
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာ့လွတ်လပ်ရေးဖခင်တစ်ဦး ဖြစ်သလို မြန်မာလူမျိုးတိုင်း လေးစားတန်ဖိုးထားကြတဲ့ အာဇာနည်ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်…မြန်မာ့သမိုင်းမှာ မေ့မရတဲ့ ဗိုလ်ချုပ်ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့စီစဉ်ခဲ့တာ ပရိသတ်ကြီးလည်း သိကြတာဖြစ်ပြီးတော့ ဘယ်တော့များ ကြည့်ရမလဲဆိုပြီး စောင့်မျှော်ခဲ့ကြတာလည်း ဖြစ်ပါတယ်…
ဗိုလ်ချုပ် ရုပ်ရှင်ကို “အောင်ဆန်း” လို့ နာမည်ပေးထားတာဖြစ်ပြီး ဒါရိုက်တာကတော့ လူမင်းပဲ ဖြစ်ပါတယ်… ယနေ့နံနက်ပိုင်းမှာတော့ “အောင်ဆန်း”ရုပ်ရှင်ကန်တော့ပွဲအခမ်းအနား ကို ရွှေတိဂုံဘုရားပေါ်မှာပြုလုပ်ခဲ့ပါတယ်…. အဲဒီအခမ်းအနားကိုတော့ ဒါရိုက်တာ လူမင်းနဲ့ အတူ ရုပ်ရှင်မှာပါဝင်မယ့် အဓိကဇာတ်ဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်…
ဒါ့အပြင် တစ်ဆက်တည်းမှာပဲ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကိုတော့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်…
ခုလို စတင်ရိုက်ကူးနေပြီဖြစ်တဲ့ “အောင်ဆန်း” ရုပ်ရှင်မှာ အဓိက ဇာတ်ဆောင်တွေထဲက တစ်ယောက်လို့ ဆိုရမယ့် ဂဠုန်ဦးစောဇာတ်ရုပ် နေရာမှာ သရုပ်ဆောင်မဲ့လူဘယ်သူလဲ ဆိုတာကို ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိနေတာ ဖြစ်တာကြောင့် ဒါရိုက်တာ လူမင်းကို မေးမြန်းခဲ့ရာမှာ ဂဠုန်ဦးစောဇာတ်ရုပ်နေရာအတွက် သူ့ရဲ့”မြစ်”အရင်းဖြစ်တဲ့ ဇော်ဇော်ပိုင် က သရုပ်ဆောင်မှာဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းက ဆိုခဲ့ပါတယ်… ဂဠုန်ဦးစော ဆိုတာကတော့ ပရိသတ်ကြီးလည်း သိကြမှာပါ…
သူဟာ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်တို့ကြိုးပမ်းရာမှာ ပါဝင်ခဲ့သလို ကြေကွဲစရာဖြစ်ခဲ့ရတဲ့ အာဇာနည်နေ့ ဖြစ်လာမဲ့ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ၉ ဦးဟာ အစည်းအဝေးလုပ်နေစဉ် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သေနတ်သမားတွေကို ကြိုးကိုင်ခိုင်းစေခဲ့တယ်ဆိုပြီး သေဒဏ်ကျခံခဲ့ရသူဖြစ်တာကိုလည်း ပရိတ်သတ်ကြီးတို့လည်း အသိပါ…
ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းနေရာမှာ မင်းသား နိုင်နိုင်းက သရုပ်ဆောင်သွားဖို့ ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းနေရာမှာတော့ ဒီရုပ်ရှင်ထဲပါဖို့ ၇ နှစ် ၈ နှစ်လောက် ပေးဆပ်စောင့်ဆိုင်းနေရတဲ့ ဗိုလ်ချုပ်နဲ့ အရမ်းတူတဲ့ ကျော်ကျော်မျိုးပဲ ဖြစ်ပါတယ်…
ဂဠုန်ဦးစောရဲ့ မြစ်ကို သရုပ်ဆောင်ဖို့ ဘာကြောင့်ရွေးချယ်ရတယ် …ကျန်တဲ့သူတွေကိုရော ဘယ်လိုအချက်တွေကြောင့် ရွေးချယ်ရတယ်ဆိုတာကို ဒါရိုက်တာကြီး လူမင်းက ပြောပြသွားတာလေးတွေကို အောက်က ဗီဒီယိုထဲမှာ ကြည့်နိုင်ပါတယ်….
ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ
Writer – HW (Shwe Yaung Lan)
Video Source : Popular Journal