
Zawgyi ဖြင့်ဖတ်ရန်
လက်ဆောင်က
Video ကြည့်ရန်
Unicode ဖြင့်ဖတ်ရန်
ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ ယောင်္ကျားပီသပြီး ဆွဲဆောင်မှုတွေအပြည့်ရှိတဲ့ မင်းသားချောနေဒွေးကလည်း အပါအဝင်ပါပဲ..။
သရုပ်ဆောင်ကောင်းမှုတွေနဲ့ ချောမောခန့်ညားပြီး ယောင်္ကျားပီတဲ့ပုံရိပ်လေးတွေအပြင် မိဘအပေါ်သိတတ်ရိုသေတဲ့ သားလိမ္မာလေးလည်းဖြစ်တဲ့ မင်းသားချောနေဒွေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော်ပဲ ဖြစ်ပါတယ်..။
အနုပညာလမ်းကြောင်းမှာ ပရိသတအခိုင်အမာနဲ့ အောင်မြင်နေတဲ့ နေဒွေးကတော့ အခုတစ်ခါမှာလည်း မကြာခင်မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့လေးအတွက် မွေးနေ့အကြိုလက်ဆောင်လေးအဖြစ် I Phone 11 Pro Max ဖုန်းအသစ်ကြီးကို လက်ဆောင်ရခဲ့ပါတယ်..။
မကြာသေးခင်ရက်ပိုင်းလောက်ကမှ ထွက်ရှိထားတဲ့ မြန်မာငွေ(၂၆)သိန်းကျော်ရှိတဲ့ I Phone 11 Pro Max ဖုန်းအသစ်ကြီးကို မွေးနေ့အကြိုလက်ဆောင်လေးကို ရရှိခဲ့တာဖြစ်ပြီး ဘယ်သူပေးမှန်းမသိရတာမို့ အံ့သြရင်းပျော်နေပါတယ်နော်..။
မွေးနေ့လက်ဆောင်အကြိုလေးရရှိခဲ့တဲ့ အကြောင်းလေးကိုလည်း နေဒွေးက ပြန်လည်မျှဝေပြောပြထားပြီး အဲ့ဒီပို့စ်အောက်မှာလည်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း စနောက်ထားကြပါတယ်..။
“ဆိုးးးးဆိုးးးးးးး အမေးဇင်းးးးးးး
ဒီအချိန်ကြီး ဘယ်ကမှန်းးးမသိရောက်လာတဲ့
လက်ဆောင်က
ပထမဆုံးး အစောဆုံးးးးးမွေးနေ့လက်ဆောင်ကြိုရဖူးတာဘဲ..” ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။