You are here
Home > Facebook သတင်းစုံ > ရွှေပေါက်ကံတွင်..ဂိမ်းဆော့နေစဉ်လာရောက် နောက်ပြောင်တဲ့ကလေးငယ်ကို ဂိမ်းကြောင် ပြီး သတ်ဖြတ်မှု ဖြစ်ပွား

ရွှေပေါက်ကံတွင်..ဂိမ်းဆော့နေစဉ်လာရောက် နောက်ပြောင်တဲ့ကလေးငယ်ကို ဂိမ်းကြောင် ပြီး သတ်ဖြတ်မှု ဖြစ်ပွား

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဆိုးကျိုးတွေဟာလည်း ကပ်ပါလာစမြဲပါ။ အကောင်းနဲ့ အဆိုးဟာ လောကမှာ ဓွန်တွဲပြီး ကြီးပြင်းလာကြတယ်လို့ ဆိုရမှာပါပဲ။ ကောင်းမွန်လာတဲ့ နည်းပညာတွေကို အကောင်းဘက်ကနေ အသုံးချနိုင်ကြပေမယ့်လည်း၊ အဆိုးဘက်ကို ရောက်ရောက်သွားတတ်ပါတယ်။

ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းကတော့ Game ကြောင်ပြီး ကလေးငယ်လေးကို သတ်ဖြတ်ခဲ့တဲ့ အမှုဖြစ်ပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့က ရွှေပေါက်ကံ စက်မှုဇုံ မက္ခရာမင်းသားကြီးလမ်းမှာ ရှိတဲ့ ဒန်အိုးစက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ မောင်နေဝင်းအောင်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ နေ့လည်ထမင်းစား နားချိန်တွင် စက်ရုံအနီးရှိ မုန့်ဆိုင်မှာ ထိုင်ပြီး Game ကစားနေတဲ့ မောင်နေဝင်းအောင်အား မောင်အာကာကျော် (၄) ကလေးက လာရောက်စနောက်ကျီစယ်တာကြောင့် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုကဲ့သို့ စနောက်ကျီစယ်ခြင်းကြောင့် ကလေးငယ်ကို မောင်းထုတ်သော်လည်း ဆက်လက်ပြီး စနောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းအခြင်းအရာကြောင့် နေဝင်းအောင်ဟာ Game ကစားခြင်းကို ရပ်တန့်ခဲ့ပြီး မောင်အာကာကျော် လေးအား လမ်းတစ်ဖက်သို့ ပွေ့ချီ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လမ်းတစ်ဖက်ရှိ အသားတုစက်ရုံနောက်ကျော ခြုံပုတ်အတွင်း နဲ့ ကလေးငယ်ကို လက်နောက်ပြန်ကြိုးတုတ်နှောင်ပြီး လည်ပင်းကြိုးချည်လျှက် သတ်ခဲ့တယ်လို့ သတင်းရရှိပါတယ။် လောကကြီးမှာ အကောင်းအဆိုး ဓွန်တွဲနေတာကြောင်း ကောင်းခြင်း၊ ဆိုးခြင်းကို မိမိဘာသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ အသိနုနယ်တဲ့ ကလေးငယ်တွေကို ဒီလို စိတ်လိုက်မာန်ပါ သတ်ဖြတ်ခြင်းဟာ မကောင်းမှန်း မောင်နေဝင်းအောင် မသိခဲ့လေခြင်းလော။

Writer – ME( Shwe Yaung Lan )

Top
//meenetiy.com/4/3018672