
အဟာရဓါတ္ၾကြယ္၀စြာပါ၀င္ၿပီး လူႀကိဳက္မ်ားတဲ့ ပဲပင္ေပါက္အေၾကာင္းကို ေျပာရမယ္ဆိုရင္ေတာ့ ဗီတာမင္ B,C,B1,B6,K,A စတဲ့ဓါတ္ေတြၾကြယ္၀စြာပါ၀င္တဲ့ ပဲမ်ိဳးျဖစ္ပါတယ္ေနာ္။
ဒါတင္မကေသးပါဘူး။ သံဓါတ္၊ မဂၢနီဆီယမ္၊ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္ အျပင္ Omega 3 Fatty Acids ၾကြယ္၀စြာပါ၀င္ပါတယ္။ ပဲပင္ေပါက္ရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့
ကင္ဆာကာကြယ္ေပးျခင္း
ပဲပင္ေပါက္ဟာ အျမင္ဓါတ္ေတြၾကြယ္၀စြာပါ၀င္ၿပီး အူမႀကီးကို သန္႔စင္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ကင္ဆာေရာဂါကို ႀကိဳတင္ကာကြယ္ႏိုင္တဲ့ ဂုဏ္သတၱိေတြလည္း ပါ၀င္ပါတယ္။ Antioxidant ေတြၾကြယ္၀စြာပါ၀င္ၿပီးေတာ့ ကင္ဆာအမ်ိဳးမ်ိဳးျဖစ္ပြားမႈကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ စားေပးသင့္ပါတယ္။
ႏွလံုးေရာဂါျဖစ္ပြားမႈနဲ႔ ေလျဖတ္ျခင္းကို ကာကြယ္ေပးျခင္း
ႏွလံုးေရာဂါျဖစ္ပြားမႈ နဲ႔ ေလျဖတ္မႈတို႔ဟာ ေသြးတြင္းမွာ အဆီဓါတ္ပါ၀င္မႈျမင့္မားတာ နဲ႔ ဆက္စပ္ေနပါတယ္။ ပဲပင္ေပါက္ကို မ်ားမ်ားစားေပးတာဟာ ေသြးတြင္းကိုလက္စထေရာ္ပါ၀င္မႈကို ေလွ်ာ့က်ေစၿပီး အဆီပါ၀င္မႈကိုလည္း ေလွ်ာ့ခ်ေပးလို႔ စားေပးသင့္ပါတယ္။
အရိုးပြေရာဂါကာကြယ္ေပးျခင္း
အရိုးအားနည္းတာ အရိုးပြေရာဂါမျဖစ္ေစဖို႔အတြက္ ကယ္လ္ဆီယမ္ဓါတ္ၾကြယ္၀တဲ့အစားအစာ မ်ားမ်ားစားေပးသင့္ပါတယ္။ ပဲပင္ေပါက္မွာ ကယ္လ္ဆီယမ္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ အရိုးကို က်န္းမာေစပါတယ္။
ကိုယ္ခံအားစနစ္
ပဲပင္ေပါက္မွာ သဘာ၀အတိုင္း ဆဲလ္ေတြကိုေသေစတဲ့ ဓါတ္ေတြပါ၀င္လို႔ ကိုယ္ခံအားစနစ္ကို ပိုမိုေကာင္းမြန္ေစၿပီး က်န္းမာေစပါတယ္။
အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း
အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။
အသားအေရအတြက္
ပဲပင္ေပါက္ဟာ အသားအေရေကာင္းမြန္ေစတဲ့ ပဲတစ္မ်ိဳးပါ။ ဗီတာမင္ E ၾကြယ္၀စြာပါ၀င္လို႔ အသားအေရကို ႏုပ်ိဳေစပါတယ္။
ကိုယ္အေလးခ်ိန္က်ေစျခင္း
အဆီမပါလို႔ ကိုယ္အေလးခ်ိန္က်ေစပါတယ္။ ဆီးခ်ိဳျဖစ္ပြားမႈကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အမ်ိဳးသမီးတို႔ ဓမၼတာကာလ ဗိုက္နာတာ မအီမသာျဖစ္တာကို ကာကြယ္ေပးတယ္။
ရာသီမလာခင္ ဘယ္ေလာက္နာက်င္တယ္ဆိုတာ အမ်ဳိးသမီးထုႀကီးကပဲ သိရွိနားလည္မွာပါ။ ပဲပင္ေပါက္ကို စားေပးမယ္ဆိုရင္ ဓမၼတာကာလနဲ႔ အႀကိဳကာလေတြမွာ ဗိုက္နာ ခါးနာတာ မအီမသာျဖစ္တာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ အမ်ိဳးသမီးတို႔အတြက္ အထူးေကာင္းမြန္တဲ့ အစားအစာျဖစ္ပါတယ္။
ဒါ့အျပင္ တျခားက်န္းမာေရးအက်ိဳးေက်းဇဴးေတြလည္းရွိပါေသးတယ္။ အသည္းကိုက်န္းမာေစၿပီး စိတ္ဖိစီးမႈကို ေလွ်ာ့က်ေစပါတယ္။ ကိုယ္၀န္ေဆာင္မိခင္ေတြအတြက္လည္း အထူးသင့္ေတာ္ၿပီး ကေလးကို က်န္းက်န္းမာမာနဲ႔ ေမြးဖြားႏိုင္ပါတယ္။
အဖိုးနည္းေပမယ့္လည္း က်န္းမာေရးအက်ိဳးေက်းဇူးကေတာ့ အ့ံမခန္းမို႔ ပဲပင္ေပါက္ကို မ်ားမ်ားစားေပးဖို႔ အႀကံျပဳလိုက္ပါတယ္။
Unicode
အဟာရဓါတ်ကြွယ်ဝစွာပါ၀င်ပြီး လူကြိုက်များတဲ့ ပဲပင်ပေါက်အကြောင်းကို ပြောရမယ်ဆိုရင်တော့ ဗီတာမင် B,C,B1,B6,K,A စတဲ့ဓါတ်တွေကြွယ်ဝစွာပါ၀င်တဲ့ ပဲမျိုးဖြစ်ပါတယ်နော်။
ဒါတင်မကသေးပါဘူး။ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် အပြင် Omega 3 Fatty Acids ကြွယ်ဝစွာပါ၀င်ပါတယ်။ ပဲပင်ပေါက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
ကင်ဆာကာကွယ်ပေးခြင်း
ပဲပင်ပေါက်ဟာ အမြင်ဓါတ်တွေကြွယ်ဝစွာပါ၀င်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါ၀င်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါ၀င်ပြီးတော့ ကင်ဆာအမျိုးမျိုးဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားပေးသင့်ပါတယ်။
နှလုံးရောဂါဖြစ်ပွားမှုနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးခြင်း
နှလုံးရောဂါဖြစ်ပွားမှု နဲ့ လေဖြတ်မှုတို့ဟာ သွေးတွင်းမှာ အဆီဓါတ်ပါ၀င်မှုမြင့်မားတာ နဲ့ ဆက်စပ်နေပါတယ်။ ပဲပင်ပေါက်ကို များများစားပေးတာဟာ သွေးတွင်းကိုလက်စထရော်ပါ၀င်မှုကို လျှော့ကျစေပြီး အဆီပါ၀င်မှုကိုလည်း လျှော့ချပေးလို့ စားပေးသင့်ပါတယ်။
အရိုးပွရောဂါကာကွယ်ပေးခြင်း
အရိုးအားနည်းတာ အရိုးပွရောဂါမဖြစ်စေဖို့အတွက် ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အစားအစာ များများစားပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါ၀င်လို့ အရိုးကို ကျန်းမာစေပါတယ်။
ကိုယ်ခံအားစနစ်
ပဲပင်ပေါက်မှာ သဘာဝအတိုင်း ဆဲလ်တွေကိုသေစေတဲ့ ဓါတ်တွေပါ၀င်လို့ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာစေပါတယ်။
အစာချေစနစ်ကို ကောင်းမွန်စေခြင်း
အမျှင်ဓါတ်တွေကြွယ်ဝစွာပါ၀င်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
အသားအရေအတွက်
ပဲပင်ပေါက်ဟာ အသားအရေကောင်းမွန်စေတဲ့ ပဲတစ်မျိုးပါ။ ဗီတာမင် E ကြွယ်ဝစွာပါ၀င်လို့ အသားအရေကို နုပျိုစေပါတယ်။
ကိုယ်အလေးချိန်ကျစေခြင်း
အဆီမပါလို့ ကိုယ်အလေးချိန်ကျစေပါတယ်။ ဆီးချိုဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အမျိုးသမီးတို့ ဓမ္မတာကာလ ဗိုက်နာတာ မအီမသာဖြစ်တာကို ကာကွယ်ပေးတယ်။
ရာသီမလာခင် ဘယ်လောက်နာကျင်တယ်ဆိုတာ အမျိုးသမီးထုကြီးကပဲ သိရှိနားလည်မှာပါ။ ပဲပင်ပေါက်ကို စားပေးမယ်ဆိုရင် ဓမ္မတာကာလနဲ့ အကြိုကာလတွေမှာ ဗိုက်နာ ခါးနာတာ မအီမသာဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတို့အတွက် အထူးကောင်းမွန်တဲ့ အစားအစာဖြစ်ပါတယ်။
ဒါ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ အသည်းကိုကျန်းမာစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အထူးသင့်တော်ပြီး ကလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ပါတယ်။
အဖိုးနည်းပေမယ့်လည်း ကျန်းမာရေးအကျိုးကျေးဇူးကတော့ အ့ံမခန်းမို့ ပဲပင်ပေါက်ကို များများစားပေးဖို့ အကြံပြုလိုက်ပါတယ်။