You are here
Home > အနုပညာ > ကျောင်းတုန်း က မျက်နှာပြောင်လွန်း လို့ ဒဏ်ပေး ခံရဖူးတယ် ဆိုတဲ့ ရတနာမိုင်

ကျောင်းတုန်း က မျက်နှာပြောင်လွန်း လို့ ဒဏ်ပေး ခံရဖူးတယ် ဆိုတဲ့ ရတနာမိုင်

ပရိသတ်တွေကြားမှာ သီချင်းမြူးမြူလေးတွေ နဲ့ အမြဲတွေ့ရပြီး သီချင်းလေး သီဆိုရင်း အကလေးတွေနဲ့ပါ သရုပ်ဖော်ပြီး ဖျော်ဖြေ တက်တာကြောင့် ချစ်စရာကောင်းတဲ့ အဆိုတော်မလေး မိုင်လေးအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ရတနာမိုင်က ပျော်ပျော်နေတက်သလို သူက သူငယ်ချင်းတွေရဲ့ ပုံတူ ဟန်ပန်လေးတွေကို ချစ်စရာကောင်းအောင် လုပ်ပြတက်တဲ့ သူလေးပါ။ အဲ့လိုတွေလုပ်တက်တဲ့ အကျင့်ကတော့ ကျောင်းသူဘ၀ထဲက ဖြစ်ပြီး သူမကျောင်းသူဘ၀တုန်းက ဒီအကျင့်ကြောင့် ဒဏ်ပေး ခံရဖူးတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ “ ရုပ်တည် နဲ့နောက်တက်တဲ့ အကျင့်ရှိတယ် ၊ ကျောင်းတုန်းကဆိုရင် သူငယ်ချင်းတွေ ရဲ့ပုံစံတူတွေ လုပ်ပြတယ် ဆရာမတွေရဲ့ ပုံစံတူတွေလုပ်ပြတယ်။ ဆရာမ တွေမလာသေးခင်လေးကို အတန်းရှေ့ထွက်ပြီး သူငယ်ချင်းတွေတ၀ါးဝါးနဲ့ ရယ်ကြတယ်။ အဲ့လိုမျိုးပေါ့ ဟာသတွေလုပ်ပြဖြစ်တယ်။ ငယ်ငယ်လေး ထဲက အကျင့်လေးပေါ့နော်။ အရမ်းမျက်ခွက်ပြောင်တဲ့ သူငယ်ချင်း မျိုးပေါ့၊ ကိုယ်မလာရင် သူတို့ပျင်းနေကြတယ် အဲ့လိုမျိုး”

“ ကျောင်းတုန်းက ဒဏ်ပေးခံရဖူးတယ် ခုံပေးတက်ပြီး လက်မြှောက်ထား ဆိုပြီး ဒဏ်ပေးခံရဖူးတယ်။ ၈တန်းနှစ်က တီချယ်က သူ့ပုံစံမျိုးလုပ်ပြလို့ ဆိုပြီး ရတနာမိုင်ခုံပေါ်တက် မတ်တပ်ရပ် လက်မြှောက်ဆိုပြီး ဒဏ်ပေးခံရဖူးတယ်။ အဲ့လောက်ထိ မျက်ခွက်ပြောင်ခဲ့တာပါ” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

ရတနာမိုင်ဟာ သူမရဲ့ သီချင်းလေးတွေ တစ်ပုဒ်ချင်းစီ ထွက်ရှိလာနိုင်ပြီး နောက်ပိုင်း မှာ မေမေမိုင်နဲ့ အတူ မိုင်ရဲ့သီချင်းတွေကိုဘဲ ပြန်လည်သီဆိုထားတဲ့ အခွေထွက်လာဖို့ ရှိတယ်လို့လဲ သူက ပြောပါတယ်။ သူငယ် ငယ်စဉ် ၆တန်းကျောင်းသူဘ၀ထဲက မေမေ့သီချင်းတွေနားထောင်ပြီး ကြီးလာရင် ပြန်ဆိုမယ်ဆိုပြီး သီချင်းတွေရွေးထားဖူးတယ် လို့ပြောပြခဲ့ပါတယ်။ဖတ်ရှု့ပေးကြတဲ့ ချစ် ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

CRD-Momolay

Top
//whoursie.com/4/3018672