You are here
Home > အနုပညာ > ” (၁၀)ႏွစ္နီးပါးေစာင့္ခဲ့ရတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ ဗိုလ္ခ်ဳပ္ ေနရာမွ သရုပ္ေဆာင္စြမ္းရည္ေတြကို ခ်ျပေတာ့မည္ လက္ေရြးစင္ေဘာလံုးသမား ေက်ာ္ေက်ာ္မ်ိဳး “

” (၁၀)ႏွစ္နီးပါးေစာင့္ခဲ့ရတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ ဗိုလ္ခ်ဳပ္ ေနရာမွ သရုပ္ေဆာင္စြမ္းရည္ေတြကို ခ်ျပေတာ့မည္ လက္ေရြးစင္ေဘာလံုးသမား ေက်ာ္ေက်ာ္မ်ိဳး “

ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီလူမင္းကိုယ္တိုင္ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ႐ိုက္ကူးမယ့္” ေအာင္ဆန္း”႐ုပ္ရွင္ဇာတ္ႀကီးကေတာ့ စက္တင္ဘာလ လကုန္ပိုင္းေလာက္မွာ စတင္႐ိုက္ကူးေတာ့မွာလည္းျဖစ္ပါတယ္။ ဒါ႐ိုက္တာအကယ္ဒမီလူမင္းကေတာ့ ဂ်ပန္ႏိုင္ငံကိုသြားေရာက္ၿပီး ဂ်ပန္ျမန္မာခ်စ္ၾကည္ေရး အထိမ္းအမွတ္ေက်ာက္စာတိုင္နဲ႔ “ေအာင္ဆန္း” ႐ုပ္ရွင္အတြက္တန္ဖိုးရွိလွေသာ သမိုင္းအခ်က္အလက္၊အေထာက္အထားေတြကို သြားေရာက္ေလ့လာခဲ့ပါေသးတယ္။

“ေအာင္ဆန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ အဓိကဇာတ္ေဆာင္ ဗိုလ္ခ်ဳပ္ ေနရာမွ ပါဝင္သ႐ုပ္ေဆာင္မည့္သူကေတာ့ ျမန္မာလက္ေ႐ြးစင္ေဘာလုံးသမား ေက်ာ္ေက်ာ္မ်ိဳး ပဲျဖစ္ပါတယ္။သူကေတာ့ လြန္ခဲ့တဲ့ (၁၀)ႏွစ္နီးပါးထဲက လက္ေ႐ြးစင္ေဘာလုံးသမားဘဝကို စြန႔္လႊတ္ၿပီး အဲဒီအခ်ိန္ကတည္းက ဗိုလ္ခ်ဳပ္ဆံပင္ပုံစံထား၊ သ႐ုပ္ေဆာင္နဲ႔ စစ္သင္တန္းေတြတက္၊ ဗိုလ္ခ်ဳပ္ပုံစံ လမ္းေလွ်ာက္သြားလာပုံ၊ စကားေျပာဆိုပုံနဲ႔ ၀တ္စားဆင္ယင္ပုံေတြကို ေလ့လာလိုက္စား၊ မိသားစုေတြကို ေျပာတဲ့ေလသံေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကိုေျပာတဲ့ ဟန္ပန္ေတြကို အခ်ိန္ရရင္ရသလို ေလ့က်င့္ရင္း ဇာတ္ကား႐ိုက္ကူးခ်ိန္ကို ေစာင့္စားေနခဲ့ပါတယ္။

(၁၀)ႏွစ္နီးပါးေစာင့္ခဲ့ရတဲ့ “ေအာင္ဆန္း” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ေနာက္ဆံုး စတင္ရိုက္ကူးေတာ့မွာ ျဖစ္ျပီး အခုလိုေစာင့္စားခဲ့ရတဲ့အေပၚ ေနာင္တမရခဲ့ပါဘူးလို႔ဆိုထားပါတယ္။ေဘာလံုးသမား ဘ၀ေလးကို တစ္ခါခါျပန္လြမ္းမိေနတ့ဲအေၾကာင္း ေျပာထားျပီး ေစာင့္ရတဲ့ ပရိသတ္ေတြရဲ႕ ရိုက္မွရိုက္ပါ့မလား လို႕ဆူတာေတြလည္း ၾကံဳခဲ့ရတယ္လို႔ သိရပါတယ္။” ေအာင္ဆန္း ” ရုပ္ရွင္ဇာတ္ကားၾကီး ထြက္ရိွလာရင္ေတာ့ ေစာင့္စားခဲ့ရတာနဲ႕တန္ေအာင္ အေကာင္းဆံုးၾကိဳးစားသြားပါ့မယ္လို႕ ေျပာသြားပါတယ္။CeleGabar ပရိသတ္ၾကီးထဲမွာေရာ ” ေအာင္ဆန္း ” ရုပ္ရွင္ကို (၁၀)ႏွစ္နီးပါးေစာင့္စားခဲ့ရတဲ့ ပရိသတ္ေတြရိွလား။

Source: Exclusive on CeleGabar
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” (၁၀)နှစ်နီးပါးစောင့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗိုလ်ချုပ် နေရာမှ သရုပ်ဆောင်စွမ်းရည်တွေကို ချပြတော့မည် လက်ရွေးစင်ဘောလုံးသမား ကျော်ကျော်မျိုး ”

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလူမင်းကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးမယ့်” အောင်ဆန်း”ရုပ်ရှင်ဇာတ်ကြီးကတော့ စက်တင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ရိုက်ကူးတော့မှာလည်းဖြစ်ပါတယ်။ ဒါရိုက်တာအကယ်ဒမီလူမင်းကတော့ ဂျပန်နိုင်ငံကိုသွားရောက်ပြီး ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်စာတိုင်နဲ့ “အောင်ဆန်း” ရုပ်ရှင်အတွက်တန်ဖိုးရှိလှသော သမိုင်းအချက်အလက်၊အထောက်အထားတွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ဆောင် ဗိုလ်ချုပ် နေရာမှ ပါဝင်သရုပ်ဆောင်မည့်သူကတော့ မြန်မာလက်ရွေးစင်ဘောလုံးသမား ကျော်ကျော်မျိုး ပဲဖြစ်ပါတယ်။သူကတော့ လွန်ခဲ့တဲ့ (၁၀)နှစ်နီးပါးထဲက လက်ရွေးစင်ဘောလုံးသမားဘဝကို စွန့်လွှတ်ပြီး အဲဒီအချိန်ကတည်းက ဗိုလ်ချုပ်ဆံပင်ပုံစံထား၊ သရုပ်ဆောင်နဲ့ စစ်သင်တန်းတွေတက်၊ ဗိုလ်ချုပ်ပုံစံ လမ်းလျှောက်သွားလာပုံ၊ စကားပြောဆိုပုံနဲ့ ဝတ်စားဆင်ယင်ပုံတွေကို လေ့လာလိုက်စား၊ မိသားစုတွေကို ပြောတဲ့လေသံတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုပြောတဲ့ ဟန်ပန်တွေကို အချိန်ရရင်ရသလို လေ့ကျင့်ရင်း ဇာတ်ကားရိုက်ကူးချိန်ကို စောင့်စားနေခဲ့ပါတယ်။

(၁၀)နှစ်နီးပါးစောင့်ခဲ့ရတဲ့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ နောက်ဆုံး စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး အခုလိုစောင့်စားခဲ့ရတဲ့အပေါ် နောင်တမရခဲ့ပါဘူးလို့ဆိုထားပါတယ်။ဘောလုံးသမား ဘဝလေးကို တစ်ခါခါပြန်လွမ်းမိနေတဲ့အကြောင်း ပြောထားပြီး စောင့်ရတဲ့ ပရိသတ်တွေရဲ့ ရိုက်မှရိုက်ပါ့မလား လို့ဆူတာတွေလည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။” အောင်ဆန်း ” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်တော့ စောင့်စားခဲ့ရတာနဲ့တန်အောင် အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့ ပြောသွားပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော ” အောင်ဆန်း ” ရုပ်ရှင်ကို (၁၀)နှစ်နီးပါးစောင့်စားခဲ့ရတဲ့ ပရိသတ်တွေရှိလား။

Top
//doruffleton.com/4/3018672