
မိုးေဟကိုကေတာ့ (၁၉၉၉)ခုႏွစ္ကတည္းက ေၾကာ္ျငာမင္းသမီးတစ္ေယာက္အေနနဲ႔ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာၿပီး ေမာ္ဒယ္ေလာကကေန သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ကူးေျပာင္းလာကာ လက္ရွိမွာဆိုရင္ အႏုပညာသက္တမ္း ႏွစ္ႏွစ္ဆယ္ခန႔္ ရွိေနၿပီျဖစ္တဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။ယေန႔အခ်ိန္အထိ ဇာတ္ကားေပါင္း (၃၀၀)ေက်ာ္ကို ပါဝင္႐ိုက္ကူးခဲ့ၿပီး (၂၀၁၅)ခုႏွစ္က ကိုရီးယားႏိုင္ငံ၊ ဆိုလ္းၿမိဳ႕မွာ က်င္းပ ျပဳလုပ္ခဲ့တဲ့ “(2015) Asia Model Festival”ပြဲႀကီးမွာ “Asia Model Award” ဆုႀကီးကိုရရွိပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။
မိုးေဟကိုဟာ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္တဲ့သူပီပီ အကယ္ဒမီလူမင္းကိုယ္တိုင္ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ႐ိုက္ကူးမယ့္”ေအာင္ဆန္း”႐ုပ္ရွင္ဇာတ္ကားမွာ အေရးႀကီးတဲ့အမ်ိဳးသမီးဇာတ္ေကာင္ ‘မာရီလွေတာ’ ေနရာက ပါဝင္သ႐ုပ္ေဆာင္ခြင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။”မာရီလွေတာ”ဟာ ရာဇဝတ္ဝန္ေထာက္ ဦးလွေတာရဲ႕ ဇနီးျဖစ္ၿပီး အဂၤလိပ္အစိုးရက အလိုရွိေနတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ က်ဳံမေငးသခင္တင္ေမာင္တို႔ကို ပုလိပ္မ်ားလက္ကေန လြတ္ေျမာက္ေအာင္ ကူညီေပးခဲ့တဲ့သူပဲျဖစ္ပါတယ္။
“ေအာင္ဆန္း” ႐ုပ္ရွင္ဇာတ္ကားကို စက္တင္ဘာလ(၂၆)ရက္ေန႔ကေန ေအာက္တိုဘာလ (၁၅)ရက္အထိ ရန္ကုန္အမ်ိဴးသားျပတိုက္က သီဟာသနပလႅင္ အပါအဝင္ မႏၲေလးျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္၊ အင္းဝဆင္က်ဳံးခံတပ္၊ဗားဂရာေက်ာင္း၊ မယ္ႏုအုတ္ေက်ာင္း၊ နတ္ေမာက္ၿမိဳ႕က ဗိုလ္ခ်ဳပ္ေနအိမ္ေတြမွာ စတင္႐ိုက္ကူးဖို႔ ျပင္ဆင္ေနတယ္လို႔လည္း သိရပါေသးတယ္။ဒါ႐ိုက္တာ လူမင္းကိုယ္တိုင္က ဂ်ပန္ႏိုင္ငံအထိသြားေရာက္ကာ တန္ဖိုးရွိလွတဲ့ သမိုင္းအခ်က္အလက္၊အေထာက္အထားေတြကို သြားေရာက္ေလ့လာခဲ့ရတဲ့ ဒီဇာတ္ကားႀကီးမွာ မိုးတစ္ေယာက္ သူရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြကို ဘယ္လို ခ်ျပမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ CeleGabar ပရိသတ္ႀကီးေရ….
Source ; World Of Film Stars
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။
“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ‘မာရီလှတော’ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တဲ့ မိုးဟေကို”
မိုးဟေကိုကတော့ (၁၉၉၉)ခုနှစ်ကတည်းက ကြော်ငြာမင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး မော်ဒယ်လောကကနေ သရုပ်ဆောင်တစ်ဦးအဖြစ်ကူးပြောင်းလာကာ လက်ရှိမှာဆိုရင် အနုပညာသက်တမ်း နှစ်နှစ်ဆယ်ခန့် ရှိနေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ယနေ့အချိန်အထိ ဇာတ်ကားပေါင်း (၃၀၀)ကျော်ကို ပါဝင်ရိုက်ကူးခဲ့ပြီး (၂၀၁၅)ခုနှစ်က ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ “(2015) Asia Model Festival”ပွဲကြီးမှာ “Asia Model Award” ဆုကြီးကိုရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
မိုးဟေကိုဟာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့သူပီပီ အကယ်ဒမီလူမင်းကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးမယ့်”အောင်ဆန်း”ရုပ်ရှင်ဇာတ်ကားမှာ အရေးကြီးတဲ့အမျိုးသမီးဇာတ်ကောင် ‘မာရီလှတော’ နေရာက ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။”မာရီလှတော”ဟာ ရာဇဝတ်ဝန်ထောက် ဦးလှတောရဲ့ ဇနီးဖြစ်ပြီး အင်္ဂလိပ်အစိုးရက အလိုရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျုံမငေးသခင်တင်မောင်တို့ကို ပုလိပ်များလက်ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့သူပဲဖြစ်ပါတယ်။
“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ(၂၆)ရက်နေ့ကနေ အောက်တိုဘာလ (၁၅)ရက်အထိ ရန်ကုန်အမျိူးသားပြတိုက်က သီဟာသနပလ္လင် အပါအဝင် မန္တလေးမြနန်းစံကျော်ရွှေနန်းတော်၊ အင်းဝဆင်ကျုံးခံတပ်၊ဗားဂရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ နတ်မောက်မြို့က ဗိုလ်ချုပ်နေအိမ်တွေမှာ စတင်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါသေးတယ်။ဒါရိုက်တာ လူမင်းကိုယ်တိုင်က ဂျပန်နိုင်ငံအထိသွားရောက်ကာ တန်ဖိုးရှိလှတဲ့ သမိုင်းအချက်အလက်၊အထောက်အထားတွေကို သွားရောက်လေ့လာခဲ့ရတဲ့ ဒီဇာတ်ကားကြီးမှာ မိုးတစ်ယောက် သူရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ဘယ်လို ချပြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ CeleGabar ပရိသတ်ကြီးရေ….
Source ; World Of Film Stars
Chilli – CeleGabar