“ရွဥ္႔မတက္ (သို႔)ကုန္းကညႊတ္ ၏ ေဆးဖက္၀င္အစြမ္း”

ရွဥ္႔မတက္ကို ကုန္းကညႊတ္ဟုလည္းေခၚၾကသည္။ ရွဥ္႔မတက္၏ ရုကၡေဗဒအမည္ မွာ(Asparagus Racemosus Lin) ျဖစ္သည္။ ျမန္မာအမည္ျဖင့္ ကညြတ္ရွဥ္႔မတက္ဟု ေခၚသည္။ ရွဥ္႔မတက္၏ မူလမ်ိဳးရင္းမွာ ႏွင္းပန္းမ်ိဳးရင္း ျဖစ္သည္။

ပံုသ႑ာန္အားျဖင့္ ဆူးျခံဳႏြယ္ျဖစ္ျပီး ဆူးငယ္ေလးမ်ား အမ်ားအျပား ပါရွိ ေလသည္။ အပင္ေအာက္ေျခေျမၾကီးထဲတြင္ ဥမ်ား မ်ားျပားစြာအုေနတတ္သည္။ အရြက္မွာ ငွက္ ေမႊးရြက္ ေပါင္းျဖစ္သည္။ရြက္ျမြာမ်ားမွာ အစိမ္းရင့္ေရာင္ရွိ၍ အပ္ေခ်ာင္း သ႑ာန္ျဖစ္ သည္။ ရွဥ့္မတက္အပြင့္မွာ ျဖဴ၍ေသးငယ္သည္။ ေမႊးၾကိဳင္ေသာ အနံ႔ရွိသည္။ အခိုင္ လိုက္ပြင့္တတ္သည္။ အသီးမွာ ငရုတ္ေကာင္းေစ႔ခန္႔ရွိကာ အသီးမွည့္လွ်င္ အနီေရာင္ ရွိသည္။

ျဗတိသွ်ေဆးက်မ္းႏွင့္ အိႏၵိယေဆးက်မ္းမ်ားအဆိုအရ ရွဥ့္မတက္၏ အေညွာက္ႏွင့္ ဥသည္ ဆီးရႊင္၀မ္းသက္ေစျပီး ႏွလံုးလုပ္ငန္းမ်ားကိုလည္းမွန္ကန္ညီညြတ္ေစသည္။ ရွဥ္႔မတက္တြင္ Asparagin ဓာတ္တစ္မ်ိဳးပါ၀င္ျပီး ယင္းဓာတ္၏ အက်ိဳးတရားမ်ား ျဖစ္ေလသည္။ ေဖာေရာင္နာ၊ ျမစ္ေခ်ာက္နာႏွင့္ ႏွလံုးတုန္ရင္ခုန္ေရာဂါမ်ားတြင္ အမ်ားဆံုးသံုးေလသည္။ ေလထိုးေလေအာင့္၊ေက်ာက္တည္ေရာဂါ၊ ဒူလာပါဒရက္ ေရာဂါ မ်ားအတြက္လည္း မ်ားစြာအက်ိဳးျပဳေလသည္။

သိပၸံနည္းက်ဓာတ္ခဲြၾကည့္ပါမူရွဥ္႔မတက္ (၅)က်ပ္သား တြင္

ကယ္လိုရီခြန္အားယူနစ္ ၁၄

ေရေငြ႔ဓာတ္ ၉၂.၉ဂရမ္

အသားဓာတ္ ၁.၄ဂရမ္

ထံုးဓါတ္ ၂၁.၀မီလီဂရမ္

သံဓာတ္ ၉ မီလီဂရမ္

ဗီတာမင္(ေအ) ၁၀၀၀ယူနစ္

ဗီတာမင္(ဘီ) ၀.၁၆ယူနစ္

ဗီတာမင္(ဘီ၂) ၀.၁၉မီလီဂရမ္

နိုင္ယာစင္ဓာတ္ ၁.၄မီလီဂရမ္

ဗီတာမင္(စီ) ၃၃.၀မီလီဂရမ္တို႔ ပါ၀င္သည္။

ျမန္မာေဆးက်မ္းမ်ားအလိုအရ။ ရွဥ္႔မတက္သည္ခ်ိဳဆိမ္႔၏၊ခါး ၏၊ ခြန္အားကိုျဖစ္ေစ၏။ ၀မ္းမီးကို ေတာက္ေစကာ ၀ျဖိဳးေစ၏။ သုက္၊နို႔ရည္ကိုပြားမ်ားေစ၏။ ႏွလံုး ေရာဂါ၊ေသြးအန္၊ ေသြးက်၊ အဆုတ္နာတို႔ကို ေပ်ာက္ေစ၏သလိပ္သည္းေျခကိုနိုင္၏။ ေသြးလံုးေလလံုး ေရာဂါ၊ေဖါေရာင္ျခင္း၊မ်က္စိေရာဂါ၊အဖ်ားေရာဂါတို႔ကို ပယ္၏။ ရွဥ့္မတက္၏ စြမ္းရည္သည္ တစ္ကိုယ္လံုးကိုပ်ံ႕ႏွံ႔ေစကာ အက်ိဳးကိုျပဳသည္။ အသက္ ကိုလည္းရွည္ေစသည္ဟု ညႊန္းဆိုထားသည္။ဓါတ္သေဘာအရ သီတေတေဇာဓာတ္စာ၊ ဆီးမ်ား၊ ေလသက္ဟု မွတ္ေလသည္။

ဥအသံုး၀င္ပံု

(၁) ရွဥ္႔မတက္ဥကို ခ်က္ျပဳတ္စားျခင္း၊ႏြားနို႔ႏွင့္ ေရာက်ိဳ၍ သံုးေဆာင္ပါက ခြန္အားကို သိသာစြာတိုး၏။

(၂) ေခ်ာင္းေျခာက္ေရာဂါအတြက္ ရွဥ္႔မတက္ဥ၊မုယားၾကီးရြက္၊ သၾကားခဲျဖင့္ ေရာ ၍ေသာက္ရ၏။

(၃) အဆစ္အျမစ္မ်ား ေရာင္ရမ္းကိုက္ခဲျခင္းႏွင့္ တစ္ကိုယ္ လံုးကိုေဖါက္ျပန္ေစ သည့္ေလေရာဂါအတြက္ ရွဥ္႔မတက္ ဥရည္ သက္သက္ျဖင့္ခ်က္ထားေသာ ဆီျဖင့္ လိမ္းက်ံေပးရ၏။

(၄) ရွဥ္႔မတက္ဥကို က်ိဳ၍ သၾကားခဲေရာျပီး ပ်ားရည္ႏွင့္စပ္ေသာက္ပါက ဆီးပူ ေသာေရာဂါႏွင့္ ဆီးေအာင့္ေသာ ေရာဂါကို ေပ်ာက္ကင္းေစ၏။

(၅) ရွဥ္႔မတက္ ဥရည္တြင္ ပ်ားရည္ႏွင့္ ႏြားနို႔ေရာျပီး နံနက္၌ ေသာက္ပါက အပူအကိုက္ႏွင့္ သည္းေျခေရာဂါတို႔ကို ေပ်ာက္ ကင္းေစသည္။

(၆) ရွဥ္႔မတက္ဥကိုၾကိ္တ္၍ ညွစ္ရည္ႏွင့္ႏြားနို႕ေရာျပီး ေသာက္ သံုးေပးပါက ေက်ာက္တည္ေရာဂါကိုေပ်ာက္၏။

(၇) ရွဥ္႔မတက္ဥကိုၾကိတ္၍ ပ်ားရည္ေရာေသာက္ပါက မီးယပ္ေရာဂါေပ်ာက္၏။

(ဂ) သားသည္မိခင္မ်ားရွဥ္႔မတက္ဥအမွဳန္႔ကို ႏြားနို႕ႏွင့္ ေရာစပ္ေသာက္ျခင့္ျဖင့္ မိခင္၏ နို႔ရည္ကို တိုးပြားေစ၏။

(၉) ရွဥ္႔မတက္ဥရည္တြင္ ႏြားနို႔ေရာ၍ေသာက္ပါက အဆိပ္သင့္ျခင္းအမ်ိဳးမ်ိဳးကိုေပ်ာက္ ၏။

(၁၀) ခြန္အားတက္ၾကြေစရန္ကား ရွဥ္႔မတက္ဥကို အမွဳန္႔ၾကိတ္ျပီး ပ်ားရည္၊ ငရုတ္ေကာင္း အနည္းငယ္ ေရာစပ္ေသာက္ရ၏။

Credit to က်မ္းကိုး

ျမန္မာ့ေဆး၀ါးပင္မ်ား

အဟာရစြယ္စံုအဘိဓာန္ ေက်းဇူးေတာ္ရွင္မဟာေဗာဓိျမိဳင္ဆရာေတာ္ၾကီးအား အာရံုျဖင့္ ဦးခိုက္လွ်က္

Credit to ရဲမ်ိဳူးသူ(ေဗာဓိျမိဳင္)

Unicode

ရှဉ့်မတက်ကို ကုန်းကညွှတ်ဟုလည်းခေါ်ကြသည်။ ရှဉ့်မတက်၏ ရုက္ခဗေဒအမည် မှာ(Asparagus Racemosus Lin) ဖြစ်သည်။ မြန်မာအမည်ဖြင့် ကညွတ်ရှဉ့်မတက်ဟု ခေါ်သည်။ ရှဉ့်မတက်၏ မူလမျိုးရင်းမှာ နှင်းပန်းမျိုးရင်း ဖြစ်သည်။

ပုံသဏ္ဍာန်အားဖြင့် ဆူးခြုံနွယ်ဖြစ်ပြီး ဆူးငယ်လေးများ အများအပြား ပါရှိ လေသည်။ အပင်အောက်ခြေမြေကြီးထဲတွင် ဥများ များပြားစွာအုနေတတ်သည်။ အရွက်မှာ ငှက် မွှေးရွက် ပေါင်းဖြစ်သည်။ရွက်မြွာများမှာ အစိမ်းရင့်ရောင်ရှိ၍ အပ်ချောင်း သဏ္ဍာန်ဖြစ် သည်။ ရှဉ့်မတက်အပွင့်မှာ ဖြူ၍သေးငယ်သည်။ မွှေးကြိုင်သော အနံ့ရှိသည်။ အခိုင် လိုက်ပွင့်တတ်သည်။ အသီးမှာ ငရုတ်ကောင်းစေ့ခန့်ရှိကာ အသီးမှည့်လျှင် အနီရောင် ရှိသည်။

ဗြတိသျှဆေးကျမ်းနှင့် အိန္ဒိယဆေးကျမ်းများအဆိုအရ ရှဉ့်မတက်၏ အညှောက်နှင့် ဥသည် ဆီးရွှင်ဝမ်းသက်စေပြီး နှလုံးလုပ်ငန်းများကိုလည်းမှန်ကန်ညီညွတ်စေသည်။ ရှဉ့်မတက်တွင် Asparagin ဓာတ်တစ်မျိုးပါ၀င်ပြီး ယင်းဓာတ်၏ အကျိုးတရားများ ဖြစ်လေသည်။ ဖောရောင်နာ၊ မြစ်ချောက်နာနှင့် နှလုံးတုန်ရင်ခုန်ရောဂါများတွင် အများဆုံးသုံးလေသည်။ လေထိုးလေအောင့်၊ကျောက်တည်ရောဂါ၊ ဒူလာပါဒရက် ရောဂါ များအတွက်လည်း များစွာအကျိုးပြုလေသည်။

သိပ္ပံနည်းကျဓာတ်ခွဲကြည့်ပါမူရှဉ့်မတက် (၅)ကျပ်သား တွင်

ကယ်လိုရီခွန်အားယူနစ် ၁၄

ရေငွေ့ဓာတ် ၉၂.၉ဂရမ်

အသားဓာတ် ၁.၄ဂရမ်

ထုံးဓါတ် ၂၁.၀မီလီဂရမ်

သံဓာတ် ၉ မီလီဂရမ်

ဗီတာမင်(အေ) ၁၀၀၀ယူနစ်

ဗီတာမင်(ဘီ) ၀.၁၆ယူနစ်

ဗီတာမင်(ဘီ၂) ၀.၁၉မီလီဂရမ်

နိုင်ယာစင်ဓာတ် ၁.၄မီလီဂရမ်

ဗီတာမင်(စီ) ၃၃.၀မီလီဂရမ်တို့ ပါ၀င်သည်။

မြန်မာဆေးကျမ်းများအလိုအရ။ ရှဉ့်မတက်သည်ချိုဆိမ့်၏၊ခါး ၏၊ ခွန်အားကိုဖြစ်စေ၏။ ၀မ်းမီးကို တောက်စေကာ ၀ဖြိုးစေ၏။ သုက်၊နို့ရည်ကိုပွားများစေ၏။ နှလုံး ရောဂါ၊သွေးအန်၊ သွေးကျ၊ အဆုတ်နာတို့ကို ပျောက်စေ၏သလိပ်သည်းခြေကိုနိုင်၏။ သွေးလုံးလေလုံး ရောဂါ၊ဖေါရောင်ခြင်း၊မျက်စိရောဂါ၊အဖျားရောဂါတို့ကို ပယ်၏။ ရှဉ့်မတက်၏ စွမ်းရည်သည် တစ်ကိုယ်လုံးကိုပျံ့နှံ့စေကာ အကျိုးကိုပြုသည်။ အသက် ကိုလည်းရှည်စေသည်ဟု ညွှန်းဆိုထားသည်။ဓါတ်သဘောအရ သီတတေဇောဓာတ်စာ၊ ဆီးများ၊ လေသက်ဟု မှတ်လေသည်။

ဥအသုံးဝင်ပုံ

(၁) ရှဉ့်မတက်ဥကို ချက်ပြုတ်စားခြင်း၊နွားနို့နှင့် ရောကျို၍ သုံးဆောင်ပါက ခွန်အားကို သိသာစွာတိုး၏။

(၂) ချောင်းခြောက်ရောဂါအတွက် ရှဉ့်မတက်ဥ၊မုယားကြီးရွက်၊ သကြားခဲဖြင့် ရော ၍သောက်ရ၏။

(၃) အဆစ်အမြစ်များ ရောင်ရမ်းကိုက်ခဲခြင်းနှင့် တစ်ကိုယ် လုံးကိုဖေါက်ပြန်စေ သည့်လေရောဂါအတွက် ရှဉ့်မတက် ဥရည် သက်သက်ဖြင့်ချက်ထားသော ဆီဖြင့် လိမ်းကျံပေးရ၏။

(၄) ရှဉ့်မတက်ဥကို ကျို၍ သကြားခဲရောပြီး ပျားရည်နှင့်စပ်သောက်ပါက ဆီးပူ သောရောဂါနှင့် ဆီးအောင့်သော ရောဂါကို ပျောက်ကင်းစေ၏။

(၅) ရှဉ့်မတက် ဥရည်တွင် ပျားရည်နှင့် နွားနို့ရောပြီး နံနက်၌ သောက်ပါက အပူအကိုက်နှင့် သည်းခြေရောဂါတို့ကို ပျောက် ကင်းစေသည်။

(၆) ရှဉ့်မတက်ဥကိုကြိ်တ်၍ ညှစ်ရည်နှင့်နွားနို့ရောပြီး သောက် သုံးပေးပါက ကျောက်တည်ရောဂါကိုပျောက်၏။

(၇) ရှဉ့်မတက်ဥကိုကြိတ်၍ ပျားရည်ရောသောက်ပါက မီးယပ်ရောဂါပျောက်၏။

(ဂ) သားသည်မိခင်များရှဉ့်မတက်ဥအမှုန့်ကို နွားနို့နှင့် ရောစပ်သောက်ခြင့်ဖြင့် မိခင်၏ နို့ရည်ကို တိုးပွားစေ၏။

(၉) ရှဉ့်မတက်ဥရည်တွင် နွားနို့ရော၍သောက်ပါက အဆိပ်သင့်ခြင်းအမျိုးမျိုးကိုပျောက် ၏။

(၁၀) ခွန်အားတက်ကြွစေရန်ကား ရှဉ့်မတက်ဥကို အမှုန့်ကြိတ်ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရောစပ်သောက်ရ၏။

Credit to ကျမ်းကိုး

မြန်မာ့ဆေးဝါးပင်များ

အဟာရစွယ်စုံအဘိဓာန် ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးအား အာရုံဖြင့် ဦးခိုက်လျှက်

Credit to ရဲမျိုူးသူ(ဗောဓိမြိုင်)