
For Zawgyi
ဇာတ္ကားတိုင္းမွာ ခံစားခ်က္အစစ္နဲ႔ မ်က္ရည္က်ၿပီး ငိုခဲ့ရလို႔ ႏွလံုးေရာဂါ ရခဲ့တဲ့ မိုးျပည့္ျပည့္ေမာင္
ရုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး မိုးျပည့္ျပည့္ေမာင္ဟာ ကိုယ္ပိုင္ ႐ုပ္ရွင္နဲ႔ ဗီဒီယို ထုတ္လုပ္ျဖန႔္ခ်ီေရး တည္ေထာင္ထားၿပီး အႏုပညာေလာကမ်ာ အခ်ိန္အေတာ္ၾကာ ရပ္တည္ႏိုင္တဲ့ မင္းသမီး တစ္ေယာက္ပါ ။ မိုးျပည့္ရဲ႕ ထူးျခားတဲ့ အခ်က္ကေတာ့ ငိုတဲ့အခန္းေတြမွာ တကယ္ခံစားခ်က္ ထည့္ၿပီး ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တာပဲ ျဖစ္ၿပီး မိုးျပည့္ရဲ႕ ဇာတ္ကားေတြကို ၾကည့္ဖူးတဲ့ ပရိသတ္ေတြအားလံုး သိၾကမယ္ ထင္ပါတယ္ ။
ဇာတ္ကားစ႐ိုက္ထဲက မ်က္ရည္အတု တစ္ခါမွ မသံုးဖူးသလို မ်က္ရည္အတု ထည့္လိုက္ရင္ ဘယ္လိုမွ ဆက္႐ိုက္လို႔ မရေတာ့တာလို႔ မိုးျပည့္က ေျပာျပခဲ့ပါတယ္ ။ အႏုပညာေလာကထဲ စဝက္လာထဲက ရင္ဘက္နဲ႔ ခံစားၿပီး အလုပ္လုပ္္တဲ့သူ ျဖစ္တဲ့အတြက္ ႏွလံုးမေကာင္းေတာ့ဘဲ ဗမာေဆးကို စြဲေသာက္ေနရတဲ့ အေျခေန ျဖစ္ေနတယ္လို႔ သိရပါတယ္ ။ ငိုတာေတြက တကယ့္ရင္ဘက္ထဲက လုပ္ယူရတဲ့အရာ ျဖစ္လို႔ ႏွလံုးေရာဂါ ေတာင္ရေနပါၿပီလို႔ မိုးျပည့္က ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္ ။
သူူမရဲ႕ ထုတ္လုပ္ေရးက ပထမဆုံး ပြဲထြက္အေနနဲ႔ “ျမစ္တစ္စင္းရဲ႕ ေကြၽးကြၽန္မ်ား” ႐ုပ္ရွင္ ဇာတ္ကားႀကီးကို ႐ိုက္ကူး ခဲ့ျပီး ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဦးေက်ာ္သူ ၊ ေက်ာ္ရဲေအာင္ ၊ ေနမ်ိဳးေအာင္ ၊ မင္းဦး ၊ ေအာင္မင္းခန႔္ ၊ ထြန္းအိျႏၵာဗိုလ္ ႏွင့္ မိုးျပည့္ျပည့္ေမာင္တို႔က ပါဝင္ သ႐ုပ္ေဆာင္မွာ ျဖစ္ၿပီး ဒါ႐ိုက္တာ ကိုမ်ိဳးထူးက ႐ိုက္ကူးထားတယ္လို႔ သိရပါတယ္ ။ ရင္ဘတ္ႀကီးနဲ႔ ခံစားၿပီး သ႐ုပ္ေဆာင္ထားတဲ့ မိုးျပည့္ရဲ႕ကားေလး ရံုတင္ရင္လည္း ပရိသတ္ျကီးက အားေပးၾကပါဦးေနာ္ ။
Source- MC
For Unicode
ဇာတ်ကားတိုင်းမှာ ခံစားချက်အစစ်နဲ့ မျက်ရည်ကျပြီး ငိုခဲ့ရလို့ နှလုံးရောဂါ ရခဲ့တဲ့ မိုးပြည့်ပြည့်မောင်
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးပြည့်ပြည့်မောင်ဟာ ကိုယ်ပိုင် ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေး တည်ထောင်ထားပြီး အနုပညာလောကမျာ အချိန်အတော်ကြာ ရပ်တည်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ ။ မိုးပြည့်ရဲ့ ထူးခြားတဲ့ အချက်ကတော့ ငိုတဲ့အခန်းတွေမှာ တကယ်ခံစားချက် ထည့်ပြီး ပီပြင်အောင် သရုပ်ဆောင်နိုင်တာပဲ ဖြစ်ပြီး မိုးပြည့်ရဲ့ ဇာတ်ကားတွေကို ကြည့်ဖူးတဲ့ ပရိသတ်တွေအားလုံး သိကြမယ် ထင်ပါတယ် ။
ဇာတ်ကားစရိုက်ထဲက မျက်ရည်အတု တစ်ခါမှ မသုံးဖူးသလို မျက်ရည်အတု ထည့်လိုက်ရင် ဘယ်လိုမှ ဆက်ရိုက်လို့ မရတော့တာလို့ မိုးပြည့်က ပြောပြခဲ့ပါတယ် ။ အနုပညာလောကထဲ စဝက်လာထဲက ရင်ဘက်နဲ့ ခံစားပြီး အလုပ်လုပ်တဲ့သူ ဖြစ်တဲ့အတွက် နှလုံးမကောင်းတော့ဘဲ ဗမာဆေးကို စွဲသောက်နေရတဲ့ အခြေနေ ဖြစ်နေတယ်လို့ သိရပါတယ် ။ ငိုတာတွေက တကယ့်ရင်ဘက်ထဲက လုပ်ယူရတဲ့အရာ ဖြစ်လို့ နှလုံးရောဂါ တောင်ရနေပါပြီလို့ မိုးပြည့်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။
သူူမရဲ့ ထုတ်လုပ်ရေးက ပထမဆုံး ပွဲထွက်အနေနဲ့ “မြစ်တစ်စင်းရဲ့ ကျွေးကျွန်များ” ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူး ခဲ့ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ဦးကျော်သူ ၊ ကျော်ရဲအောင် ၊ နေမျိုးအောင် ၊ မင်းဦး ၊ အောင်မင်းခန့် ၊ ထွန်းအိန္ဒြာဗိုလ် နှင့် မိုးပြည့်ပြည့်မောင်တို့က ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပြီး ဒါရိုက်တာ ကိုမျိုးထူးက ရိုက်ကူးထားတယ်လို့ သိရပါတယ် ။ ရင်ဘတ်ကြီးနဲ့ ခံစားပြီး သရုပ်ဆောင်ထားတဲ့ မိုးပြည့်ရဲ့ကားလေး ရုံတင်ရင်လည်း ပရိသတ်ကြီးက အားပေးကြပါဦးနော် ။
Source- MC