မွေးနေ့မရောက်သေးဘဲ Supriseလုပ်ပြီးလက်ဆောင်ကြိုပေးတဲ့ချစ်သူလေးကြောင့် ပျော်ရွှင်ကြည်နူးနေရတဲ့ မေသက်ခိုင်

ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ မေသက်ခိုင်ကတော့ အနုပညာလောကထဲကိုဟိုးအရင်ကတည်းကဝင်ရောက်လာခဲ့ပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့သူဖြစ်လို့ ပရိသတ်တွေကသတိထားမိလာပြီးအားပေးလာကြတာဖြစ်ပါတယ်။ဟိုးအရင်တုန်းကဗီဒီယိုဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်လို့ ပရိသတ်တွေကချီးကျူးကြပါတယ်နော်။

Photo Credit:May Thet Khine’s Facebook

Photo Credit:May Thet Khine’s Facebook

Photo Credit:May Thet Khine’s Facebook
အခုချိန်မှာဆိုရင်တော့ မေသက်ခိုင်က ဇာတ်ကားတွေရိုက်ကူးတာကျဲသွားပြီး ကြော်ငြာတွေကိုသာနည်းနည်းပါးပါးရိုက်ကူးနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့နည်းနည်းဝေးကွာသွားတဲ့ မေသက်ခိုင်ကိုတော့ ပရိသတ်တွေကချစ်မြဲအားပေးဆဲဖြစ်ပြီး အနုပညာအလုပ်တွေပြန်လည်လုပ်ဆောင်ဖို့ကိုမျှော်လင့်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:May Thet Khine’s Facebook

Photo Credit:May Thet Khine’s Facebook

Photo Credit:May Thet Khine’s Facebook
မေသက်ခိုင်ကအရမ်းချစ်တတ်ပြီးအလိုက်သိတတ်တဲ့ ချစ်သူတစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် အေးချမ်းပျော်ရွှင်စွာနေထိုင်နေပါတယ်နော်။အခုဆိုရင်လည်း မေသက်ခိုင်ရဲ့ချစ်သူက အလိုက်သိစွာနဲ့ မွေးနေ့မရောက်ခင်မှာကြိုပြီး မွေးနေ့လက်ဆောင်ပေးထားတာကြောင့်”မွေးနေ့သည် မနက်ဖြန်ဆိုသော်လည်း ချစ်ခြင်းတွေသည် ဒီနေ့ထဲကကြိုရောက်နှင့်သည်”ဆိုပြီး ချစ်သူပေးတဲ့မွေးနေ့လက်ဆောင်ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:May Thet Khine’s Facebook

Photo Credit:May Thet Khine’s Facebook

Photo Credit:May Thet Khine’s Facebook