You are here
Home > အနုပညာ > ချစ်သူနဲ့ ခရီးထွက်ခဲ့တဲ့ Romantic ဆန်ဆန် ပုံရိပ်တွေကို ချပြလိုက်တဲ့ နေဝင်းရဲ့ချစ်သူကောင်မလေး

ချစ်သူနဲ့ ခရီးထွက်ခဲ့တဲ့ Romantic ဆန်ဆန် ပုံရိပ်တွေကို ချပြလိုက်တဲ့ နေဝင်းရဲ့ချစ်သူကောင်မလေး

Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် နေဝင်းကတော့ သူ့ရဲ့ချစ်သူ ခရီးသွား Vlogger လေးနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ အရမ်းကို romantic ဆန်လွန်းတဲ့ နေဝင်းတို့ စုံတွဲလေးကိုတော့ ပရိသတ်တွေကလည်း အရမ်းကို သဘောကျနေကြတာပါ။ လတ်တလောမှာတော့ နေဝင်းရဲ့ချစ်သူကောင်မလေးက အလုပ်ကိစ္စနဲ့ ပြည်ပသို့ ခရီးထွက်ခဲ့တဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အချစ်တွေပြည့်နေတဲ့ နေဝင်းတို့ ချစ်သူနှစ်ဦးကတော့ အရမ်းကို ချစ်စရာကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အဆိုတော် နေဝင်းနဲ့ ခရီးသွား Vlogger မလေး အိမ့်ချစ်ချောတို့ရဲ့Romantic ဆန်ဆန် ကြည်နူးစရာ ခရီးသွားပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

နေဝင်းရဲ့ချစ်သူလေးကတော့ “ဇိမ်ခံ အပျော်စီးသင်္ဘောကြီး စီးကြမယ် Vlog

” ဆိုပြီး ချစ်သူနဲ့အတူ ခရီးထွက်ခဲ့တဲ့ Romantic ဆန်ဆန်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
စိတ်တူကိုယ်တူရှိလှတဲ့ နေဝင်းတို့ ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို လှပရှုခင်းတွေရှိတဲ့ နေရာတွေဆီကို အတူ လျှောက်လည်လေ့ရှိပြီး Romantic ဆန်ဆန်ပုံရိပ်တွေကိုလည်း လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။

ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတဲ့ ဦးနေဝင်းကတော့ မကြာခဏဆိုသလို ချစ်သူကောင်မလေးကို ဘယ်လောက်ထိချစ်ကြောင်း ထုတ်ပြောလေ့ရှိသူတစ်ဦးပါ။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားရယ်၊ သံယောဇဉ်တွေရယ်ကို ပေါင်းစပ်ပြီး သာယာလှပတဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနေကြတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ ချစ်သူနှစ်ဦးကတော့ ဝါသနာပါတဲ့ အလုပ်တွေ ကိုယ်စီလုပ်ရင်း ဘဝအတွက် ကြိုးစားနေကြတာပါ။

ချစ်သူသက်တမ်း (၁၀) နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ သူတို့စုံတွဲလေးကတော့ အခုအချိန်အထိကို ချစ်စခင်စလေးတွေလို သည်းသည်းလှုပ်ချစ်နေကြဆဲပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို Romantic ဆန်ပြီး ချစ်စရာကောင်းတဲ့ နေဝင်းတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Travel Kueen’s Facebook Page

Top
//ookroush.com/4/3018672