႐ုပ္ရွင္ဇာတ္ကားႀကီး ေလးကားကို လက္လႊတ္လိုက္တဲ့အေၾကာင္း ေျပာျပလာတဲ့ ေအာင္ရဲလင္း

အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းကို ႏွစ္ရွည္လမ်ား သိမ္းပိုက္ထားႏိုင္တဲ့ ရုပ္ရွင္နဲ႕ ဗီဒီယိုသရုပ္ေဆာင္ ေအာင္ရဲလင္း က ရုပ္ရွင္ကားေတြ မ်ားစြာရိုက္ကူးထားသလုိ မၾကာခင္မွာ ရံုတင္ျပသမယ့္ကားေတြလဲ မ်ားစြာရွိေနေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။ သူကေအာင္ျမင္ေက်ာ္ၾကားဖို႕ထက္ ပရိသတ္ေတြအတြက္ အေကာင္းဆံုးလုပ္ေဆာင္ သြားဖို႔ ရွိတယ္ လို႔လဲ ေျဖဆိုထားခဲ့ပါတယ္။

သူေျပာခဲ့တာကေတာ့ “ ဒီေခတ္ကေတာ့ ပရိသတ္နဲ႕ အဆက္ျပတ္တယ္မျပတ္ဘူးဆိုတာက ရံုေပၚမွၾကားေရာ က္တယ္မေရာ က္ဘူးဆိုတာထက္ အနီးကပ္ဆံုးဆိုရွယ္မီဒီယာ ရွိေနတာဘဲေလ ေဖ့စ္ဘုတ္ တို႔ အင္စတာဂရမ္တို႔ ရွိေနတာဆိုေတာ့ အဲ့ဒါနဲ႕ဘဲေလာ ေလာဆယ္မွာေတာ့ ဆက္ၿပီးထိန္းထားရတာေပါ့။ ရုပ္ရွင္ကားၾကီးေတြကေတာ့ ရိုက္ကူးထားတဲ့ ကားေတြအမ်ားၾကီးရွိပါတယ္။ ဒီႏွစ္ထဲမွာ လဲရံုတင္မယ္ကားေတြက်န္ပါေသးတယ္ ။ေနာက္ႏွစ္ထဲမွာလဲ တင္ဖို႔ကားေတြက်န္ပါေသးတယ္ဆို ပရိသတ္နဲ႕ အရမ္းေတာ့အဆက္မျပတ္ေလာက္ပါဘူး”

“ Silent အျဖစ္ေနရတာကို သေဘာၾကတယ္ ၊ ေအးေအးေဆးေဆးေနရတာၾကိဳက္တယ္ ကၽြန္ေတာ္ကိုယ္တို င္ကလဲ လုပ္စရာရွိတာကိုလဲ လုပ္တယ္ အေကာင္းဆံုးျဖစ္ေအာင္ ကၽြန္ေတာ့္ပရိသတ္ကိုခ်ျပခ်င္တယ္ ေအာင္ျမင္တာမေအာင္ျမင္တာကို သိပ္အမ်ားၾကီး ကၽြန္ေတာ္မစဥ္းစားပါဘူး။ အဓိကကေတာ့ ကုိယ္လုပ္တဲ့အလုပ္တိုင္းက ေကာင္းဖို႔ဘဲလို႔ ကၽြန္ေတာ္ထင္တယ္ ေအာင္ျမင္မႈထက္ပိုၿပီးေကာင္းေအာင္ဘဲ ၾကိဳးစားပါတယ္” လို႔လဲ ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္ အႏုပညာလႈပ္ရွားမႈနဲ႕ ပတ္သက္ၿပီး “ ရဲႏွစ္ပတ္လည္အတြက္ ရဲကားေလးရိုက္ေနပါတယ္။ ၂၈ ၊ ၂၉ ၊ ၃၀ မွာရုပ္သံလိုင္းေတြအကုန္လံုးကေန ျပမယ့္ကားေပါ့ေနာ္ ရဲႏွစ္ပတ္လည္ ရိုက္ကူးေရးေတြက လက္ခံဖို႔ရွိပါ တယ္။ ကၽြန္ေတာ္ဒီၾကားထဲမရို္က္ျဖစ္လိုက္တဲ့ကားဘဲ ၄ကားေလာက္ရွိတယ္။ ကၽြန္ေတာ္ျငင္းလိုက္တာ ေပါ့ေနာ္။ ကၽြန္ေတာ္ကိုယ္တိုင္လဲသိပ္ၿပီး အဆင္စင့္မျဖစ္ေသးတာလဲ ပါမယ္ေပါ့ေနာ္။ ေနာက္ကားေတြကေတာ့ ဇာတ္ေပၚဘဲ အေျခခံၿပီးေတာ့ဘဲ ေရြးခ်ယ္ၿပီးရိုက္ကူးသြားမွာပါ” လို႔ ဆိုၿပီး ေရးသားခဲ့ပါတယ္။

ဖတ္ရႈ႕ေပးၾကတဲ့ ခ်စ္ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Unicode ျဖင့္ဖတ္ရန္

အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကို နှစ်ရှည်လများ သိမ်းပိုက်ထားနိုင်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အောင်ရဲလင်း က ရုပ်ရှင်ကားတွေ များစွာရိုက်ကူးထားသလို မကြာခင်မှာ ရုံတင်ပြသမယ့်ကားတွေလဲ များစွာရှိနေကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူကအောင်မြင်ကျော်ကြားဖို့ထက် ပရိသတ်တွေအတွက် အကောင်းဆုံးလုပ်ဆောင် သွားဖို့ ရှိတယ် လို့လဲ ဖြေဆိုထားခဲ့ပါတယ်။

သူပြောခဲ့တာကတော့ “ ဒီခေတ်ကတော့ ပရိသတ်နဲ့ အဆက်ပြတ်တယ်မပြတ်ဘူးဆိုတာက ရုံပေါ်မှကြားရော က်တယ်မရော က်ဘူးဆိုတာထက် အနီးကပ်ဆုံးဆိုရှယ်မီဒီယာ ရှိနေတာဘဲလေ ဖေ့စ်ဘုတ် တို့ အင်စတာဂရမ်တို့ ရှိနေတာဆိုတော့ အဲ့ဒါနဲ့ဘဲလော လောဆယ်မှာတော့ ဆက်ပြီးထိန်းထားရတာပေါ့။ ရုပ်ရှင်ကားကြီးတွေကတော့ ရိုက်ကူးထားတဲ့ ကားတွေအများကြီးရှိပါတယ်။ ဒီနှစ်ထဲမှာ လဲရုံတင်မယ်ကားတွေကျန်ပါသေးတယ် ။နောက်နှစ်ထဲမှာလဲ တင်ဖို့ကားတွေကျန်ပါသေးတယ်ဆို ပရိသတ်နဲ့ အရမ်းတော့အဆက်မပြတ်လောက်ပါဘူး”

“ Silent အဖြစ်နေရတာကို သဘောကြတယ် ၊ အေးအေးဆေးဆေးနေရတာကြိုက်တယ် ကျွန်တော်ကိုယ်တို င်ကလဲ လုပ်စရာရှိတာကိုလဲ လုပ်တယ် အကောင်းဆုံးဖြစ်အောင် ကျွန်တော့်ပရိသတ်ကိုချပြချင်တယ် အောင်မြင်တာမအောင်မြင်တာကို သိပ်အများကြီး ကျွန်တော်မစဉ်းစားပါဘူး။ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်တိုင်းက ကောင်းဖို့ဘဲလို့ ကျွန်တော်ထင်တယ် အောင်မြင်မှုထက်ပိုပြီးကောင်းအောင်ဘဲ ကြိုးစားပါတယ်” လို့လဲ ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ ရဲနှစ်ပတ်လည်အတွက် ရဲကားလေးရိုက်နေပါတယ်။ ၂၈ ၊ ၂၉ ၊ ၃၀ မှာရုပ်သံလိုင်းတွေအကုန်လုံးကနေ ပြမယ့်ကားပေါ့နော် ရဲနှစ်ပတ်လည် ရိုက်ကူးရေးတွေက လက်ခံဖို့ရှိပါ တယ်။ ကျွန်တော်ဒီကြားထဲမရိုက်ဖြစ်လိုက်တဲ့ကားဘဲ ၄ကားလောက်ရှိတယ်။ ကျွန်တော်ငြင်းလိုက်တာ ပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လဲသိပ်ပြီး အဆင်စင့်မဖြစ်သေးတာလဲ ပါမယ်ပေါ့နော်။ နောက်ကားတွေကတော့ ဇာတ်ပေါ်ဘဲ အခြေခံပြီးတော့ဘဲ ရွေးချယ်ပြီးရိုက်ကူးသွားမှာပါ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။