသောအရောင်မှာ အညိုရောင်ဖြစ်သည်။
ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။
သြဇာညွန့်(၁၀)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

စနေသားသမီးများ

အလုပ်အကိုင်မှာမကောင်းပါ။
အလုပ်ကိစ္စဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်ပါတယ် ။
အလုပ်မှာလည်းကိုယ်ပြောသလိုမဖြစ်၍စိတ်ညစ်ရတတ်တယ် ။

မိတ်ဆွေကလည်းကူညီမလိုနှင့်ဒုက္ခပေးတတ်ပါတယ် ။
သင့်ရဲ့ကံတရားအနည်းငယ်ညံ့နေ၍ဒီအချိန်မှာသူတပါကိစ္စအာမခံမပေးပါနှင့်ပြဿနာပေါ်တတ်တယ် ။
ဝန်ထမ်းများ ဖြစ်ပါက မထင်မှတ်ထားသောပြဿနာလေးတွေဝင်လာတတ်တယ် ။
ကိုယ်ယုံကြည်ရတဲ့သူကလည်းသစ္စာဖောက်တတတယ် သတိထားပါ။

လုပ်ငန်းသစ်လုပ်မည်ဆိုပါကကောင်းပါတယ် ။စပ်တူလုပ်ငန်းတော့မလုပ်ပါနှင့်ဆုံးရှုံးမှုတွေပေါ်လိမ့်မည်။
သင်၏ ငွေကြေးကံမှာအနည်းငယ်လာဘ်ပိတ်နေမည်။
သင်၏ ကျန်းမာရေးမှာရင်ဘတ်အောင့်သောရောဂါဖြစ်တတ်ပါတယ် စိုးရိမ်စရာတော့မရှိပါ။

ယခုအပါတ်အတွင်းသင်သည်ပညာရေးကတော့အသင့်တင့်တော့ကောင်းနေပါတယ် ။
ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေး ချစ်သူနှင့်စကားများရတတ်ပါတယ် ။
အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးအထင်လွဲမှားမှုတွေဖြစ်ပေါ်တတ်ပါတယ် ။
ပြည်တွင်းပြည်ပခရီးကိစ္စကောင်းပါတယ် အနောက်တောင်ဒေါင့်အရမ်းကိုတော့ရှောင်ပါ။

သင်၏ကံကောင်းသောအရောင်မှာနီညိုရောင် ဖြစ်ပါတယ် ။
ယခုအပါတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်တယ်။
ကုက္ကားအလက်(၂၀) အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့ သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

Top
//itespurrom.com/4/3018672