
ဗစ္တိုးရီးယားေလးအမႈရဲ႕၇ႀကိမ္ေျမာက္ တရားခြင္စစ္ေဆးမႈနဲ႔ ေအာင္ႀကီးရဲ႕အာမခံေလွ်ာက္ထားမႈ
ဒီေန႔ဗစ္တိုးရီးယားေလးရဲ႕အမႈကို ၇ႀကိမ္ေျမာက္အျဖစ္ ေနျပည္ေတာ္ ဒဏိၡတခရိုင္တရားရံုးမွာရံုတင္စစ္ေဆးခဲ့ပါတယ္။ ဒီတစ္ေခါက္တရားရံုးရဲ႕စစ္ေဆးမႈမွာ ရွာေဖြပံုစံနဲ႔သက္ေသအျဖစ္သိမ္းဆည္းခဲ့စဥ္က –
သက္ေသအျဖစ္ပါဝင္ခဲ့တဲ့ရာအိမ္မႈးနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးေတြကို စစ္္ေဆးေမးျမန္းခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
တရားရံုးကဆင့္ေခၚခဲ့တဲ့သက္ေသက ၃ေယာက္ျဖစ္ေပမယ့္ တစ္ေယာက္ဟာ က်န္းမာေရးအရခြဲစိတ္မႈျပဳလုပ္ေနရတဲ့အတြက္မလာျဖစ္ခဲ့ဘူးလို႔သိရပါတယ္။ တရားရံုးက ဘယ္ေန႔ေတြမွာ ဘယ္သူေတြက ဘယ္ပစၥည္းေတြကိုသက္ေသအျဖစ္သိမ္းသြားခဲ့သလဲဆိုတဲ့အခ်က္ကိုစစ္ေဆးတာျဖစ္တယ္လို႔ ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ရဲ႕ေျပာျပခ်က္အရသိရပါတယ္။
ဒီေန႔တရားခြင္ၿပီးဆံုးခါနီးမွာ သံသယတရားခံကိုေအာင္ႀကီးရဲ႕ေရွ႕ေန႔က ကိုေအာင္ႀကီးအတြက္အာမခံေလွ်ာက္ထားခဲ့ၿပီး ဥပေဒအရာရွိျဖစ္သူက ကန္႔ကြက္တာေကာ ေထာက္ခံတာပါမလုပ္ပဲ ေနာက္ရံုးခ်ိန္းမွာတင္ျပမယ္လို႔သာေျပာသြားခဲ့ပါတယ္။
လာမယ့္ ၈ႀကိမ္ေျမာက္ရံုးခ်ိန္းမွာ သံသယတရားခံကိုေအာင္ႀကီးနဲ႔ပတ္သတ္တဲ့စီရင္ခ်က္ေတြခ်မွတ္ေတာ့မွာျဖစ္ၿပီး တရားရံုးေတာ္ရဲ႕ဆံုးျဖတ္ခ်က္ဟာဘယ္လိုျဖစ္မလဲဆိုတဲ့အခ်က္ရဟ္ အကယ္၍ကိုေအာင္ႀကီးကို တရားခံမဟုတ္ဘူးလို႔တရားရံုးေတာ္ကသတ္မွတ္ခဲ့ရင္ ကိုေအာင္ႀကီးကိုတရားခံပါလို႔ရံုးေတာ္မွာတင္သြင္းခဲ့တဲ့ တာဝန္ရွိသူေတြကေကာ ဘယ္လိုတာဝန္ယူမႈမ်ိဳးယူၾကရမလဲဆိုတာအပါအဝင္ –
တရားခံအစစ္ကိုဘယ္လိုေဖာ္ထုတ္မလဲနဲ႔ သက္ေသခိုင္လံုမႈေတြအေပၚ ျပည္သူလူထုကေစာင့္ၾကည့္ေနရေတာ့မွာပါပဲ။
Yenin Phawah-APANNPYAY
Source-bbc burmese
Unicode
ဗစ်တိုးရီးယားလေးအမှုရဲ့ရကြိမ်မြောက် တရားခွင်စစ်ဆေးမှုနဲ့ အောင်ကြီးရဲ့အာမခံလျှောက်ထားမှု
ဒီနေ့ဗစ်တိုးရီးယားလေးရဲ့အမှုကို ရကြိမ်မြောက်အဖြစ် နေပြည်တော် ဒဏ္ခိတခရိုင်တရားရုံးမှာရုံတင်စစ်ဆေးခဲ့ပါတယ်။ ဒီတစ်ခေါက်တရားရုံးရဲ့စစ်ဆေးမှုမှာ ရှာဖွေပုံစံနဲ့သက်သေအဖြစ်သိမ်းဆည်းခဲ့စဉ်က –
သက်သေအဖြစ်ပါဝင်ခဲ့တဲ့ရာအိမ်မှုးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို စစ််ဆေးမေးမြန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တရားရုံးကဆင့်ခေါ်ခဲ့တဲ့သက်သေက ၃ယောက်ဖြစ်ပေမယ့် တစ်ယောက်ဟာ ကျန်းမာရေးအရခွဲစိတ်မှုပြုလုပ်နေရတဲ့အတွက်မလာဖြစ်ခဲ့ဘူးလို့သိရပါတယ်။ တရားရုံးက ဘယ်နေ့တွေမှာ ဘယ်သူတွေက ဘယ်ပစ္စည်းတွေကိုသက်သေအဖြစ်သိမ်းသွားခဲ့သလဲဆိုတဲ့အချက်ကိုစစ်ဆေးတာဖြစ်တယ်လို့ ရှေ့နေဒေါ်ရွက်နုအောင်ရဲ့ပြောပြချက်အရသိရပါတယ်။
ဒီနေ့တရားခွင်ပြီးဆုံးခါနီးမှာ သံသယတရားခံကိုအောင်ကြီးရဲ့ရှေ့နေ့က ကိုအောင်ကြီးအတွက်အာမခံလျှောက်ထားခဲ့ပြီး ဥပဒေအရာရှိဖြစ်သူက ကန့်ကွက်တာကော ထောက်ခံတာပါမလုပ်ပဲ နောက်ရုံးချိန်းမှာတင်ပြမယ်လို့သာပြောသွားခဲ့ပါတယ်။
လာမယ့် ၈ကြိမ်မြောက်ရုံးချိန်းမှာ သံသယတရားခံကိုအောင်ကြီးနဲ့ပတ်သတ်တဲ့စီရင်ချက်တွေချမှတ်တော့မှာဖြစ်ပြီး တရားရုံးတော်ရဲ့ဆုံးဖြတ်ချက်ဟာဘယ်လိုဖြစ်မလဲဆိုတဲ့အချက်ရဟ် အကယ်၍ကိုအောင်ကြီးကို တရားခံမဟုတ်ဘူးလို့တရားရုံးတော်ကသတ်မှတ်ခဲ့ရင် ကိုအောင်ကြီးကိုတရားခံပါလို့ရုံးတော်မှာတင်သွင်းခဲ့တဲ့ တာဝန်ရှိသူတွေကကော ဘယ်လိုတာဝန်ယူမှုမျိုးယူကြရမလဲဆိုတာအပါအဝင် –
တရားခံအစစ်ကိုဘယ်လိုဖော်ထုတ်မလဲနဲ့ သက်သေခိုင်လုံမှုတွေအပေါ် ပြည်သူလူထုကစောင့်ကြည့်နေရတော့မှာပါပဲ။
Yenin Phawah-APANNPYAY
Source-bbc burmese