
ေနရဲကေတာ့ ေမြးေန႔ကို အလႉအတန္းေတြနဲ႔ ျဖတ္သန္းျဖစ္ေနတာ ေတြ႕ရပါတယ္။ဒီေန႔က သူ႔ရဲ႕ အသက္(၂၅)ႏွစ္ျပည့္ ေမြးေန႔ပါ။
ေနရဲတစ္ေယာက္ ေမြးေန႔မွာ ေလးလေလာက္ စိတ္ေကာက္ေနတဲ့ ညီမျဖစ္သူ သဇင္ထူးျမင့္နဲ႔ ျပန္တည့္သြားလို႔ ေပ်ာ္လို႔ေနပါတယ္။ ေမြးေန႔လက္ေဆာင္အျဖစ္ ညီမေလးက သူ႔ကို နမ္းခဲ့တယ္လို႔ မီဒီယာအင္တာဗ်ဴးမွာ ေျဖေပးခဲ့ပါတယ္။
“ဒီႏွစ္ေမြးေန႔ ေပ်ာ္ပါတယ္။ အလႉလုပ္ခြင့္ရတာလည္း ဝမ္းသာတယ္။ ညီမေလးနဲ႔ စိတ္ေကာက္ျပန္ေျပသြားတယ္အဲ့အတြက္လည္း ဝမ္းသာပါတယ္။ေဖေဖက သူ႔ကို မုန႔္ဖိုးေပးမယ္ကြၽန္ေတာ့္ကို နမ္းဆိုလို႔ လာနမ္းတယ္။လက္ေဆာင္မရတဲ့အတြက္ သိပ္ေတ့ာမေက်နပ္ဘူး။ စိတ္ေကာက္ေနတာ သုံးေလးလေလာက္ရွိၿပီ ဘာလို႔ ေကာက္မွန္းမသိကို ေကာက္ေနတာ တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ မ်က္ႏွာခ်င္းလည္း မဆိုင္ျဖစ္ေတာ့ မေခၚျဖစ္တာပါ” ဆိုၿပီး သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။
ေနရဲကေတာ့ ဒီႏွစ္ေမြးေန႔ကို အလႉအတန္းေတြနဲ႔ျဖတ္သန္းခဲ့ပါတယ္။ ေမြးေန႔အလႉအျဖစ္ေနအိမ္ေရွ႕မွာ စတုဒီသာအလႉလုပ္ခဲ့ပါတယ္။ အသက္ (၂၅)ႏွစ္ျပည့္သြားတဲ့ ခံစားခ်က္ေလးကို ေနရဲက ေျပာျပခဲ့ပါေသးတယ္။
“ကြၽန္ေတာ့္ကို ၂၈ ႏွစ္လို႔ထင္တာ ။ ၂၅ ႏွစ္လို႔ မထင္ၾကဘူး။ ကြၽန္ေတာ္ဒီတိုင္ေလးပဲသြားမယ္ အႏုပညာအလုပ္ကို အခြင့္ေရးရသေလာက္ ႀကိဳစားသြးမွာပါ။ ေမြးေန႔လက္ေဆာင္က ကားဝယ္ေပးထားတာ ၾကာၿပီ ႀကိဳဝယ္ေပးထားတာပါ။ စီးေနတာေတာ့ ၾကာၿပီ” ဆိုၿပီး မိဘေတြေပးတဲ့ ေမြးေန႔လက္ေဆာင္ေပးခဲ့တာနဲ႔ ပတ္သက္ၿပီး ေျဖဆိုေပးခဲ့ပါတယ္။
သ႐ုပ္ေဆာင္ခင္လႈိင္ရဲ႕ သားျဖစ္သူ ေနရဲကိုေတာ့ ပရိသတ္ေတြ စတင္သိရွိလာၿပီျဖစ္ပါတယ္။ လက္ရွိမွာလည္း သူတစ္ေယာက္တည္းျဖစ္ေစ၊ ဖခင္ျဖစ္သူနဲ႔ ျဖစ္ေစ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနရတာကိုလည္း ေတြ႕ရပါတယ္။ ေနရဲကိုေတာ့ အက္ရွင္ဇာတ္ကား၊ အခ်စ္ဒရာမာ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတတ္ပါတယ္။ သူဟာ ပရိသတ္အခ်စ္ေတာ္မေလး သဇင္ထူးျမင့္ရဲ႕ အစ္ကိုအရင္းတစ္ေယာက္လည္းျဖစ္ပါတယ္။ မၾကာခင္ ႐ိုက္ေတာ့မယ့္ “ေအာင္ဆန္း” ႐ုပ္ရွင္ဇာတ္ကားမွာ ေနရဲက သခင္လွျမင့္ေနရာတြင္ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။
Unicode ျဖင့္ဖတ္ရန္
စိတ်ကောက်နေတဲ့ ညီမလေးနဲ့ မွေးနေ့မှာ ပြန်တည့်သွားလို့ ပျော်နေတဲ့ နေရဲ
နေရဲကတော့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းဖြစ်နေတာ တွေ့ရပါတယ်။ဒီနေ့က သူ့ရဲ့ အသက်(၂၅)နှစ်ပြည့် မွေးနေ့ပါ။
နေရဲတစ်ယောက် မွေးနေ့မှာ လေးလလောက် စိတ်ကောက်နေတဲ့ ညီမဖြစ်သူ သဇင်ထူးမြင့်နဲ့ ပြန်တည့်သွားလို့ ပျော်လို့နေပါတယ်။ မွေးနေ့လက်ဆောင်အဖြစ် ညီမလေးက သူ့ကို နမ်းခဲ့တယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေပေးခဲ့ပါတယ်။
“ဒီနှစ်မွေးနေ့ ပျော်ပါတယ်။ အလှူလုပ်ခွင့်ရတာလည်း ဝမ်းသာတယ်။ ညီမလေးနဲ့ စိတ်ကောက်ပြန်ပြေသွားတယ်အဲ့အတွက်လည်း ဝမ်းသာပါတယ်။ဖေဖေက သူ့ကို မုန့်ဖိုးပေးမယ်ကျွန်တော့်ကို နမ်းဆိုလို့ လာနမ်းတယ်။လက်ဆောင်မရတဲ့အတွက် သိပ်တေ့ာမကျေနပ်ဘူး။ စိတ်ကောက်နေတာ သုံးလေးလလောက်ရှိပြီ ဘာလို့ ကောက်မှန်းမသိကို ကောက်နေတာ တစ်ယောက်နဲ့တစ်ယောက်နဲ့ မျက်နှာချင်းလည်း မဆိုင်ဖြစ်တော့ မခေါ်ဖြစ်တာပါ” ဆိုပြီး သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
နေရဲကတော့ ဒီနှစ်မွေးနေ့ကို အလှူအတန်းတွေနဲ့ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ်နေအိမ်ရှေ့မှာ စတုဒီသာအလှူလုပ်ခဲ့ပါတယ်။ အသက် (၂၅)နှစ်ပြည့်သွားတဲ့ ခံစားချက်လေးကို နေရဲက ပြောပြခဲ့ပါသေးတယ်။
“ကျွန်တော့်ကို ၂၈ နှစ်လို့ထင်တာ ။ ၂၅ နှစ်လို့ မထင်ကြဘူး။ ကျွန်တော်ဒီတိုင်လေးပဲသွားမယ် အနုပညာအလုပ်ကို အခွင့်ရေးရသလောက် ကြိုစားသွးမှာပါ။ မွေးနေ့လက်ဆောင်က ကားဝယ်ပေးထားတာ ကြာပြီ ကြိုဝယ်ပေးထားတာပါ။ စီးနေတာတော့ ကြာပြီ” ဆိုပြီး မိဘတွေပေးတဲ့ မွေးနေ့လက်ဆောင်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ဖြေဆိုပေးခဲ့ပါတယ်။
သရုပ်ဆောင်ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲကိုတော့ ပရိသတ်တွေ စတင်သိရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာခင် ရိုက်တော့မယ့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ နေရဲက သခင်လှမြင့်နေရာတွင် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source : Cele Yatkwat