You are here
Home > Health > “ဘီပုိး၊ စီပုိး၊ ကင္ဆာ၊ ႏွလံုးေသြးေၾကာက်ဥ္း၊ အသည္းေျခာက္ ေရာဂါသမားမ်ားအတြက္ သတင္းေကာင္းေလး မွ်ေ၀ေပးလိုက္ပါတယ္”

“ဘီပုိး၊ စီပုိး၊ ကင္ဆာ၊ ႏွလံုးေသြးေၾကာက်ဥ္း၊ အသည္းေျခာက္ ေရာဂါသမားမ်ားအတြက္ သတင္းေကာင္းေလး မွ်ေ၀ေပးလိုက္ပါတယ္”

ဘီပုိး စီပုိ္း ကင္ဆာ ႏွလံုးေသြးေၾကက်ဥ္း အသည္းေျခာက္ ေရာဂါေတြဟာ ကမၻာ့လူသားမ်ား၏ က်န္းမာေရးကုိ ၿခိမ္းေျခာက္ေနတဲ့ ေရာဂါဆုိးျဖစ္ေနတယ္။ လူသားသန္းေပါင္းမ်ားစြာလည္း ဒီေရာဂါေတြေၾကာင့္ ႏွစ္စဥ္သန္းခ်ီၿပီး အသက္ဆံုးရႈံးေနခဲ့ၾကတယ္။

အနာသိလွ်င္ ေဆးရွိ၏ ဆုိတဲ့အတုိင္း ဖတ္ရႈေလ့လာသမွ် လူထုအက်ဳိးျပဳအျဖစ္ အစြမ္းထက္တဲ့ ဣႆရမူလီ ႏြယ္ပင္အေၾကာင္းကုိ ျပန္လည္ဆန္းစစ္ တင္ျပပါရေစ။

လြန္ခဲ့တဲ့ ၄ ႏွစ္ ၅ ႏွစ္ခန္႔က စာေရးသူက “ဘီပုိးႏိုင္တဲ့ေဆး” ဆုိၿပီး အင္တာနက္မွာ တင္ထားခဲ့ဖူးတယ္။ ဘီပုိးေရာဂါေဝဒနာရွင္ ေဒၚနန္းဖိန္းေအာင္ အေၾကာင္းပါ။ ေဒၚနန္းဖိန္းေအာင္က ဘီပုိး၊ စီပုိးလည္း ရွိတယ္။ ေနာက္ၿပီးအမ်ဳိးသမီးနဲ႔ ဆုိင္တဲ့ (သားအိမ္နဲ႔ႏုိ႔) အႀကိတ္ ကင္ဆာလည္းျဖစ္ေသးတယ္။

သူမစိတ္ဓါတ္က်ၿပီး မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနခ်ိန္ မႏၲေလး၊ စက္မႈေန နန္းေမြေဖာင္ရဲ႕ ဖခင္ ဦးအုိက္ရီနဲ႔ေတြ႕ၿပီး အနာရွိလ်င္ ေဆးရွိေၾကာင္း အမ်ဳိးျဖစ္တဲ့ လားရႈိး ရပ္ကြက္ ၆ ေန ေဒၚေရႊေက်ာင္းအိမ္မွာ သြားေနေစကာ ဣႆရမူလီရြက္ကုိ ေန႔တုိင္း တစ္ေန႔ သံုးေလးရြက္ေလာက္ အစိမ္းလုိက္ ဝါးစားခုိင္းတယ္။ ဒီလုိနဲ႔ ေနာက္တစ္ႏွစ္ ေဆးသြားစစ္ၾကည့္ေတာ့ ဘီပုိး စီပုိးနဲ႔ သူမရဲ႕ အႀကိတ္ကင္ဆာလည္း လံုးဝေပ်ာက္သြားတာေတြ႕ရတယ္။ အခုတုိင္ သူမက ဝဝျဖဳိးၿဖိဳးက်န္းက်န္းမာမာ ၿပံဳးၿပံဳးရႊင္ပဲ။ ယခုသူမ (၃၇ လမ္း၊ အလယ္ဘေလာက္၊ ရန္ကုန္)ေနပါတယ္။

ဣႆရမူလီဟာ ဘီပုိးစီပုိးအျပင္ ကင္ဆာပုိး၊ ကင္ဆာအမ်ဳိးမ်ဳိးကုိလည္း ဣႆရမူလီက ေကာင္းစြာတားဆီး သုတ္သင္ႏုိင္ေၾကာင္း သိရပါတယ္။

ဣႆရမူလီ အရြက္ အပြင့္ အပင္ အသီးႏွင့္ ဘီပုိး၊ စီပုိး ကင္ဆာေပ်ာက္ကင္းသူ ေဒၚနန္းဖိန္းေအာင္ (လားရႈိး) ရပ္ကြက္ (၆) ေဒၚေရႊေက်ာင္းအိမ္တြင္ ရုိက္ထားသည္။

ဘီပုိး စီပုိး

လူ႔အသည္းကုိ ဒုကၡေပးတဲ့ ဘီပုိးစီပုိးကုိ ဒီဣႆရမူလီက ေကာင္းစြာ တုိက္ဖ်က္ႏုိင္စြမ္းရွိပါတယ္။ ႏိုင္ငံျခားသြားဖုိ႔ ေဆးစစ္မေအာင္တဲ့ လူငယ္လူရြယ္ေတြ တခ်ဳိ႕ဘီပုိးေၾကာင့္ ရည္ရြယ္ခ်က္ေတြ ပ်က္ခဲ့တာလည္းရွိခဲ့တယ္။ ဒါေပမယ့္ ဣႆရမူလီကုိ သံုးစဲြၿပီး ေဆးျပန္စစ္တဲ့အခါ ဘီပုိး ကင္းစင္ၿပီး ႏုိင္ငံျခား ပညာသင္သြားရတဲ့ ကေလးေတြလည္း ရွိခဲ့တယ္။

စီပုိးရွိတဲ့ စာေရးသူရဲ႕ ဒကာတစ္ေယာက္က စီပုိးကုဖုိ႔အတြက္ ထုိင္းနုိင္ငံမွာ ေဆးသြားထုိးတယ္။ စီပုိးေဆးက အားျပင္းလြန္းလုိ႔ ဆံပင္ေတြေတာင္ ကၽြတ္တယ္။ လူလည္း အေတာ္ကုိ ႏႈန္းခ်ိတယ္လုိ႔ ေျပာတယ္။ ေဆးဖုိးကလည္း သိန္း ၂၀/၃၀ မကကုန္မယ္လုိ႔ ေျပာတယ္။ ဒါေတာင္မွ ေရာဂါေပ်ာက္မေပ်ာက္ မေသျခာေသးဘူးတဲ့။ အခ်ိန္လည္း ခန္႔မွန္းလုိ႔ မရေသးဘူးတဲ့။

ဒါေၾကာင့္ က်န္းမာေရးအတြက္ မကုန္သင့္တာေတြ မကုန္ေအာင္ မဆံုးရႈံးသင့္တာေတြ မဆံုးရံႈးေအာင္ ဣႆရမူလီ စတဲ့ ေငြကုန္ေၾကးက်နဲတဲ့ အစြမ္းထက္ တုိင္းရင္းေဆးအေၾကာင္းကုိ သိထားသင့္ပါတယ္။

စီပုိးက အသည္းကုိ လြန္စြာ ထိခုိက္တဲ့ ေရာဂါျဖစ္လုိ႔ အသည္းေျခာက္၊ အသည္းကင္ဆာ အထိ ျဖစ္ေစတယ္။ ဒါေပမယ့္ ဣႆရမူလီေၾကာင့္ အသည္းေျခာက္ျဖစ္သူမ်ား ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါေပ်ာက္ကင္းသြားေၾကာင္း ေစာငုဝါ ေရးသားတဲ့ “ဣႆရမူလီႏြယ္ပင္ ႏွင့္ ကင္ဆာေဘးအႏၲရာယ္ ေလွ်ာ့ခ်ေရးု”စာအုပ္ထဲမွာ ေရာဂါေပ်ာက္သြားသူေတြ အမ်ားႀကီးေတြ႕ခဲ့ရတယ္။

အသည္းကင္ဆာျဖစ္တဲ့ ဆရာႀကီး ဦးစိန္ထြန္းရဲ႕ ဖခင္ႀကီး၊ ႏွလံုးေသြးေၾကာက်ဥ္းျဖစ္တဲ့ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္ေစာႏြဲ႔ အျပင္ ေအအုိင္ဒီအက္စ္ ေ၀ဒနာသည္မ်ားလည္း ဣႆရမူလီက ထိန္းထားႏုိင္ေၾကာင္း သိရပါတယ္။

ဣႆရမူလီအေၾကာင္းလည္း အခု လူသိမ်ားလာတယ္။ အစြမ္းထက္တဲ့ ေဆးတစ္လက္ျဖစ္ေၾကာင္း လည္း ထင္ရွားလာတယ္။ ေစာငုဝါ (ပ်ဥ္းမနား) ေရးတဲ့ “ဣႆရမူလီႏြယ္ပင္ ႏွင့္ ကင္ဆာေဘးအႏၲရာယ္ ေလွ်ာ့ခ်ေရးု” စာအုပ္ေၾကာင့္လည္း ေဆးရဲ႕အာနိသင္ကုိ လူသိမ်ားေစၿပီး ဆရာေစာငုဝါလည္း ေစတနာအျပည့္နဲ႔ လူနာေတြကုိ ကူညီေနတာၾကားသိရလုိ႔ စာေရးသူ ဝမ္းသာမိပါတယ္။ ေဆးပင္ရရွိႏုိင္တဲ့ ေနရာေတြကုိလည္း ညႊန္ျပထားပါတယ္။ ေစာငုဝါ (ပ်ဥ္းမနား) ေရးသာတဲ့ ဣႆရမူလီအေၾကာင္း သိေကာင္းစရာ အႏွစ္ခ်ဳပ္ကုိိ ေကာက္ႏႈတ္တင္ျပလုိပါတယ္။

ဣႆရမူလီအေၾကာင္း သိေကာင္းစရာ အႏွစ္ခ်ဳပ္ ေကာက္ႏႈတ္ခ်က္

ဣႆရမူလီသမုိင္း

ဣႆရမူလီႏြယ္ပင္သည္ ျမန္မာျပည္ေဒသအခ်ဳိ႕ႏွင့္ မုိးနည္းေဒသမ်ားမွာ သဘာဝအတုိင္း ေပါက္ေရာက္ရွင္သန္ ေလ့ရွိ၏။ ယခုအခါ ကခ်င္ျပည္နယ္ႏွင့္ ျမန္ေအာင္ေဒသမ်ားအထိ ေပါက္ေရာက္ရွင္သန္ႏုိင္ေၾကာင္း သိရ၏။

ေရွးအခါက ဣစၧာသယအပင္အျဖစ္ အေမွာင့္ပေယာဂ အကာအကြယ္အျဖစ္ ယူဆစုိက္ေလ့ရွိ၏။ အခ်ဳိ႕က ကေလးေဆးအျဖစ္ႏွင့္ အဂၢိရတ္ လုပ္ငန္းမ်ားအတြက္ စုိက္ၾက၏။

ယခုအခါ ဣႆရမူလီ ေဆးအစြမ္းေၾကာင့္ ယံုၾကည္အားထား၍ ဆႏၵရွိသူမ်ား ဝိုင္းစုိက္လာၾကေလၿပီ။ ထုိ႔ေၾကာင့္ မၾကာေသာကာလတြင္ အလြန္ေငြကုန္၍ အသက္အႏၲရာယ္အထိ ဒုကၡေပးႏုိင္ေသာ ဘီပုိး၊ စီပုိး၊ အသည္းေျခာက္၊ ကင္ဆာႏွင့္ ႏွလံုးေသြးေၾကားက်ဥ္း ေရာဂါမ်ားကုိ ထိေရာက္စြာ ကုသရင္ဆုိင္ႏုိင္မည့္ ဣႆရမူလီအပင္မ်ား ေဒသအႏွံ႔မွာ ရွိလာႏုိင္ေပမည္။ ထုိအခါ ဣႆရမူလီ ေဆးအစြမ္းျဖင့္ အသက္အႏၲရာယ္ကုိ ဒုကၡေပးႏုိင္သည့္ ေၾကာက္စရာေရာဂါေဝဒနာကုိ ရင္ဆုိင္စိန္ေခၚႏုိင္မည္ဟု ယံုၾကည္မိပါ၏။

ဣႆရမူလီအာနိသင္

ခါး၏။ ဖန္၏။ ပူ၏။ လက္ (၂) လံုးခန္႔ အရြက္ကုိ ဝါးစားရံုႏွင့္ အခ်ဳိ႕ေ၀ဒနာရွင္မ်ား ထူးျခားေသာ ေဆးတုန္႔ျပန္မႈ ခံစားရ၏။ လူမွာ အပူသမား အေအးသမားရွိ၏။ အထူးသျဖင့္ အပူသမားမ်ား ေဆးတုန္႔ျပန္မႈ ခံစားရ၏။ ေရရွည္မီွ၀ဲသူမ်ား ေတေဇာဓါတ္စြမ္းအားေၾကာင့္ အလြန္ေအးေသာ ေဆာင္းရာသီမ်ဳိးမွာေတာင္ ေရခ်ဳိးမွ အဆင္ေျပ၏။ ေဒသႏွင့္ အာဟာရေပၚ မူတည္၍ အခ်ဳိ႕အရြက္မ်ားမွာ လက္၀ါးခန္႔၊ ဗာဒံရြက္ခန္႔ႀကီး၏။ ထုိ႔ေၾကာင့္ ဣႆရမူလီအရြက္ကုိ အနည္းဆံုး (အေသးဆံုး) မွ စားသင့္၏။ အဆင္ေျပမွ တုိးစားသင့္၏။

ဣႆရမူလီေဆးအစြမ္း

ဣႆရမူလီအရြက္ ေဆးအစြမ္းျဖင့္ (၁) ဘီပုိး (၂) စီပုိး (၃) အသည္းေျခာက္ (၄) ကင္ဆာ (၅) ႏွလံုးေသြးေၾကာက်ဥ္းေရာဂါမ်ား သက္သာေပ်ာက္ကင္း၏။

မီွ၀ဲစားသံုးပံု

အရြက္ လက္ (၂) လံုးခန္႔ကုိ စတင္၀ါးစား၍ ေရေသာက္ရ၏။ အဆင္ေျပက တုိး၍ ၀ါးစားနုိင္၏။ ေရာဂါေ၀ဒနာေပၚ လုိက္၍ နံနက္၊ ည တစ္ႀကိမ္စီ တစ္ေန႔ (၃) ႀကိမ္ ၀ါးစားၿပီး ေရေသာက္ရ၏။ အရြက္အစုိ လတ္ဆတ္ပါက ပုိေေကာင္း၏။ စစ္မွန္က ပၪၥငါးပါးလံုး ေဆးဖက္၀င္၏။ ပၪၥငါးပါးလံုး အန႔ံအရသာ ေဆးဖက္၀င္မႈ တူညီ၏။

သတိျပဳရန္

ဣႆရမူလီသည္ အပူေဆးျဖစ္၍ အထူးသျဖင့္ အပူသမားမ်ား အနည္းဆံုးမွ စသံုးသင့္၍ တည့္လွ်င္ တုိးစား၍ ရ၏။

ဣႆရမူလီကုိ ေရရွည္သံုးစဲြသူမ်ား ၎၏ အခုိးသတ္ရန္ ႏွမ္းေလွာ္စားေပးရ၏။ ႏွမ္းပ်စ္မုန္႔မ်ား စားေပးရ၏။ အဆင္ေျပလွ်င္ ေရခ်ဳိးေပးရ၏။

ဣႆရမူလီ ေရရွည္သံုးစဲြ၍ ဆံပင္ကၽြတ္သူမ်ား အုန္းဆီးႏွင့္ ႏွမ္းဆီ အနည္းငယ္ထည့္လိမ္းလွ်င္ ေျပ၏။

ဣႆရမူလီႏွင့္ ဆင္တူရုိးမွားအပင္

ဣႆရမူလီအပင္ႏွင့္ ဆင္တူရုိးမွား ႏြယ္ပင္ တစ္မ်ဳိးရွိေန၏။ အလြယ္ျမင္ရံုႏွင့္ လႊဲမွားႏုိင္၏။ ဣႆရမူလီအရြက္ ပံုသဏၭာန္က အညႇာရင္းေသး၍ အဖ်ားႀကီးၿပီး အနည္းငယ္ ခၽြန္၏။ ေဒသႏွင့္ အာဟာရေပၚမူတည္၍ လက္မအရြယ္မွ လက္၀ါးခန္႔ႏွင့္ ဗာဒံရြက္ခန္႔အထိႀကီး၏။

ရြက္လယ္ေၾကာင္း ထင္ရွား၍ ေခ်ာၿပီး အနည္းငယ္ လႈိင္းတြန္႔၏။

ဆင္တူရုိးမွား အပြင့္သည္ ဣႆရမူလီအပြင့္ ပံုသဏၭာႏွင့္ ဆင္ေသာ္လည္း ေသးငယ္၏။ အရြက္သည္ အညႇာရင္းႀကီး၍ အဖ်ားသုိ႔ ရွဴးသြားၿပီး ခၽြန္၏။ အာဟာရေပၚ မူတည္၍ လက္၀ါးခန္႔ထိ ႀကီး၏။ အရြက္၏ ေအာက္ဖက္အေၾကာ အလြန္ထင္ရွား၍ ပြေရာင္းေရာင္းရွိၿပီး အနည္းငယ္ၾကမ္း၏။

ဣႆရမူလီအသီးတုိင္း အတြင္းဖက္သုိ႔ ခ်ဳိင့္၀င္ေနေသာ အေျမႇာင္းပါ၏။ ဆင္တူရုိးမွားအပင္မွ အသီးတုိင္း (၆) ေျမႇာင္း ပါေသာ္လည္း အျပင္သုိ႔ ခံုးထြက္ေနေသာ ေဇာင္း (၆) ခုထင္ရွား၏။

ထုိ႔ေၾကာင့္ ဆင္တူရုိးမွားအပင္၏ ေဆးစြမ္း ရွိမရွိ မသိရေသာ္လည္း ဣႆရမူလီအပင္၏ ေဆြးစြမ္းကုိ မမီ မတူညီႏုိင္ဟု ယံုၾကည္၏။

ဣႆရမူလီ အပင္မ်ား စုိက္ပ်ဳိး ျပဳစုရာတြင္-

ဣႆရမူလီအေစ့မ်ားကုိ အပင္ေဖာက္ရာတြင္ ေႏြကုန္မုိးကူးအခ်ိန္တြင္ အပင္ေပါက္ အေကာင္းဆံုးျဖစ္၏။ အပင္ငယ္မ်ား ႏႈတ္ယူစုိက္ပ်ဳိးရာတြင္ ျပဳစုမႈ ေကာင္းလွ်င္ ရွင္သန္ရံုမက က်န္ခဲ့ေသာ အျမစ္မွာလည္း အပင္ပြားမ်ား ထြက္လာတတ္၏။

ေယဘူယ်အားျဖင့္ ဣႆရမူလီႏြယ္ပင္မ်ားသည္ ေဒသအႏံွ႔မွာ ေပါက္ေရာက္ ရွင္သန္ေလ့ရွိေသာ္လည္း အထူးသျဖင့္ အညာေဒသမ်ားမွာ ပုိမုိျဖစ္ထြန္းေၾကာင္း ေလ့လာသိရွိရပါ၏။ အထက္ပုိင္း ကခ်င္ျပည္နယ္ နမၼားႏွင့္ ေအာက္ပုိင္း ျမန္ေအာင္ေဒသမ်ားအထိ ေပါက္ေရာက္ရွင္သန္ေနပါ၏။ ျမန္ေအာင္ရွိ ဣႆရမူလီအပင္ကုိ ဘုိးဘြားေတြ စုိက္ခဲ့တာ ႏွစ္ေပါင္း (၅၀) ေက်ာ္ထိ ရွိၿပီျဖစ္ေၾကာင္း သိရပါ၏။

ဣႆရမူလီ အပင္ကုိ ဖ်က္ဆီးေလ့ရွိေသာ အဖ်က္ပုိးမ်ား

အပင္ငယ္ ပ်ဳိးပင္ငယ္မ်ားကုိ ခရု၊ ပက္က်မ်ား အမ်ားဆံုး ဖ်က္ဆီးေလ့ရွိ၏။ မုိးကာလ ခရုေပါက္စမ်ားက အပင္ငယ္မ်ားကုိ အမ်ားဆံုး ဖ်က္ဆီးတတ္၏။

ပ်ဳိးပင္မ်ားကုိ ခရု၊ ပက္က်ိႏွင့္ လိပ္ျပာကေပါက္ဖြားေသာ ခူေကာင္တစ္မ်ဳိးက ဖ်က္ဆီးေလ့ရွိ၏။

ပ်ဳိးပင္ငယ္မ်ားမွာ အစုိဓါတ္မ်ားသည့္ အခ်ိန္ အလြန္ေသးငယ္ေသာ ပ်တစ္မ်ဳိးကေရာက္၍ ရိက်ေသဆံုး တတ္၏။

ပ်ဳိးပင္အရြက္မ်ားႏွင့္ ႏြယ္ပင္အရြက္မ်ားကုိ လိပ္ျပာမွ ေပါက္ဖြားေသာ ခူေကာင္ငယ္မ်ားႏွင့္ အေကာင္ႀကီးမ်ား စားေသာက္ဖ်က္ဆီးတတ္၏။ အေကာင္ အေသးအႀကီး အနည္းအမ်ားေပၚ လုိက္၍ ပ်က္စီးဆံုးရံႈးမႈ မ်ားႏုိင္၏။

ဣႆရမူလီႏြယ္ပင္ကုိ အပင္မ်ားေပၚ တင္ထားလွ်င္ ႏြယ္တက္သြား၍ အရြက္ခူးသည့္အခါ ခက္ခဲႏုိင္၏။

ဣႆရမူလီႏြယ္ကုိင္း အဆစ္တုိင္းမွာ ႏြယ္တက္ႏွင့္ အရြက္မ်ား ထြက္၍ ဖူးပြင့္္တတ္၏။ အဆစ္တုိင္းမွ အရြက္မ်ား ခူးယူရာတြင္ အရြက္ကုန္ေအာင္ ခူးယူရာတြင္ (၂-၃) ရြက္ခန္႔ ခ်န္ထားသင့္၏။

စုိက္ပ်ဳိးျပဳစုေသာ အပင္မ်ားမွ အာဟာရေကာင္းလ်င္ (၃-၄) လအတြင္း ဖူးပြင့္သီးတတ္သလုိ မုိးက်လွ်င္လည္း ဖူးပြင့္သီးတတ္၏။ ျပဳစုအား ေကာင္းလွ်င္ တစ္ႏွစ္တြင္ (၂) ႀကိမ္မွ် ဖူးပြင့္သီးတတ္၏။

အဖူးမ်ား ပြင့္၍ ၀တ္မႈန္ကူးၿပီးလွ်င္ ေျမသုိ႔ ေၾကြက်တတ္၏။ ၎အဖူးမ်ားကုိ ေကာက္ယူသန္႔စင္၍ ေဆးအျဖစ္ တုိက္ရုိက္သံုးႏုိင္သလုိ အရိပ္ထဲမွာ အေျခာက္လွမ္း၍ လုိအပ္သလို အသံုးျပဳႏုိင္၏။ အရြက္ကဲ့သုိ႔ ေဆးစြမ္းရွိ၏။ ၎ကုိ ေဆးလံုး ေဆးျပားကဲ့သုိ႔ ငံုထား၍လည္းေကာင္း၊ ၀ါးစား၍ အသံုးျပဳႏုိင္၏။ (၂-၃) ပြင့္သည္ ဣႆရမူလီ အရြက္ေသးတစ္ရြက္နီးပါး အာနိသင္ရွိ၏။

အပြင့္ကုိ ငံုထားရံုႏွင့္ ခံတြင္းရွင္း၍ သလိပ္ေၾက၏။ ေခ်ာင္းးဆုိးကင္း၏။ ရင္ေခ်ာင္၍ သလိပ္ပြမႈ ကင္း၏။ ခံတြင္းလိုက္၏။

ထုိ႔ေၾကာင့္ ဣႆရမူလီႏြယ္ပင္ (သုိ႔မဟုတ္) ကင္္္ဆာေပ်ာက္ေဆးပင္ကုိ ေဒသအလုိက္မွာ ဆႏၵရွိေသာသူမ်ား ၀ုိင္း၀န္းစုိက္ပ်ဳိးၿပီး “လုိအပ္လွ်င္ သံုး၍ ဆႏၵရွိလွ်င္ မွ်ေ၀” ရန္ လႈံ႕ေဆာ္ တုိက္တြႏ္း လုိက္ရပါသည္ . . . ဟု ေစာငု၀ါ (ပ်ဥ္းမနား) က ေရးသားထားပါသည္။

ဣႆရမူလီအသံုး က်ပံုကုိ သိရွိလာသည္ႏွင့္ အမွ် ေနာင္တြင္ အသံုးလည္း မ်ားလာေပမည္။ အသံုးမ်ားလာသည္ႏွင့္ အမွ် အပင္ကုိ မ်ဳိးပြား စုိက္ပ်ဳိးသူလည္း မ်ားစြာ လုိအပ္လွပါတယ္။ ဣႆရမူလီေဆးအကပ်ဳိးကုိ သိရွိလာၾကၿပီး စီးပြားအျဖစ္ စုိက္ပ်ဳိးႏုိင္ၾကပါၿပီ။ ေဆးရြက္တစ္ရြက္ကုိ တခ်ဳိ႕ က်ပ္ငါးရာက်ပ္တစ္ေထာင္ စသျဖင့္ ေရာင္းခ်၀ယ္ယူေနတာကုိလည္း ၾကားသိေနရပါတယ္။ စာေရးသူအေနနဲ႔ေတာ့ စီးပြားျဖစ္ စိုက္ႏုိင္ေလ ပုိေကာင္းေလပါ။

ေနာက္ပုိင္း အဆင့္မီေဆးဝါးအျဖစ္ ထုတ္လုပ္ႏိုင္ခဲ့ရင္ ကမၻာ့လူသားမ်ား ခံစားေနရတဲ့ ေရာဂါေ၀ဒနာဆုိးမ်ားကုိ ဣႆရမူလီနဲ႔ စိန္ေခၚႏုိင္တဲ့အဆင့္အထိ ဆႏၵရွိပါတယ္။ ယခုအခါတခ်ဳိ႕ေရာဂါသည္မ်ားက အလကားရသည့္ ေဆးကုိ တန္ဖုိး မထားတတ္သည့္အျပင္ အထင္လည္း မႀကီးတတ္ၾကေပ။ ေငြေၾကးအကုန္အက်မ်ားမွ ေရာဂါေပ်ာက္မည္ဟု ထင္ၾကသည္။ ဒီဣႆရမူလီကေတာ့ ေဘးထြက္ဆုိးက်ဳိး နည္းပါးပါတယ္။

တန္ေဆး လြန္ေဘးဆုိသလုိ အလြန္အကၽြံမသံုးသင့္ေပ။ ေဆးရြက္ (၂-၃) ရြက္ကုိ မတ္ခြက္ထဲထဲ့ၿပီး လက္ဖက္ရည္ေသာက္သလုိ တစ္ေနကုန္ ေရေႏြးျဖည့္ၿပီး ေသာက္ေသာ္လည္း ေဆးရဲ႕ အခါးဓါတ္က မပ်ယ္ပဲ ရွိေနတယ္။ ေရာဂါကုိ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ တခ်ဳိ႕ လက္ဖက္ရည္အစား ဒီဣႆရမူလီရြက္ကုိပဲ ေသာက္တာလည္း ရွိတယ္

ဣႆရမူလီေဆးအတြက္ စံုစမ္းနုိင္ေသာ ေနရာမ်ား-

ေစာငု၀ါ ပ်ဥ္းမနား

ရဲမွဴးႀကီး ဆရာထက္ေခါင္ ပ်ဥ္းမနား

ျကည့္ျမင္တုိုင္ၿမိဳ႕နယ္၊ရန္ကုန္။ဖုန္း၀၉၂၅၄၀၈၃၂၈၇

ေက်ာင္းအုပ္ဆရာႀကီး ဦးေကာင္းထက္ေအာင္၊ ပညာပန္းတုိင္ေဘာ္ဒါ၊ ပ်ဥ္းမနား

ေခ်ာင္းဦးၿမိဳ႕၊ မအုပ္ေက်ာင္း (စစ္ကုိင္း)

ဦးေကာမလ၊ ေရႊမဂၢင္စာသင္တုိက္၊ မႏၲလာရာျပည့္တုိက္၊ ေအာင္ေျမသာဇံၿမိဳ႕နယ္၊ မႏၲေလးေတာင္ေျခ။

ေဒါက္တာဘဒၵႏၲမုနိကုမာရ၊ ၿမိဳ႕နယ္သံဃနာယကဆရာေတာ္၊ ပ်ဥ္းမနားၿမိဳ႕

ေနျပည္ေတာ္ ေလဆိပ္အနီး၊ တပ္ဦးေက်ာင္း ဆရာေတာ္။

ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္ ေက်ာင္းရြာ

မေကြးတုိင္း၊ ထေနာင္းလွရြာ

ေတာင္တြင္းႀကီး၊ ေဂြးေခ်ာင္းရြာ၊ ေဂြးေခ်ာင္းေက်ာင္း

မံုရြာ၊ အရာေတာ္ၿမိဳ႕နယ္၊ ပါရမီရြာ အနီး ေတာထဲ

ေတာင္သံုးလံုးဆရာေတာ္ဘဒၵႏၲေ၀ပုလႅ၊ ေဇတ၀န္ပရိယတိၱစာသင္တုိက္၊ သာ၀တိၳ၊ လယ္ေ၀းၿမိဳ႕နယ္။

ဦးပါေမာကၡ၊ ေတာင္စြန္းေက်ာင္း၊ အလယ္ေတာရေက်ာင္းတုိက္၊ ဓမၼေစတီလမ္း၊ ဗဟန္း၊ ရန္ကုန္။

ကရင္ေဘာ့က်ဳိက္ေက်ာင္း၊ ဘားအံၿမိဳ႕။

ပံုထဲက အပင္ကုိ ၾကည့္ၿပီး မိမိတုိ႔ နီးစပ္ရာမွာ စံုစမ္းေမးျမန္းႏုိင္ပါေၾကာင္း။ ေဘသဇၨဒါနအျဖစ္ အိမ္တုိင္းမွာ တပုိင္တႏုိင္စုိက္ပ်ဳိးႏိုင္ၾကၿပီး လူထုက်န္းမာေရးအတြက္ အားကုိးႏုိင္ေသာ ေဆးေကာင္းတစ္လက္အေၾကာင္း တင္ျပလုိက္ရပါတယ္။

ေမတၱာျဖင့္

Unicode version

ဘီပိုး၊ စီပိုး၊ ကင်ဆာ၊ နှလုံးသွေးကြောကျဉ်း၊ အသည်းခြောက် ရောဂါများကို ပျောက်ကင်းနိုင်တဲ့ ဆေးကောင်း တစ်လက်

ဘီပိုး စီပို်း ကင်ဆာ နှလုံးသွေးကြေကျဉ်း အသည်းခြောက် ရောဂါတွေဟာ ကမ္ဘာ့လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးဖြစ်နေတယ်။ လူသားသန်းပေါင်းများစွာလည်း ဒီရောဂါတွေကြောင့် နှစ်စဉ်သန်းချီပြီး အသက်ဆုံးရှုံးနေခဲ့ကြတယ်။

အနာသိလျှင် ဆေးရှိ၏ ဆိုတဲ့အတိုင်း ဖတ်ရှုလေ့လာသမျှ လူထုအကျိုးပြုအဖြစ် အစွမ်းထက်တဲ့ ဣဿရမူလီ နွယ်ပင်အကြောင်းကို ပြန်လည်ဆန်းစစ် တင်ပြပါရစေ။

လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်ခန့်က စာရေးသူက “ဘီပိုးနိုင်တဲ့ဆေး” ဆိုပြီး အင်တာနက်မှာ တင်ထားခဲ့ဖူးတယ်။ ဘီပိုးရောဂါဝေဒနာရှင် ဒေါ်နန်းဖိန်းအောင် အကြောင်းပါ။ ဒေါ်နန်းဖိန်းအောင်က ဘီပိုး၊ စီပိုးလည်း ရှိတယ်။ နောက်ပြီးအမျိုးသမီးနဲ့ ဆိုင်တဲ့ (သားအိမ်နဲ့နို့) အကြိတ် ကင်ဆာလည်းဖြစ်သေးတယ်။

သူမစိတ်ဓါတ်ကျပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေချိန် မန္တလေး၊ စက်မှုနေ နန်းမွေဖောင်ရဲ့ ဖခင် ဦးအိုက်ရီနဲ့တွေ့ပြီး အနာရှိလျင် ဆေးရှိကြောင်း အမျိုးဖြစ်တဲ့ လားရှိုး ရပ်ကွက် ၆ နေ ဒေါ်ရွှေကျောင်းအိမ်မှာ သွားနေစေကာ ဣဿရမူလီရွက်ကို နေ့တိုင်း တစ်နေ့ သုံးလေးရွက်လောက် အစိမ်းလိုက် ဝါးစားခိုင်းတယ်။ ဒီလိုနဲ့ နောက်တစ်နှစ် ဆေးသွားစစ်ကြည့်တော့ ဘီပိုး စီပိုးနဲ့ သူမရဲ့ အကြိတ်ကင်ဆာလည်း လုံးဝပျောက်သွားတာတွေ့ရတယ်။ အခုတိုင် သူမက ဝဝဖြိုးဖြိုးကျန်းကျန်းမာမာ ပြုံးပြံုးရွှင်ပဲ။ ယခုသူမ (၃၇ လမ်း၊ အလယ်ဘလောက်၊ ရန်ကုန်)နေပါတယ်။

ဣဿရမူလီဟာ ဘီပိုးစီပိုးအပြင် ကင်ဆာပိုး၊ ကင်ဆာအမျိုးမျိုးကိုလည်း ဣဿရမူလီက ကောင်းစွာတားဆီး သုတ်သင်နိုင်ကြောင်း သိရပါတယ်။

ဣဿရမူလီ အရွက် အပွင့် အပင် အသီးနှင့် ဘီပိုး၊ စီပိုး ကင်ဆာပျောက်ကင်းသူ ဒေါ်နန်းဖိန်းအောင် (လားရှိုး) ရပ်ကွက် (၆) ဒေါ်ရွှေကျောင်းအိမ်တွင် ရိုက်ထားသည်။

ဘီပိုး စီပိုး

လူ့အသည်းကို ဒုက္ခပေးတဲ့ ဘီပိုးစီပိုးကို ဒီဣဿရမူလီက ကောင်းစွာ တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ နိုင်ငံခြားသွားဖို့ ဆေးစစ်မအောင်တဲ့ လူငယ်လူရွယ်တွေ တချို့ဘီပိုးကြောင့် ရည်ရွယ်ချက်တွေ ပျက်ခဲ့တာလည်းရှိခဲ့တယ်။ ဒါပေမယ့် ဣဿရမူလီကို သုံးစွဲပြီး ဆေးပြန်စစ်တဲ့အခါ ဘီပိုး ကင်းစင်ပြီး နိုင်ငံခြား ပညာသင်သွားရတဲ့ ကလေးတွေလည်း ရှိခဲ့တယ်။

စီပိုးရှိတဲ့ စာရေးသူရဲ့ ဒကာတစ်ယောက်က စီပိုးကုဖို့အတွက် ထိုင်းနိုင်ငံမှာ ဆေးသွားထိုးတယ်။ စီပိုးဆေးက အားပြင်းလွန်းလို့ ဆံပင်တွေတောင် ကျွတ်တယ်။ လူလည်း အတော်ကို နှုန်းချိတယ်လို့ ပြောတယ်။ ဆေးဖိုးကလည်း သိန်း ၂၀/၃၀ မကကုန်မယ်လို့ ပြောတယ်။ ဒါတောင်မှ ရောဂါပျောက်မပျောက် မသေခြာသေးဘူးတဲ့။ အချိန်လည်း ခန့်မှန်းလို့ မရသေးဘူးတဲ့။

ဒါကြောင့် ကျန်းမာရေးအတွက် မကုန်သင့်တာတွေ မကုန်အောင် မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးအောင် ဣဿရမူလီ စတဲ့ ငွေကုန်ကြေးကျနဲတဲ့ အစွမ်းထက် တိုင်းရင်းဆေးအကြောင်းကို သိထားသင့်ပါတယ်။

စီပိုးက အသည်းကို လွန်စွာ ထိခိုက်တဲ့ ရောဂါဖြစ်လို့ အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေတယ်။ ဒါပေမယ့် ဣဿရမူလီကြောင့် အသည်းခြောက်ဖြစ်သူများ နှလုံးသွေးကြောကျဉ်း ရောဂါပျောက်ကင်းသွားကြောင်း စောငုဝါ ရေးသားတဲ့ “ဣဿရမူလီနွယ်ပင် နှင့် ကင်ဆာဘေးအန္တရာယ် လျှော့ချရေုး”စာအုပ်ထဲမှာ ရောဂါပျောက်သွားသူတွေ အများကြီးတွေ့ခဲ့ရတယ်။

အသည်းကင်ဆာဖြစ်တဲ့ ဆရာကြီး ဦးစိန်ထွန်းရဲ့ ဖခင်ကြီး၊ နှလုံးသွေးကြောကျဉ်းဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောနွဲ့ အပြင် အေအိုင်ဒီအက်စ် ဝေဒနာသည်များလည်း ဣဿရမူလီက ထိန်းထားနိုင်ကြောင်း သိရပါတယ်။

ဣဿရမူလီအကြောင်းလည်း အခု လူသိများလာတယ်။ အစွမ်းထက်တဲ့ ဆေးတစ်လက်ဖြစ်ကြောင်း လည်း ထင်ရှားလာတယ်။ စောငုဝါ (ပျဉ်းမနား) ရေးတဲ့ “ဣဿရမူလီနွယ်ပင် နှင့် ကင်ဆာဘေးအန္တရာယ် လျှော့ချရေုး” စာအုပ်ကြောင့်လည်း ဆေးရဲ့အာနိသင်ကို လူသိများစေပြီး ဆရာစောငုဝါလည်း စေတနာအပြည့်နဲ့ လူနာတွေကို ကူညီနေတာကြားသိရလို့ စာရေးသူ ဝမ်းသာမိပါတယ်။ ဆေးပင်ရရှိနိုင်တဲ့ နေရာတွေကိုလည်း ညွှန်ပြထားပါတယ်။ စောငုဝါ (ပျဉ်းမနား) ရေးသာတဲ့ ဣဿရမူလီအကြောင်း သိကောင်းစရာ အနှစ်ချုပ်ကိုိ ကောက်နှုတ်တင်ပြလိုပါတယ်။

ဣဿရမူလီအကြောင်း သိကောင်းစရာ အနှစ်ချုပ် ကောက်နှုတ်ချက်

ဣဿရမူလီသမိုင်း

ဣဿရမူလီနွယ်ပင်သည် မြန်မာပြည်ဒေသအချို့နှင့် မိုးနည်းဒေသများမှာ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန် လေ့ရှိ၏။ ယခုအခါ ကချင်ပြည်နယ်နှင့် မြန်အောင်ဒေသများအထိ ပေါက်ရောက်ရှင်သန်နိုင်ကြောင်း သိရ၏။

ရှေးအခါက ဣစ္ဆာသယအပင်အဖြစ် အမှောင့်ပယောဂ အကာအကွယ်အဖြစ် ယူဆစိုက်လေ့ရှိ၏။ အချို့က ကလေးဆေးအဖြစ်နှင့် အဂ္ဂိရတ် လုပ်ငန်းများအတွက် စိုက်ကြ၏။

ယခုအခါ ဣဿရမူလီ ဆေးအစွမ်းကြောင့် ယုံကြည်အားထား၍ ဆန္ဒရှိသူများ ဝိုင်းစိုက်လာကြလေပြီ။ ထို့ကြောင့် မကြာသောကာလတွင် အလွန်ငွေကုန်၍ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်သော ဘီပိုး၊ စီပိုး၊ အသည်းခြောက်၊ ကင်ဆာနှင့် နှလုံးသွေးကြေားကျဉ်း ရောဂါများကို ထိရောက်စွာ ကုသရင်ဆိုင်နိုင်မည့် ဣဿရမူလီအပင်များ ဒေသအနှံ့မှာ ရှိလာနိုင်ပေမည်။ ထိုအခါ ဣဿရမူလီ ဆေးအစွမ်းဖြင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ကြောက်စရာရောဂါဝေဒနာကို ရင်ဆိုင်စိန်ခေါ်နိုင်မည်ဟု ယုံကြည်မိပါ၏။

ဣဿရမူလီအာနိသင်

ခါး၏။ ဖန်၏။ ပူ၏။ လက် (၂) လုံးခန့် အရွက်ကို ဝါးစားရုံနှင့် အချို့ဝေဒနာရှင်များ ထူးခြားသော ဆေးတုန့်ပြန်မှု ခံစားရ၏။ လူမှာ အပူသမား အအေးသမားရှိ၏။ အထူးသဖြင့် အပူသမားများ ဆေးတုန့်ပြန်မှု ခံစားရ၏။ ရေရှည်မှီဝဲသူများ တေဇောဓါတ်စွမ်းအားကြောင့် အလွန်အေးသော ဆောင်းရာသီမျိုးမှာတောင် ရေချိုးမှ အဆင်ပြေ၏။ ဒေသနှင့် အာဟာရပေါ် မူတည်၍ အချို့အရွက်များမှာ လက်ဝါးခန့်၊ ဗာဒံရွက်ခန့်ကြီး၏။ ထို့ကြောင့် ဣဿရမူလီအရွက်ကို အနည်းဆုံး (အသေးဆုံး) မှ စားသင့်၏။ အဆင်ပြေမှ တိုးစားသင့်၏။

ဣဿရမူလီဆေးအစွမ်း

ဣဿရမူလီအရွက် ဆေးအစွမ်းဖြင့် (၁) ဘီပိုး (၂) စီပိုး (၃) အသည်းခြောက် (၄) ကင်ဆာ (၅) နှလုံးသွေးကြောကျဉ်းရောဂါများ သက်သာပျောက်ကင်း၏။

မှီဝဲစားသုံးပုံ

အရွက် လက် (၂) လုံးခန့်ကို စတင်ဝါးစား၍ ရေသောက်ရ၏။ အဆင်ပြေက တိုး၍ ၀ါးစားနိုင်၏။ ရောဂါဝေဒနာပေါ် လိုက်၍ နံနက်၊ ည တစ်ကြိမ်စီ တစ်နေ့ (၃) ကြိမ် ၀ါးစားပြီး ရေသောက်ရ၏။ အရွက်အစို လတ်ဆတ်ပါက ပိုေကောင်း၏။ စစ်မှန်က ပ ဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။ ပ ဉ္စငါးပါးလုံး အန့ံအရသာ ဆေးဖက်ဝင်မှု တူညီ၏။

သတိပြုရန်

ဣဿရမူလီသည် အပူဆေးဖြစ်၍ အထူးသဖြင့် အပူသမားများ အနည်းဆုံးမှ စသုံးသင့်၍ တည့်လျှင် တိုးစား၍ ရ၏။

ဣဿရမူလီကို ရေရှည်သုံးစွဲသူများ ၎င်း၏ အခိုးသတ်ရန် နှမ်းလှော်စားပေးရ၏။ နှမ်းပျစ်မုန့်များ စားပေးရ၏။ အဆင်ပြေလျှင် ရေချိုးပေးရ၏။

ဣဿရမူလီ ရေရှည်သုံးစွဲ၍ ဆံပင်ကျွတ်သူများ အုန်းဆီးနှင့် နှမ်းဆီ အနည်းငယ်ထည့်လိမ်းလျှင် ပြေ၏။

ဣဿရမူလီနှင့် ဆင်တူရိုးမှားအပင်

ဣဿရမူလီအပင်နှင့် ဆင်တူရိုးမှား နွယ်ပင် တစ်မျိုးရှိနေ၏။ အလွယ်မြင်ရုံနှင့် လွှဲမှားနိုင်၏။ ဣဿရမူလီအရွက် ပုံသဏ္ဌာန်က အညှာရင်းသေး၍ အဖျားကြီးပြီး အနည်းငယ် ချွန်၏။ ဒေသနှင့် အာဟာရပေါ်မူတည်၍ လက်မအရွယ်မှ လက်ဝါးခန့်နှင့် ဗာဒံရွက်ခန့်အထိကြီး၏။

ရွက်လယ်ကြောင်း ထင်ရှား၍ ချောပြီး အနည်းငယ် လှိုင်းတွန့်၏။

ဆင်တူရိုးမှား အပွင့်သည် ဣဿရမူလီအပွင့် ပုံသဏ္ဌာနှင့် ဆင်သော်လည်း သေးငယ်၏။ အရွက်သည် အညှာရင်းကြီး၍ အဖျားသို့ ရှူးသွားပြီး ချွန်၏။ အာဟာရပေါ် မူတည်၍ လက်ဝါးခန့်ထိ ကြီး၏။ အရွက်၏ အောက်ဖက်အကြော အလွန်ထင်ရှား၍ ပွရောင်းရောင်းရှိပြီး အနည်းငယ်ကြမ်း၏။

ဣဿရမူလီအသီးတိုင်း အတွင်းဖက်သို့ ချိုင့်ဝင်နေသော အမြှောင်းပါ၏။ ဆင်တူရိုးမှားအပင်မှ အသီးတိုင်း (၆) မြှောင်း ပါသော်လည်း အပြင်သို့ ခုံးထွက်နေသော ဇောင်း (၆) ခုထင်ရှား၏။

ထို့ကြောင့် ဆင်တူရိုးမှားအပင်၏ ဆေးစွမ်း ရှိမရှိ မသိရသော်လည်း ဣဿရမူလီအပင်၏ ဆွေးစွမ်းကို မမီ မတူညီနိုင်ဟု ယုံကြည်၏။

ဣဿရမူလီ အပင်များ စိုက်ပျိုး ပြုစုရာတွင်-

ဣဿရမူလီအစေ့များကို အပင်ဖောက်ရာတွင် နွေကုန်မိုးကူးအချိန်တွင် အပင်ပေါက် အကောင်းဆုံးဖြစ်၏။ အပင်ငယ်များ နှုတ်ယူစိုက်ပျိုးရာတွင် ပြုစုမှု ကောင်းလျှင် ရှင်သန်ရုံမက ကျန်ခဲ့သော အမြစ်မှာလည်း အပင်ပွားများ ထွက်လာတတ်၏။

ယေဘူယျအားဖြင့် ဣဿရမူလီနွယ်ပင်များသည် ဒေသအနှံ့မှာ ပေါက်ရောက် ရှင်သန်လေ့ရှိသော်လည်း အထူးသဖြင့် အညာဒေသများမှာ ပိုမိုဖြစ်ထွန်းကြောင်း လေ့လာသိရှိရပါ၏။ အထက်ပိုင်း ကချင်ပြည်နယ် နမ္မားနှင့် အောက်ပိုင်း မြန်အောင်ဒေသများအထိ ပေါက်ရောက်ရှင်သန်နေပါ၏။ မြန်အောင်ရှိ ဣဿရမူလီအပင်ကို ဘိုးဘွားတွေ စိုက်ခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရပါ၏။

ဣဿရမူလီ အပင်ကို ဖျက်ဆီးလေ့ရှိသော အဖျက်ပိုးများ

အပင်ငယ် ပျိုးပင်ငယ်များကို ခရု၊ ပက်ကျများ အများဆုံး ဖျက်ဆီးလေ့ရှိ၏။ မိုးကာလ ခရုပေါက်စများက အပင်ငယ်များကို အများဆုံး ဖျက်ဆီးတတ်၏။

ပျိုးပင်များကို ခရု၊ ပက်ကျိနှင့် လိပ်ပြာကပေါက်ဖွားသော ခူကောင်တစ်မျိုးက ဖျက်ဆီးလေ့ရှိ၏။

ပျိုးပင်ငယ်များမှာ အစိုဓါတ်များသည့် အချိန် အလွန်သေးငယ်သော ပျတစ်မျိုးကရောက်၍ ရိကျသေဆုံး တတ်၏။

ပျိုးပင်အရွက်များနှင့် နွယ်ပင်အရွက်များကို လိပ်ပြာမှ ပေါက်ဖွားသော ခူကောင်ငယ်များနှင့် အကောင်ကြီးများ စားသောက်ဖျက်ဆီးတတ်၏။ အကောင် အသေးအကြီး အနည်းအများပေါ် လိုက်၍ ပျက်စီးဆုံးရှုံးမှု များနိုင်၏။

ဣဿရမူလီနွယ်ပင်ကို အပင်များပေါ် တင်ထားလျှင် နွယ်တက်သွား၍ အရွက်ခူးသည့်အခါ ခက်ခဲနိုင်၏။

ဣဿရမူလီနွယ်ကိုင်း အဆစ်တိုင်းမှာ နွယ်တက်နှင့် အရွက်များ ထွက်၍ ဖူးပွင့််တတ်၏။ အဆစ်တိုင်းမှ အရွက်များ ခူးယူရာတွင် အရွက်ကုန်အောင် ခူးယူရာတွင် (၂-၃) ရွက်ခန့် ချန်ထားသင့်၏။

စိုက်ပျိုးပြုစုသော အပင်များမှ အာဟာရကောင်းလျင် (၃-၄) လအတွင်း ဖူးပွင့်သီးတတ်သလို မိုးကျလျှင်လည်း ဖူးပွင့်သီးတတ်၏။ ပြုစုအား ကောင်းလျှင် တစ်နှစ်တွင် (၂) ကြိမ်မျှ ဖူးပွင့်သီးတတ်၏။

အဖူးများ ပွင့်၍ ၀တ်မှုန်ကူးပြီးလျှင် မြေသို့ ကြွေကျတတ်၏။ ၎င်းအဖူးများကို ကောက်ယူသန့်စင်၍ ဆေးအဖြစ် တိုက်ရိုက်သုံးနိုင်သလို အရိပ်ထဲမှာ အခြောက်လှမ်း၍ လိုအပ်သလို အသုံးပြုနိုင်၏။ အရွက်ကဲ့သို့ ဆေးစွမ်းရှိ၏။ ၎င်းကို ဆေးလုံး ဆေးပြားကဲ့သို့ ငုံထား၍လည်းကောင်း၊ ၀ါးစား၍ အသုံးပြုနိုင်၏။ (၂-၃) ပွင့်သည် ဣဿရမူလီ အရွက်သေးတစ်ရွက်နီးပါး အာနိသင်ရှိ၏။

အပွင့်ကို ငုံထားရုံနှင့် ခံတွင်းရှင်း၍ သလိပ်ကြေ၏။ ချောင်းးဆိုးကင်း၏။ ရင်ချောင်၍ သလိပ်ပွမှု ကင်း၏။ ခံတွင်းလိုက်၏။

ထို့ကြောင့် ဣဿရမူလီနွယ်ပင် (သို့မဟုတ်) ကင်််ဆာပျောက်ဆေးပင်ကို ဒေသအလိုက်မှာ ဆန္ဒရှိသောသူများ ၀ုိင်းဝန်းစိုက်ပျိုးပြီး “လိုအပ်လျှင် သုံး၍ ဆန္ဒရှိလျှင် မျှဝေ” ရန် လှုံ့ဆော် တိုက်တွန်း လိုက်ရပါသည် . . . ဟု စောငုဝါ (ပျဉ်းမနား) က ရေးသားထားပါသည်။

ဣဿရမူလီအသုံး ကျပုံကို သိရှိလာသည်နှင့် အမျှ နောင်တွင် အသုံးလည်း များလာပေမည်။ အသုံးများလာသည်နှင့် အမျှ အပင်ကို မျိုးပွား စိုက်ပျိုးသူလည်း များစွာ လိုအပ်လှပါတယ်။ ဣဿရမူလီဆေးအကပျိုးကို သိရှိလာကြပြီး စီးပွားအဖြစ် စိုက်ပျိုးနိုင်ကြပါပြီ။ ဆေးရွက်တစ်ရွက်ကို တချို့ ကျပ်ငါးရာကျပ်တစ်ထောင် စသဖြင့် ရောင်းချဝယ်ယူနေတာကိုလည်း ကြားသိနေရပါတယ်။ စာရေးသူအနေနဲ့တော့ စီးပွားဖြစ် စိုက်နိုင်လေ ပိုကောင်းလေပါ။

နောက်ပိုင်း အဆင့်မီဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ခဲ့ရင် ကမ္ဘာ့လူသားများ ခံစားနေရတဲ့ ရောဂါဝေဒနာဆိုးများကို ဣဿရမူလီနဲ့ စိန်ခေါ်နိုင်တဲ့အဆင့်အထိ ဆန္ဒရှိပါတယ်။ ယခုအခါတချို့ရောဂါသည်များက အလကားရသည့် ဆေးကို တန်ဖိုး မထားတတ်သည့်အပြင် အထင်လည်း မကြီးတတ်ကြပေ။ ငွေကြေးအကုန်အကျများမှ ရောဂါပျောက်မည်ဟု ထင်ကြသည်။ ဒီဣဿရမူလီကတော့ ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။

တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံမသုံးသင့်ပေ။ ဆေးရွက် (၂-၃) ရွက်ကို မတ်ခွက်ထဲထဲ့ပြီး လက်ဖက်ရည်သောက်သလို တစ်နေကုန် ရေနွေးဖြည့်ပြီး သောက်သော်လည်း ဆေးရဲ့ အခါးဓါတ်က မပျယ်ပဲ ရှိနေတယ်။ ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တချို့ လက်ဖက်ရည်အစား ဒီဣဿရမူလီရွက်ကိုပဲ သောက်တာလည်း ရှိတယ်

ဣဿရမူလီဆေးအတွက် စုံစမ်းနိုင်သော နေရာများ-

စောငုဝါ ပျဉ်းမနား

ရဲမှူးကြီး ဆရာထက်ခေါင် ပျဉ်းမနား

ကြည့်မြင်တိုုင်မြို့နယ်၊ရန်ကုန်။ဖုန်းဝ၉၂၅၄၀၈၃၂၈၇

ကျောင်းအုပ်ဆရာကြီး ဦးကောင်းထက်အောင်၊ ပညာပန်းတိုင်ဘော်ဒါ၊ ပျဉ်းမနား

ချောင်းဦးမြို့၊ မအုပ်ကျောင်း (စစ်ကိုင်း)

ဦးကောမလ၊ ရွှေမဂ္ဂင်စာသင်တိုက်၊ မန္တလာရာပြည့်တိုက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတောင်ခြေ။

ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ မြို့နယ်သံဃနာယကဆရာတော်၊ ပျဉ်းမနားမြို့

နေပြည်တော် လေဆိပ်အနီး၊ တပ်ဦးကျောင်း ဆရာတော်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကျောင်းရွာ

မကွေးတိုင်း၊ ထနောင်းလှရွာ

တောင်တွင်းကြီး၊ ဂွေးချောင်းရွာ၊ ဂွေးချောင်းကျောင်း

မုံရွာ၊ အရာတော်မြို့နယ်၊ ပါရမီရွာ အနီး တောထဲ

တောင်သုံးလုံးဆရာတော်ဘဒ္ဒန္တဝေပုလ္လ၊ ဇေတဝန်ပရိယတ္တိစာသင်တိုက်၊ သာဝတ္ထိ၊ လယ်ဝေးမြို့နယ်။

ဦးပါမောက္ခ၊ တောင်စွန်းကျောင်း၊ အလယ်တောရကျောင်းတိုက်၊ ဓမ္မစေတီလမ်း၊ ဗဟန်း၊ ရန်ကုန်။

ကရင်ဘော့ကျိုက်ကျောင်း၊ ဘားအံမြို့။

ပုံထဲက အပင်ကို ကြည့်ပြီး မိမိတို့ နီးစပ်ရာမှာ စုံစမ်းမေးမြန်းနိုင်ပါကြောင်း။ ဘေသဇ္ဇဒါနအဖြစ် အိမ်တိုင်းမှာ တပိုင်တနိုင်စိုက်ပျိုးနိုင်ကြပြီး လူထုကျန်းမာရေးအတွက် အားကိုးနိုင်သော ဆေးကောင်းတစ်လက်အကြောင်း တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်

Top
//woafoame.net/4/3018672