You are here
Home > ဗဟုသုတ > ၿမိဳ႕လယ္ေခါင္မွာ ႐ုတ္တရက္ေပၚထြက္လာၿပီး သုံးထပ္စက္႐ုံႀကီးကို ဝါးၿမိဳပစ္လိုက္တဲ့ ေသမင္းတမန္တြင္းနက္ႀကီး

ၿမိဳ႕လယ္ေခါင္မွာ ႐ုတ္တရက္ေပၚထြက္လာၿပီး သုံးထပ္စက္႐ုံႀကီးကို ဝါးၿမိဳပစ္လိုက္တဲ့ ေသမင္းတမန္တြင္းနက္ႀကီး

Zawgyi ျဖင့္ဖတ္ရန္

ဒီတစ္ခါေျပာျပမွာကေတာ့ မေတာ္တဆ ျဖစ္ပြားခဲ့တဲ့ သဘာဝေဘးအႏၲရာယ္ေတြထဲက တစ္ခုျဖစ္ၿပီးေတာ့ လူအေသအေပ်ာက္လည္း မ်ားစြာရွိခဲ့တဲ့ အျဖစ္အပ်က္ဆိုးတစ္ခုအေၾကာင္းပါပဲေနာ္။ ဘာမွမသိလိုက္ေသးခင္အခ်ိန္ေလးမွာပဲ ၿမိဳ႕လယ္ေခါင္ကစက္႐ုံႀကီးတစ္လုံးနဲ႔ လူေတြ ေျမႀကီးေအာက္ထဲအရွင္လတ္လတ္ေရာက္ခဲ့ရေလာက္ေအာင္ထိကို ဆိုး႐ြားခဲ့တာပါ။ ဂြာတီမာလာႏိုင္ငံၿမိဳ႕ေတာ္မွာရွိတဲ့ တြင္းေပါက္ႀကီးတစ္ခုဟာ ၂၀၁၀ ျပည့္ႏွစ္ ေမလမွာ သုံးထပ္စက္႐ုံႀကီးတစ္လုံးကို ဝါးမ်ိဳ ခဲ့ၿပီးေတာ့ လူ ၁၅ ဦးကို ကြယ္လြန္ေစခဲ့တဲ့အျပင္ လူ ၃၀၀ ေက်ာ္ကိုလည္း အႏၲရာယ္နဲ႔ ရင္ဆိုင္ေစခဲ့ပါသတဲ့။

ဒီတြင္းေပါက္ႀကီးဟာ ၆၅ ေပ ေက်ာ္ က်ယ္ဝန္းၿပီးေတာ့ ေပ ၃၀၀ အနက္ရွိပါတယ္ ။ တြင္းေပါက္ႀကီး ၿပိဳက်ခဲ့ရတဲ့အေၾကာင္းကိုေတာ့ အဂါသာ အပူတိုင္းမုန္တိုင္းတိုက္ခတ္မႈ၊ပါကာရာ မီး ေတာင္ေပါက္ကြဲမႈနဲ႔ေျမေအာက္မိလႅာပိုက္မ်ား ယိုစိမ့္မႈေတြေၾကာင့္ျဖစ္တာပါလို႔ ဘူမိဇလေဗဒ ပညာရွင္ေတြက ေျပာၾကားခဲ့ၾကပါတယ္။ ဂြာတီမာလာႏိုင္ငံၿမိဳ႕ေတာ္မွာပဲ၂၀၀၇ ခုႏွစ္က အလားတူ တြင္းေပါက္တစ္ခုၿပိဳက်ခဲ့ၿပီး ေပ ၁၀၀ နက္တဲ့ တြင္းႀကီး တစ္ခု ျဖစ္ေပၚလာခဲ့ပါေသးတယ္။

ေဒသခံေတြဟာ အလားတူ တြင္းေပါက္ႀကီးေတြထပ္ျဖစ္လာမွာကို စိုးရိမ္ခဲ့တာေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ တြင္းေတြထဲကို ႐ႊံ႕ကြန္ကရစ္လိုေခၚတဲ့ ဘိလပ္ေျမ၊ထုံးနဲ႔ေရတို႔ေရာစပ္ထားတဲ့ ေဖ်ာ္ရည္ေတြကို ေလာင္းထည့္ဖို႔ စီစဥ္ခဲ့ၾကပါတယ္။သို႔ေသာ္လည္း ပညာရွင္ေတြက ဘိလပ္ေျမေတြေလာင္းထည့္တာဟာ ေျမေအာက္ေရလမ္းေၾကာင္းကို ေျပာင္းေစႏိုင္ကာ အျခားေနရာေတြမွာပါ တြင္ေပါက္ေတြထပ္မံျဖစ္ေပၚလာႏိုင္ေၾကာင္းသတိေပးခဲ့ၿပီး ေက်ာက္တုံးႀကီးေတြကို အလႊာလိုက္ ထည့္သြင္းသင့္ေၾကာင္းအႀကံလည္းေပးခဲ့ၾကပါတယ္။ ကဲ… ဒီေတာ့ ေနာက္ဆုံးအေနနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုတာ ႀကိဳလည္းမျမင္ႏိုင္သလို ေၾကာက္စရာလည္း ေကာင္းလြန္းတာမို႔ မျဖစ္ခင္ကတည္းက တတ္ႏိုင္သမွ်ႀကိဳတင္ကာကြယ္ႏိုင္ၾကေစဖို႔ အႀကံျပဳလိုက္ပါရေစ ခ်စ္ပရိသတ္တို႔ေရ…

Unicode ျဖင့္ဖတ္ရန္

ဒီတစ်ခါပြောပြမှာကတော့ မတော်တဆ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲက တစ်ခုဖြစ်ပြီးတော့ လူအသေအပျောက်လည်း များစွာရှိခဲ့တဲ့ အဖြစ်အပျက်ဆိုးတစ်ခုအကြောင်းပါပဲနော်။ ဘာမှမသိလိုက်သေးခင်အချိန်လေးမှာပဲ မြို့လယ်ခေါင်ကစက်ရုံကြီးတစ်လုံးနဲ့ လူတွေ မြေကြီးအောက်ထဲအရှင်လတ်လတ်ရောက်ခဲ့ရလောက်အောင်ထိကို ဆိုးရွားခဲ့တာပါ။ ဂွာတီမာလာနိုင်ငံမြို့တော်မှာရှိတဲ့ တွင်းပေါက်ကြီးတစ်ခုဟာ ၂၀၁၀ ပြည့်နှစ် မေလမှာ သုံးထပ်စက်ရုံကြီးတစ်လုံးကို ဝါးမျို ခဲ့ပြီးတော့ လူ ၁၅ ဦးကို ကွယ်လွန်စေခဲ့တဲ့အပြင် လူ ၃၀၀ ကျော်ကိုလည်း အန္တရာယ်နဲ့ ရင်ဆိုင်စေခဲ့ပါသတဲ့။

ဒီတွင်းပေါက်ကြီးဟာ ၆၅ ပေ ကျော် ကျယ်ဝန်းပြီးတော့ ပေ ၃၀၀ အနက်ရှိပါတယ် ။ တွင်းပေါက်ကြီး ပြိုကျခဲ့ရတဲ့အကြောင်းကိုတော့ အဂါသာ အပူတိုင်းမုန်တိုင်းတိုက်ခတ်မှု၊ပါကာရာ မီး တောင်ပေါက်ကွဲမှုနဲ့မြေအောက်မိလ္လာပိုက်များ ယိုစိမ့်မှုတွေကြောင့်ဖြစ်တာပါလို့ ဘူမိဇလဗေဒ ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။ ဂွာတီမာလာနိုင်ငံမြို့တော်မှာပဲ၂၀၀၇ ခုနှစ်က အလားတူ တွင်းပေါက်တစ်ခုပြိုကျခဲ့ပြီး ပေ ၁၀၀ နက်တဲ့ တွင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပါသေးတယ်။

ဒေသခံတွေဟာ အလားတူ တွင်းပေါက်ကြီးတွေထပ်ဖြစ်လာမှာကို စိုးရိမ်ခဲ့တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ တွင်းတွေထဲကို ရွှံ့ကွန်ကရစ်လိုခေါ်တဲ့ ဘိလပ်မြေ၊ထုံးနဲ့ရေတို့ရောစပ်ထားတဲ့ ဖျော်ရည်တွေကို လောင်းထည့်ဖို့ စီစဉ်ခဲ့ကြပါတယ်။သို့သော်လည်း ပညာရှင်တွေက ဘိလပ်မြေတွေလောင်းထည့်တာဟာ မြေအောက်ရေလမ်းကြောင်းကို ပြောင်းစေနိုင်ကာ အခြားနေရာတွေမှာပါ တွင်ပေါက်တွေထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးခဲ့ပြီး ကျောက်တုံးကြီးတွေကို အလွှာလိုက် ထည့်သွင်းသင့်ကြောင်းအကြံလည်းပေးခဲ့ကြပါတယ်။ ကဲ… ဒီတော့ နောက်ဆုံးအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုလည်းမမြင်နိုင်သလို ကြောက်စရာလည်း ကောင်းလွန်းတာမို့ မဖြစ်ခင်ကတည်းက တတ်နိုင်သမျှကြိုတင်ကာကွယ်နိုင်ကြစေဖို့ အကြံပြုလိုက်ပါရစေ ချစ်ပရိသတ်တို့ရေ…

Source : ေမာင္ သာ ေရွးေဟာင္းသုေတသန

Top
//thaudray.com/4/3018672