You are here
Home > အနုပညာ > ဒေါင်း နဲ့ ဆုံခွင့် ရလို့ အရမ်းကို ပျော်နေတဲ့ May Grace

ဒေါင်း နဲ့ ဆုံခွင့် ရလို့ အရမ်းကို ပျော်နေတဲ့ May Grace

မော်ဒယ် အချောလေး May Grace ကတော့ သူမ ရဲ့ ဘိုဆန်ဆန် အလှလေးကြောင့် နာမည်ကြီးသူပါ။မော်ဒယ် တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းတွေ ပြည့်မှီနေတဲ့ သူမဟာ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင် ကျတဲ့ အ၀တ်အစားမျိုးကို ရွေးချယ် ၀တ်ဆင်တတ်သူပါ။မေဂရေ့စ် ကတော့ သူမရဲ့ IG မှာ ပုံအသစ်တင် ထားပါတယ်။

တင်ထားတဲ့ ပုံကတော့ တခြားပုံတော့ မဟုတ် ပါဘူး။ မိန်းကလေး ပရိသတ်တွေ ရဲ့ သဲသဲလှုပ်ဝန်းရံအားပေးခံ ထားရတဲ့ မင်းသားချော ဒေါင်းနဲ့ အတူတူ ရိုက်ထားတဲ့ ပုံလေးပါ။ရိုက်ကူးရေးတစ်ခုမှာ ဆုံဖြစ်ကြပုံရပါတယ်။ပုံရဲ့ Caption မှာတော့ ..”hehe look who I ran into! fangirl …..” ဆိုပြီး အခုလို ဆုံခွင့်ရတဲ့ အတွက် အရမ်းကို ပျော် နေပါတယ်။

May Grace ကတော့ အနုပညာ လှုပ်ရှားမှု အနေနဲ့ ဆိုရင် ကြော်ငြာတွေ ရိုက်ကူးပေးဖြစ်တာကိုတွေ့ရပါတယ်။ သူမရဲ့ IG မှာဆိုရင်လည်း ပရိသတ်တွေ အတွက် ပုံအသစ်လေးတွေကို အမြဲဝေမျှ ပေးလေ့ရှိပါတယ်။

ဒေါင်းကတော့ သူ့ရဲ့ ဆိုရှယ် မီဒီယာပေါ်မှာ Active သိပ်မဖြစ်တဲ့ မင်းသားတွေထဲက တစ်ယောက်ပါ။ ပုံတင်ရင် လည်း တခြားဆယ်လီတွေ လို မိန်းကလေးပရိသတ်တွေ ကြွေသွားစေလောက်တဲ့ Caption မျိုးတွေ ရေးတာမျိုး သိပ် မတွေ့ရပါဘူး။အနေအထိုင် တည်ငြိမ်တဲ့ ဒေါင်းကတော့ သရုပ်ဆောင် အလုပ် အပြင် စာပေ နဲ့ ပန်းချီကိုပါ နှစ်သက် မြတ်နိုးသူ တစ်ယောက်ပါ။ သူ့ရဲ့ ညှို့အားပြင်း မျက်ဝန်းတစ်စုံကြောင့် မိန်းကလေးပရိသတ်တွေ ကြားမှာ တော်တော် လေးကို ရေပန်းစားပါတယ်။

Source:မေဂရေ့စ်,CRD-Auntymay

Top
//dolatiaschan.com/4/3018672