
အမြဲလိုလို ယုံကြည်မှုအပြည့်ရှိနေတတ်လို့ မိန်းကလေးတွေ အားကျရတဲ့ အလှမယ် မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ထူးခြားလှပတဲ့ ကောက်ကြောင်းအလှနဲ့ ညှို့အားပြင်းတဲ့ မျက်နှာကျလေးကို ပိုင်ဆိုင်ထားသူလေးပါ။ အမြဲလိုလို အချစ်ရေးနဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိတဲ့ ရွှေအိမ်စည်ကတော့ လတ်တလောမှာ အချစ်ရေးကို Public ချမဖြစ်တဲ့အကြောင်း ထုတ်ပြောလာတာ တွေ့ရပါတယ်။ ရွှေအိမ်စည်ကတော့ သူ့ရဲ့ညှို့အားပြင်းလှတဲ့ ပုံရိပ်လေးတွေနဲ့အတူ ကိုကိုက လူသိမခံချင်လို့ Relationship ကို Public မချပြတာဆိုပြီး ချစ်စရာကောင်းအောင် ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ်စည်ရဲ့ကိုကိုကို အရမ်းစိတ်ဝင်စားနေကြတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် Relationship ကို Public ချမပြတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ပထမဦးဆုံးအကြိမ် ပြောပြလာတဲ့ ရွှေအိမ်စည်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေအိမ်စည်ကတော့ “Relationship ကို public ချပြ ချင်ပေမဲ့ ကိုကိုက လူသိမခံချင်သောအခါ” ဆိုပြီး စိတ်ကောက်နေတဲ့ ချစ်စဖွယ်ပုံလေးတွေနဲ့အတူ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အသက်ငယ်ငယ်လေးနဲ့ အလုပ်ကြိုးစားပြီး ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ အောင်မြင်မှုတွေများစွာကို သိမ်းပိုက်ထားတဲ့ ရွှေအိမ်စည်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေ ကြိုးစားလုပ်နေတာ တွေ့ရပါတယ်။
အလုပ်အရမ်း ကြိုးစားတဲ့ ရွှေအိမ်စည်ကတော့ အခက်အခဲတွေကြားထဲကနေ အောင်မြင်မှုတွေရရှိလာသူလေးဖြစ်ပြီး၊ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ မိုမိုလးချစ်ပရိသတ်တွေလည်း ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူမရဲ့အချစ်ရေးအကြောင်း ပြောပြလာတဲ့ အိမ်စည်လေးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Shwe Eain Si’s Facebook