
“တို့မမနဲ့တို့” ရုပ်သံ ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ ပြင်ဆင်နေသူ တစ်ယောက်ဖြစ်တဲ့ မြတ်သူသူဇင်ကတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို ပိုင်ဆိုင် ရရှိထားတဲ့ သူတစ်ယောက်ပါ။ “ပျားရည်အိုင်”ဇာတ်လမ်းတွဲ ကနေ မြညိုကာရိုက်တာ နဲ့ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင် ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။ လတ်တလော မှာတော့ မြညိုလေးက အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက် လုပ်ကိုင်နေတာဖြစ်ပါတယ်။ပြသနေဆဲဖြစ်တဲ့ “တတိယမြောက် ဆုံမှတ်”ဇာတ်လမ်းတွဲ ကြီး ကတော့ ပရိသတ်တွေလက်မလွှတ်တမ်းစောင့်ကြည့်အားပေးနေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်နေပါတယ်။
ပထမဆုံး စတင်ပြသတဲ့နေ့ မှာတင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ကြပါတယ်။မြတ်သူသူဇင်ကတော့ အနုပညာဘက်မှာ တော်သလို မိသားစုအပေါ်မှာလည်း သိတတ် လွန်းသမီးလိမ္မာလေးဖြစ်သလို မောင်နှမတွေအပေါ်မှာလည်း အမကြီးအမိအရာ ဆိုသလို အားထားရာ တစ်ခုအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။
အိမ်က မိသားစုကလည်း သူမအပေါ်မှာ အစစအရာရာ ဂရုတစိုက် အားပေးဖေးမကြပြီး မြတ်သူသူဇင် ရဲ့ ဒုတိယညီမလေးကတော့ အောက်ပိုင်းသေနေပေမဲ့ အိမ်ကနေ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးတွေကြည့်ရင်း အားပေးပါတယ်လို့ ဆိုထားပါတယ်။CeleGabar ပရိသတ်ကြီးရေ တစ်မိသားစုလုံးရဲ့ အားထားသမီးကြီးအဖြစ် အားကိုးရတဲ့ မြတ်သူသူဇင် ကို အားပေးစကားလေးတွေပြောသွားဦးနော်။
credit – celegabar