
အလုပ္ေနရာ၊အိမ္ေနရာ၊အေတြးအေခၚအယူအဆ၊ဘ၀ခံယူခ်က္မ်ား အေျပာင္းအလဲျဖစ္အံ့။ ဆန္႔က်င့္ဘက္လိင္မ်ားထံမွ အကူအညီေကာင္းမ်ားရလတၱံ႔။ အလုပ္တိုင္း ေနရာတိုင္းမွာ အတိုက္အခံ အခက္အခဲမ်ား ႀကံဳရတတ္။စိတ္ပင္ပန္း လူပင္ပန္းျဖစ္ရအံ့။ အဖက္ဖက္တြင္ အလြန္အမင္းလည္းေကာင္းႏိုင္သလို၊အလြန္အမင္းလည္းညံ့သြားလတၱံ႔။ လူေရာစိတ္ပါ တည္ၿငိမ္စြာျဖင့္ လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားကို ႀကိဳးစားေဆာင္ရြက္လွ်င္ ေအာင္ျမင္လတၱံ႔။
အတိုက္အခံ အခက္အခဲမ်ားၾကားမွ အႀကံအစည္ရည္ရြယ္ခ်က္မ်ား ေအာင္ျမင္လတၱံ႔။ အေပါင္းအသင္းမွားတတ္။ စိတ္လိုက္မာန္ပါ ေျပာဆိုလုပ္ကိုင္ ဆံုးျဖတ္တာေတြသတိျပဳပါ။
လူႀကီးတစ္ေယာက္ႏွင့္အဆင္မေျပျဖစ္တတ္။ ေအာက္လက္ငယ္သား ေရႊ ရတနာအတြက္ စိတ္ညစ္ရတတ္။ ဘာကိုမွ စိတ္တိုင္းမက် အားမရျဖစ္ေနအံ့။ အမ်ားႏွင့္တစ္ေယာက္ အခန္႔မသင့္ျဖစ္အံ့။ စိတ္ပူစရာမ်ား စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား တစ္ခုၿပီးတစ္ခုႀကံဳရအံ့။
အထူးလိုက္နာရန္။ ။ဘာသာေရးမ်ားမ်ားပိုလုပ္ပါ။ေမတၱာမ်ားမ်ားပို႔ပါ။သည္းခံစိတ္ေမြးပါ။စိတ္လိုက္မာန္ပါ တဇြတ္ထိုး ေျပာဆိုလုပ္ကိုင္ ဆံုးျဖတ္တာေတြကိုေရွာင္က်ဥ္ပါ။
ေငြေရးေၾကးေရး – ဆံုးရႈံးမလိုျဖစ္ေနတဲ့ ေငြေၾကးမ်ား ျပန္လည္ရရွိအံ့။ ပ်က္မလိုျဖစ္ေနတဲ့ ေငြေၾကးကိစၥမ်ားေအာင္ျမင္အံ့။ ေငြေၾကး အခက္အခဲအၾကပ္အတည္းမ်ားမွ လြတ္ေျမာက္ဖို႔ အေျခအေနေကာင္း အခြင့္အလမ္းေကာင္း ၊ အဆက္အသြယ္ေကာင္းမ်ား ၊ အကူအညီေကာင္းမ်ားေပၚလာအံ့။ ဆီလိုအေပါက္ရွာၿပီး ေငြ၀င္ေနအံ့။ လက္ဖ်ားမွာ ေငြသီးေနအံ့။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းလုပ္ကိုင္ေဆာင္ရြက္သင့္။
ေငြေရးေၾကးေရး အထူးယၾတာ – ပန္းအ၀ါ (၅)ပြင့္ကို ပန္းအိုးထိုးၿပီး မိမိႏွင့္ အနီးဆံုးေနရာတြင္ ထားေပးပါ။စီးေနေသာေရအရွင္ထဲတြင္ ငါးအရွင္ (၂၅)ေကာင္ မၾကာခဏေဘးမဲ့လႊတ္ေပးပါ။
ထီထိုးကံစမ္းရန္ – သရက္ယိုဘုရားလွဴပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။ ၿပီးလွ်င္ (သ ဟ ၊ ရ ယ လ ၀ ) ပါေသာထီဆိုင္တြင္ (၄) ႏွင့္ (၆) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။
အခ်စ္ေရး – အခ်စ္ေရးကံေကာင္းေနအံ့ ။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူအသစ္ရအံ့ ။ ခ်စ္သူရွိၿပီးသူမ်ား အိမ္ေထာင္က်တတ္။ အပ်ဳိ၊လူပ်ဳိမ်ား မလြပ္လပ္သူမ်ားႏွင့္ၿငိစြန္းလြယ္တတ္သည့္အတြက္ သတိျပဳသင့္။ အခ်စ္ေရးကံေကာင္းေနေသာ္လည္း ခ်စ္သူ၏ဟန္ေဆာင္ လိမ္ညာ ဖံုးကြယ္ျခင္းကို ခံရတတ္တဲ့အတြက္လည္း သတိထားသင့္။
အိမ္ေထာင္ေရး – စိတ္ညစ္စရာ အရႈပ္အရွင္းျပႆနာမ်ားႀကံဳရေတြတတ္။ မိမိအိမ္ေထာင္ဖက္၏ အထင္ျမင္လြဲမွားျခင္းကိုခံရတတ္။ ဖံုးကြယ္ဟန္ေဆာင္မႈမ်ား ေရာေထြးေနအံ့ ။ ေဘးပေယာဂမ်ား၀င္လာတတ္။ အိမ္ေထာင္ဘက္၏ ေကာင္းက်ဳိးေပးျခင္းကိုခံရအံ့။
အခ်စ္ေရးအိမ္ေထာင္ေရးတြင္ တနဂၤေႏြသားသမီးမ်ား ၊ နာမည္မွာ အိမ့္ ေအာင္ ေအး အိ ဦး ပါတဲ့သူမ်ား ၊ အုပ္ခ်ဳပ္ေရး ဥပေဒ ၊ အိမ္ျခံေျမ ၊ အက်ဳိးေဆာင္အလုပ္ႏွင့္ ပက္သက္သူမ်ား ၀င္ရႈပ္အံ့။
အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ ထမင္းေပါင္းအိုးအလြတ္ထဲတြင္ မၾကာခဏထည့္ေပးပါ။
ပညာေရး – ပညာေရးကံ တအားေကာင္းေနအံ့။ မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္အံ့။ ပညာေရးႏွင့္ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ေကာင္းမ်ား အႀကံေကာင္း ဥာဏ္ေကာင္းမ်ားရအံ့။အေပါင္းအသင္းမွားျဖင္း ၊ ပ်င္းရိၿငီးေငြ႔ျခင္းကိုေတာ့ သတိထားသင့္။
ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ အုန္းသီးပါေသာမုန္႔(၆)ခု၊ ပန္းအနီ(၆)ပြင့္၊ ေသာက္ေတာ္ေရ(၅)ခြက္၊ ဖေယာင္းတိုင္(၅)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ဳိးမယ့္ေရထဲမွာ အနီေရာင္ပန္း (၃)ပြင့္ထည့္ၿပီးေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။
( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္။
က်န္းမာေရး – ဦးေခါင္း ၊ အာရံုေၾကာ ၊ အဆုတ္ ၊ အစာအိမ္ ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)
က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – အဂၤါေန႔ည …။ စကၠဴပံုးထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။ အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။ မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။
ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို ပန္းအျဖဴ(၂)ပြင့္နဲ႔ရုိက္ေပးပါ …။ ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။
အထူးယၾတာ။ ။အဂၤါေန႔ည၀တ္အိပ္ထားေသာ အ၀တ္ေဟာင္းတစ္စံုကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန္႔ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။
ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၇)နာရီ(၁၀)မိနစ္တိတိတြင္ အုန္းသီး(၆)စိပ္ ၊ ႏွင္းဆီ(၇)ပြင့္၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊ ဖေယာင္းတိုင္ (၄) တိုင္ ေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)
( အထူးအားျဖင့္ – အတာစားေသာေန႔သည္ အဂၤါေန႔ျဖစ္သည္။ ထို႔ေၾကာင့္ အဂၤါသားသမီးမ်ားသည္ သႀကၤန္အတက္ေန႔ သႀကၤန္တက္ခ်ိန္ ၁၃၈၀-ခုႏွစ္၊ ေႏွာင္းတန္ခူးလဆန္း (၁၂)ရက္ (၁၆-၄-၂၀၁၉) အဂၤါေန႔ ည(၉)နာရီ (၂၆)မိနစ္ (၂၃)စကၠန္႔ အခ်ိန္တြင္ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးႏွင့္တကြ ရဟႏၱာအရွင္သူျမတ္အေပါင္းတို႔အား ႏွင္းဆီ(၇)ပြင့္ ၊အနီေရာင္ပန္း(၆)ပြင့္ ၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊ အေမႊးတိုင္ ဖေယာင္းတိုင္ (၅)တိုင္ ပူေဇာ္လွဴဒါန္းၿပီး … ။
သႀကၤန္မင္း (သို႔) သိၾကားမင္း (သို႔) တနဂၤေႏြၿဂိဳဟ္မင္း ႏွင့္တကြ ၊ နတ္ေဒ၀တာမ်ား ၊ မိမိအားေစာင့္ေရွာက္ၾကကုန္ေသာ မိမိႏွင့္ပဌန္းဆက္ရွိၾကကုန္ေသာ နတ္ပုဂၢဳလ္မ်ားကို ေမတၱာပို႔သဆုေတာင္း ….။
၁၃၈၁ ခုႏွစ္ တစ္ႏွစ္တာလံုးတြင္လည္း ဘာသာေရးပိုလုပ္ျခင္း ၊ ေကာင္းမႈကုသလိုလ္မ်ား ပိုမိုျပဳလုပ္ျခင္း ၊ ေမတၱာမ်ားမ်ားပို႔ျခင္း ၊ သည္းခံစိတ္ေမြးျခင္း ၊ အစစအရာရာ သတိတရားလက္ကိုင္ထားၿပီး ျဖတ္သန္းျခင္းခင္းအားျဖင့္ ၁၃၈၁ ခုႏွစ္တစ္ႏွစ္တာလံုးအတြက္ အႏၱရာယ္ကင္းေဘးရွင္း ၊ အခိုက္အညံ့ကင္းရွင္း ၊ ေရာဂါဘယကင္းရွင္းၿပီး ေကာင္းက်ဳိးခ်မ္းသာမ်ား ရရွိခံစားရကာ ေကာင္းေသာအေျပာင္းအလဲမ်ားျဖစ္လတၱံ႔။)
မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း
Unicodeဖြင့်ဖတ်ရန်
★★★
အလုပ်နေရာ၊အိမ်နေရာ၊အတွေးအခေါ်အယူအဆ၊ဘဝခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင့်ဘက်လိင်များထံမှ အကူအညီကောင်းများရလတ္တံ့။ အလုပ်တိုင်း နေရာတိုင်းမှာ အတိုက်အခံ အခက်အခဲများ ကြုံရတတ်။စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရအံ့။ အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင်သလို၊အလွန်အမင်းလည်းညံ့သွားလတ္တံ့။ လူရောစိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။
အတိုက်အခံ အခက်အခဲများကြားမှ အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်လတ္တံ့။ အပေါင်းအသင်းမှားတတ်။ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေသတိပြုပါ။
လူကြီးတစ်ယောက်နှင့်အဆင်မပြေဖြစ်တတ်။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ညစ်ရတတ်။ ဘာကိုမှ စိတ်တိုင်းမကျ အားမရဖြစ်နေအံ့။ အများနှင့်တစ်ယောက် အခန့်မသင့်ဖြစ်အံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ တစ်ခုပြီးတစ်ခုကြုံရအံ့။
အထူးလိုက်နာရန်။ ။ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။
ငွေရေးကြေးရေး – ဆုံးရှုံးမလိုဖြစ်နေတဲ့ ငွေကြေးများ ပြန်လည်ရရှိအံ့။ ပျက်မလိုဖြစ်နေတဲ့ ငွေကြေးကိစ္စများအောင်မြင်အံ့။ ငွေကြေး အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်ဖို့ အခြေအနေကောင်း အခွင့်အလမ်းကောင်း ၊ အဆက်အသွယ်ကောင်းများ ၊ အကူအညီကောင်းများပေါ်လာအံ့။ ဆီလိုအပေါက်ရှာပြီး ငွေဝင်နေအံ့။ လက်ဖျားမှာ ငွေသီးနေအံ့။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းလုပ်ကိုင်ဆောင်ရွက်သင့်။
ငွေရေးကြေးရေး အထူးယတြာ – ပန်းအဝါ (၅)ပွင့်ကို ပန်းအိုးထိုးပြီး မိမိနှင့် အနီးဆုံးနေရာတွင် ထားပေးပါ။စီးနေသောရေအရှင်ထဲတွင် ငါးအရှင် (၂၅)ကောင် မကြာခဏဘေးမဲ့လွှတ်ပေးပါ။
ထီထိုးကံစမ်းရန် – သရက်ယိုဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် (သ ဟ ၊ ရ ယ လ ၀ ) ပါသောထီဆိုင်တွင် (၄) နှင့် (၆) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။
အချစ်ရေး – အချစ်ရေးကံကောင်းနေအံ့ ။ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရအံ့ ။ ချစ်သူရှိပြီးသူများ အိမ်ထောင်ကျတတ်။ အပျို၊လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။ အချစ်ရေးကံကောင်းနေသော်လည်း ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ခံရတတ်တဲ့အတွက်လည်း သတိထားသင့်။
အိမ်ထောင်ရေး – စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ်။ မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်။ ဖုံးကွယ်ဟန်ဆောင်မှုများ ရောထွေးနေအံ့ ။ ဘေးပယောဂများဝင်လာတတ်။ အိမ်ထောင်ဘက်၏ ကောင်းကျိုးပေးခြင်းကိုခံရအံ့။
အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္ဂနွေသားသမီးများ ၊ နာမည်မှာ အိမ့် အောင် အေး အိ ဦး ပါတဲ့သူများ ၊ အုပ်ချုပ်ရေး ဥပဒေ ၊ အိမ်ခြံမြေ ၊ အကျိုးဆောင်အလုပ်နှင့် ပက်သက်သူများ ဝင်ရှုပ်အံ့။
အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။
ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများ အကြံကောင်း ဉာဏ်ကောင်းများရအံ့။အပေါင်းအသင်းမှားဖြင်း ၊ ပျင်းရိငြီးငွေ့ခြင်းကိုတော့ သတိထားသင့်။
ပညာရေးကံကောင်းစေရန် – မနက်စောစော အုန်းသီးပါသောမုန့်(၆)ခု၊ ပန်းအနီ(၆)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ အနီရောင်ပန်း (၃)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။
( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်။
ကျန်းမာရေး – ဦးခေါင်း ၊ အာရုံကြော ၊ အဆုတ် ၊ အစာအိမ် နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)
ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – အင်္ဂါနေ့ည …။ စက္ကူပုံးထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။
ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ပန်းအဖြူ(၂)ပွင့်နဲ့ရိုက်ပေးပါ …။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။
အထူးယတြာ။ ။အင်္ဂါနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။
ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၁၀)မိနစ်တိတိတွင် အုန်းသီး(၆)စိပ် ၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် နေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)
( အထူးအားဖြင့် – အတာစားသောနေ့သည် အင်္ဂါနေ့ဖြစ်သည်။ ထို့ကြောင့် အင်္ဂါသားသမီးများသည် သြင်္ကန်အတက်နေ့ သြင်္ကန်တက်ချိန် ၁၃၈၀-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၂)ရက် (၁၆-၄-၂၀၁၉) အင်္ဂါနေ့ ည(၉)နာရီ (၂၆)မိနစ် (၂၃)စက္ကန့် အချိန်တွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ ရဟန္တာအရှင်သူမြတ်အပေါင်းတို့အား နှင်းဆီ(၇)ပွင့် ၊အနီရောင်ပန်း(၆)ပွင့် ၊ သောက်တော်ရေ (၄)ခွက် ၊ အမွှေးတိုင် ဖယောင်းတိုင် (၅)တိုင် ပူဇော်လှူဒါန်းပြီး … ။
သြင်္ကန်မင်း (သို့) သိကြားမင်း (သို့) တနင်္ဂနွေဂြိုဟ်မင်း နှင့်တကွ ၊ နတ်ဒေဝတာများ ၊ မိမိအားစောင့်ရှောက်ကြကုန်သော မိမိနှင့်ပဌန်းဆက်ရှိကြကုန်သော နတ်ပုဂ္ဂုလ်များကို မေတ္တာပို့သဆုတောင်း ….။
၁၃၈၁ ခုနှစ် တစ်နှစ်တာလုံးတွင်လည်း ဘာသာရေးပိုလုပ်ခြင်း ၊ ကောင်းမှုကုသလိုလ်များ ပိုမိုပြုလုပ်ခြင်း ၊ မေတ္တာများများပို့ခြင်း ၊ သည်းခံစိတ်မွေးခြင်း ၊ အစစအရာရာ သတိတရားလက်ကိုင်ထားပြီး ဖြတ်သန်းခြင်းခင်းအားဖြင့် ၁၃၈၁ ခုနှစ်တစ်နှစ်တာလုံးအတွက် အန္တရာယ်ကင်းဘေးရှင်း ၊ အခိုက်အညံ့ကင်းရှင်း ၊ ရောဂါဘယကင်းရှင်းပြီး ကောင်းကျိုးချမ်းသာများ ရရှိခံစားရကာ ကောင်းသောအပြောင်းအလဲများဖြစ်လတ္တံ့။)
မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း