
တရုတ်နိုင်ငံရှိဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ဟာ YouTube ပေါ်က ဗီဒီယိုအတိုင်းအရက် ဆီးမီးခွက်ရယ် သံဖြူဖူးနဲ့ပေါက်ပေါက်လုပ်နည်းကို လိုက်လုပ်ခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။
အသက် ၁၄ နှစ်အရွယ် Zhe Zhe ဟာသူမရဲ့သူငယ်ချင်းနဲ့အတူ ပေါက်ပေါက်လုပ်နည်းကို YouTube ပေါ်ကအတိုင်း အိမ်မှာလိုက်လုပ်တဲ့အခါ သူတို့လုပ်တဲ့ပစ္စည်းတွေက အကုန်ပေါက်ကွဲကုန်ပြီး Zhe Zheရဲ့ ခန္ဓ္ဓာကိုယ် ၉၆ ရာခိုင်နှုန်းဟာ မီးလောင်သွားတယ်လို့ Zhe Zhe ရဲ့အဖေကရှင်းပြခဲ့ပါတယ်။
ဒီဗီဒီယိုဟာ ပထမဆုံး ၂၀၁၇ ခုနှစ်က စတင်ပေါ်ခဲ့တာဖြစ်ပြီး ကြည့်ရှူ့သူ သန်း ၁၀၀ ကျော်ကြည့်ရှူ့အားပေးခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို နာမည်ကြီးတရုတ် blogger Ms Yeah ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Ms Yeah က Zhe Zhe ရဲ့ မိသားစုကိုတောင်းပန်ခဲ့ပြီး Zhe Zhe ရဲ့ သေဆုံးမှုကို လျော်ကြေးပေးရန် သူတို့ကိုကမ်းလှမ်းခဲ့ပါတယ်။
Zhe Zhe ရဲ့သူငယ်ချင်း ၁၂ နှစ်အရွယ် Xiao Yu ဟာ တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဒေါင်းပြည်နယ် Zaozhuang ဆေးရုံမှာဒဏ်ရာတွေနဲ့သြဂုတ်လ ၂၂ ရက်နေ့က ဆေးကုသမှုခံယူခဲ့ရပါတယ်။ သူမက Zhe Zhe ဟာ YouTubeပေါ်မှာနာမည်ကြီးနေတဲ့ Ms Yeah ရဲ့ ပေါက်ပေါက်လုပ်နည်းကို အပြင်မှာလိုက်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အရက်ကြောင့်ပေါက်ကွဲပြီးတော့ သူတို့နှစ်ဦးဟာ မီးလောင်ခံရပြီးတော့အိမ်ထဲကထွက်ပြေးခဲ့ရတယ်လို့သူမက ပြောပြခဲ့ပါတယ်။ Zhe Zheရဲ့အမက လူနာတင်ကားကိုခေါ်ပြီးသူတို့ကို Zaozhuangp စည်ပင်ဆေးခန်းကိုပို့ပေးခဲ့တယ်လို့သိခဲ့၇ပါတယ်။
Zhe Zhe ဟာသူမရဲ့ခန္ဓာကိုယ် ၉၆ ရာခိုင်နှုန်းက မီးလောက်ဒဏ်ရာတွေကြောင့် ၂ ပတ်လောက်အထူးကြပ်မတ်ဆောင်မှာကုသမှုခံယူခဲ့ရပါတယ်။
သူမဟာ ရောဂါဝေဒနာကို တော်တော်လေးခံစားခဲ့ရပြီး စက်တင်ဘာလ ၅ ရက်နေ့က သေဆုံးခဲ့ကြောင်းသိရပါတယ်။