






crd : themoonmm

Unicode Version ဖြင့် ဖတ်ပါ
★★★

အခြေအနေ တစ်ခုကြောင့် …မတိုက်ဆိုင် လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့် ပါနဲ့ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ် …ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်~~~

ဘဝရဲ့လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့ တစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာ မုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်းတစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသွားကြရတာပါပဲ

တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ အနားမှာ ထွက်ခွါသွားသူကိုကျေးဇူးတင်လိုက်ပါ … သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ

ဘဝဆိုတာ …?ကိုယ်က ချစ်နေပြန်တော့လည်း တစ်ဖက်သားက မုန်းနေပြန်တတ်တယ်ကိုယ်က မုန်းနေပြန်တော့လည်း တစ်ဖက်သားက ချစ်နေပြန်တတ်တယ်ချစ်ခြင်းမုန်းခြင်းတွေအောက်မှာသိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ တွေ့ကြဆုံကြ ခဏလေးပါ

နေရတဲ့အချိန်လေးမှာကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့သူတစ်ပါကြောင့်လည်းကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါ နဲ့ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်းဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး စာနာတတ်တဲ့ နှလုံးသားကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

crd : themoonmm