
လာမယ့် စက်တင်ဘာလ(၂၄)ရက်နေ့ကတော့ နိုင်ငံကျော်ဟာသသရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သားဖြစ်သူ သရုပ်ဆောင်နေရဲရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။
နေရဲကတော့အဖေဖြစ်သူ ခင်လှိုင်နဲ့အတူ အနုပညာလောကလုပ်ငန်းတွေ တွဲဖက်လုပ်ကိုင်ရင်း အနုပညာ လောကထဲဝင်ရောက်ကာ ရုပ်ရှင်ဇာတ်ကားတွေတောင် စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။မွေးနေ့ရှင်လေးနေရဲကတော့ ဒီနှစ်မွေးနေ့လေးမှာ ချစ်ရတဲ့မိသားစု လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေနဲ့ အတူ နေအိမ်မှာပဲ စတုဒီသာလှူဒါန်းမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှာပဲ ဖြစ်ပါတယ်။
မနှစ်က နေရဲရဲ့ မွေးနေ့ကတော့ မိသားစုတွေသူငယ်ချင်းမိတ်ဆွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကိတ်မုန့်ခွဲခဲ့တဲ့ အပြင်ပိုက်ဆံအထပ်လိုက်ကိုင်ကာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ကစားခဲ့ကြတာတကယ့်ကို ပျော်စရာကောင်းခဲ့ပါတယ်။အမှတ်တရဗီဒီယိုဖိုင်လေးကိုလည်း လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်မွေးနေ့သီချင်းလေးသီဆိုကာ မွေးနေ့ရှင်ပေးတဲ့ မုန့်ဖိုးတွေနဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့မြင်ကွင်းလေးကို မြင်တွေ့ခဲ့ရပါတယ် ။
ဒီနှစ်မွေးနေ့မှာတော့ ” ၂၄.၉.၂၀၁၉ အင်္ဂါ နေ့ ကျွန်တော့်ကိုမွေးတာ ၂၅ နှစ် ပြည့်တဲ့နေ့ ပါ….၂၅နှစ်ပြည့်မွေးနေ့ မင်္ဂလာအဖြစ် စတုဒီသာ ထမင်းနှင့်သီးစုံပဲကုလားဟင်း၊ငါးခြောက်ကြော်၊ဘဲဥဟင်း၊ကြက်သားဟင်း တို့နဲ့ ကျွေးမွေးမှာဖြစ်ပါတယ် မနက်ဖြန် နေ့လည် ၁၁နာရီမှစပြီး မည်သူမဆို လာရောက်သုံးဆောင်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ” ဆိုတဲ့ စာနဲ့အတူ အမှတ် ၁၃/၆ ၊ပေါ်ဆန်းမွှေး ၁လမ်း ၊ သုဝဏ္ဏမှာရှိတဲ့ သူ့ရဲ့နေအိမ်ကိုလူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပရိသတ်တွေအားလုံးကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ် ။
Source – Nay Ye
Molly
Credit – myannewsmedia