
နန္းစႏၵာလွထြန္းကေတာ့ Miss Myanmar World (2015) Second Runner Up အလွမယ္တစ္ဦးျဖစ္ခဲ့ၿပီး ပရိသတ္ေတြ ႏွစ္ၿခိဳက္အားေပးရတဲ့ MRTV-(4) ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။မည္သည့္ဇာတ္လမ္းတြဲမဆို က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္နဲ႔ သဘာဝက်က်သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးေလးျဖစ္ၿပီး ရွမ္းတိုင္းရင္းသူေလးတစ္ဦးလည္း ျဖစ္ပါတယ္။သူမစတင္႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲကေတာ့ “ပၪၥလက္႐ြာ” ဇာတ္လမ္းတြဲ ျဖစ္ၿပီး ထိုဇာတ္လမ္းကို နယ္ပရိသတ္ေတြသာမက ရန္ကုန္ပရိသတ္ေတြကပါ သေဘာက်ခဲ့ၾကၿပီး ထိုဇာတ္လမ္းတြဲက ဇာတ္ေကာင္နာမည္ကို အစြဲျပဳၿပီး ပရိသတ္ေတြက “ေရဝတီ”လို႔ ခ်စ္စႏိုးနဲ႔ ေခၚေဝၚေလ့ရွိၾကတာပဲ ျဖစ္ပါတယ္။
နာမည္ေက်ာ္ဆရာမႀကီး စႏၵာရဲ႕ ဝတၳဳ ကို ျပန္လည္႐ိုက္ကူးထားတဲ့ “အရိပ္” မွာလည္း နာစ့္ဆရာမေလး “သက္သက္ “အျဖစ္နဲ႔ ပရိသတ္ေတြ ထပ္မံၿပီး အားေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ေနာက္ထပ္ ဇာတ္လမ္းတြဲ တစ္ခုျဖစ္တဲ့ ” ဝကၤပါရွင္းတမ္း ” ဇာတ္လမ္းတြဲမွာ ” ဟန္နီ” ဆိုတဲ့ ဇာတ္ေကာင္ အျဖစ္နဲ႔ ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ မင္းသမီးေလး ပဲ ျဖစ္ၿပီး သူမ ပရိသတ္ေတြနဲ႔လည္း လက္ပြန္းတတီး ရွိကာ သူမရဲ႕ We Love ေတြနဲ႔အတူ အလႉအတန္းမ်ားစြာ ျပဳလုပ္တတ္သူေလးလို႔ဆိုႏိုင္ပါတယ္။မၾကာေသးမီက MRTV-(4) မွာ ျပသၿပီးစီးခဲ့တဲ့ ေငြစကၠဴ(၇)႐ြက္ ဇာတ္လမ္းတြဲမွာလည္း “သရဖီ” ဆိုတဲ့ဇာတ္ေကာင္ေလးနဲ႔ ပရိသတ္ကို ဆြဲေဆာင္ႏိုင္ခဲ့သူေလး ျဖစ္ပါတယ္။
မၾကာေသးမီမွာေတာ့ နယ္ဘက္မွာ “ကြၽန္ေတာ္မုန္းတဲ့ကြၽန္ေတာ္ “ဇာတ္လမ္းတြဲ႐ုိက္ကူးခဲ့တာပဲ ျဖစ္ၿပီး သူမရဲ႕လႈပ္ရွားမႈေတြကို ပရိသတ္ေတြနဲ႔ အဆက္မျပတ္ေအာင္ အၿမဲမွ်ေဝေနတာပဲ ျဖစ္ပါတယ္။လက္ရွိမွာ လည္း ျပင္ဦးလြင္ေရာက္ေနတဲ့ ဗီဒီယိုဖိုင္ေလးကို ပရိသတ္ေတြသိေအာင္ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ အပန္းေျဖခရီးထြက္ေနတဲ့ ေရဝတီေလးကေတာ့ ျပင္ဦးလြင္ မွာ အရမ္းေအးေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။ေရဝတီေလးရဲ႕ ဗီဒီယို ဖိုင္ေလးကိုၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။
Source :Nan Sandar Hla Htun
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္
” ပြင်ဦးလွင်မှာ အပန်းဖြေခရီးထွက်နေတဲ့ ရေဝတီလေးရဲ့ ဗီဒီယိုဖိုင် ”
နန်းစန္ဒာလှထွန်းကတော့ Miss Myanmar World (2015) Second Runner Up အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးရတဲ့ MRTV-(4) ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။မည်သည့်ဇာတ်လမ်းတွဲမဆို ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးဖြစ်ပြီး ရှမ်းတိုင်းရင်းသူလေးတစ်ဦးလည်း ဖြစ်ပါတယ်။သူမစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲ ဖြစ်ပြီး ထိုဇာတ်လမ်းကို နယ်ပရိသတ်တွေသာမက ရန်ကုန်ပရိသတ်တွေကပါ သဘောကျခဲ့ကြပြီး ထိုဇာတ်လမ်းတွဲက ဇာတ်ကောင်နာမည်ကို အစွဲပြုပြီး ပရိသတ်တွေက “ရေဝတီ”လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။
နာမည်ကျော်ဆရာမကြီး စန္ဒာရဲ့ ဝတ္ထု ကို ပြန်လည်ရိုက်ကူးထားတဲ့ “အရိပ်” မှာလည်း နာစ့်ဆရာမလေး “သက်သက် “အဖြစ်နဲ့ ပရိသတ်တွေ ထပ်မံပြီး အားပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲမှာ ” ဟန်နီ” ဆိုတဲ့ ဇာတ်ကောင် အဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ပဲ ဖြစ်ပြီး သူမ ပရိသတ်တွေနဲ့လည်း လက်ပွန်းတတီး ရှိကာ သူမရဲ့ We Love တွေနဲ့အတူ အလှူအတန်းများစွာ ပြုလုပ်တတ်သူလေးလို့ဆိုနိုင်ပါတယ်။မကြာသေးမီက MRTV-(4) မှာ ပြသပြီးစီးခဲ့တဲ့ ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲမှာလည်း “သရဖီ” ဆိုတဲ့ဇာတ်ကောင်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။
မကြာသေးမီမှာတော့ နယ်ဘက်မှာ “ကျွန်တော်မုန်းတဲ့ကျွန်တော် “ဇာတ်လမ်းတွဲရိုက်ကူးခဲ့တာပဲ ဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အမြဲမျှဝေနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ လည်း ပြင်ဦးလွင်ရောက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေသိအောင် ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ အပန်းဖြေခရီးထွက်နေတဲ့ ရေဝတီလေးကတော့ ပြင်ဦးလွင် မှာ အရမ်းအေးကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ရေဝတီလေးရဲ့ ဗီဒီယို ဖိုင်လေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Nan Sandar Hla Htun
Shwe Poe – CeleGabar