သုဒြာတစ်ယောက် ဘယ်ကိုရောက်နေမလဲဆိုပြီး မေးခွန်းထုတ်လိုက်တဲ့ နော်ဖောအယ်ထား

အပြုံးလှလှလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး နော်ဖောအယ်ထားက အရုပ်မလေးလို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေ သည်းသည်းလှုပ်အချစ်ခံရသူလေး ဖြစ်ပါတယ်။ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ကိုရီးယားမလေးလို လှပတာကြောင့် နော်ဖောအယ်ထားကို ပရိသတ်တိုင်းက ချစ်ကြတာဖြစ်ပါတယ်။ နော်ဖောအယ်ထားက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို အားတက်သရောလုပ်ကိုင်နေလျက်ရှိပါတယ်။

ဒါ့အပြင် နော်ဖောအယ်ထားက ယခု MRTV 4 မှာ ထုတ်လွှင့်ပြသနေတဲ့ “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာ သုဒြာဆိုတဲ့ မိန်းကလေး ကာရိုက်တာနေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာ သုဒြာက ပျောက်ဆုံးနေတာမို့ နော်ဖော်အယ်ထားက “သုဒြာ ဘယ်တွေရောက်နေတာလဲ ? ပျောက်နေတုန်းဘဲဆို?” ဆိုပြီး Caption လေး ရေးထားပါတယ်။

နော်ဖောအယ်ထားက Photo Model အလုပ်အပြင် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာအမြောက်အမြားကိုပါ လက်ခံရိုက်ကူးပေးနေလျက်ရှိတာကို တွေ့ရပါတယ်။

နော်ဖောအယ်ထားကတော့ ချစ်စရာကာင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရင်ကို အေးစေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြားလည်း နော်ဖောအယ်ထားလေးကိုချစ်ရင် ဒီပိုစ့်လေးကို Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Naw Phaw Eh Htar’s fb