
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
စက်တင်ဘာလ(၂၂)ရက်နေ့မှာ မွေးနေ့ကျရောက်ခဲ့တဲ့ သရုပ်ဆောင် ရဝေအောင် က သူ့ရဲ့ မွေးနေ့အလှူ အဖြစ် ကွယ်လွန်သူ မိခင်ကြီးအား ရည်စူးပြီး ဒီကနေ့၊ မြောက်ဥက္ကလာပ ဆေးရုံကြီး မှာ အဟာရဒါန နေ့လည်စာ လူ(၃၀၀) အတွက် ထမင်း၊ ကြက်သားဟင်း၊ ငါးပိကြော်၊ ပဲလမုန့် များဖြင့် ဒါနပြု လှူဒါန်းခဲ့ပါတယ်။
ပရိသတ်ကြီးအတွက် ရဝေအောင်ရဲ့ မွေးနေ့အလှူ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ရဝေအောင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။