
ယနေ့( စက်တင်ဘာ ၂၄)နံနက်ပိုင်းက ရန်ကုန်မြို့ ၊ Novotel Hotel တွင်ကျင်းပပြုလုပ်ခဲ့တဲ့ အောင်ဆန်း ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
အဲ့ဒီနာက်မှာတော့ တာဝန်ခံရိုက်ကူးမည့် ဒါရိုက်တာလူမင်းကို ဗိုလ်ချုပ်ရုပ်ရှင်ကို တနှစ်အတွင်း အပြီးရိုက်မည့်ကိစ္စ “ ဟုတ်ရဲ့လား၊ ပြီးနိုင်ရဲ့လား” လို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ကြောင်း သိရှိရပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် လို့ လူသိများတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနိုင်ရေးအတွက် ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီးတော့ာ ၅ နှစ်တာကာလအတွင်း teaser ၁၁ မိနစ်သာ ရိုက်ကူး နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကော်မတီကို ဖျက်သိမ်းပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဖွဲ့စည်းပေးခဲ့ပြီးတော့ ရိုက်ကူးရေးအတွက် ဒါရိုက်တာအဖြစ် ဦးမင်းထင်ကိုကိုကြီးအား တာဝန်ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂ဝ၁၂ ခုနစ်မှ စတင်ပြီး ရိုက်ကူးရန်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကတော့ ခြောက်နှစ်နီးပါး ကြာမြင့်သည့်တိုင်အောင် ၁၁ မိနစ်စာ teaser လေးသာ အကောင်အထည်မပေါ်သေးသည့်အတွက် ၂၀၁၇ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ မှာ သရုပ်ဆောင်လူမင်းကို
ဒါရိုက်တာအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အခုတော့ ဒါရိုက်တာ လူမင်း က တာဝန်ခံဆောင်ရွက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်
လို့ သိရပါတယ်။
Writer- SMT(Shwe Yaung Lan)