You are here
Home > အနုပညာ > .“တကယ်ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်းဘဲမြင်စေရမယ်” လို့ ဆိုလာတဲ့ ကျော်ကျော်မျိုး

.“တကယ်ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်းဘဲမြင်စေရမယ်” လို့ ဆိုလာတဲ့ ကျော်ကျော်မျိုး

ဘောလုံးသမားလေး ကျော်ကျော်မျိုးအဖြစ်ကနေ သရုပ်ဆာင် ကျော်ကျော်မျိုးအဖြစ်ကို မျက်စိမှိတ်ပြီး ကူးပြောင်းခဲ့ကာ အချိန်တွေကြာနေပြီဆိုပေမယ့် ဒီဇာတ်လမ်းကိုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကားကြီးအတွက်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုးစားနေသူဖြစ်ကာ ဒီရုပ်ရှင်ကားကြီးပြီးဖို့ဘဲ ဦးစားပေးရိုက်ကူးသွားမှာဖြစ်ကာ စကားနဲ့ ဘဲမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ပြသွားမယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော်ဝါသနာပါတဲ့ဘောလုံးဘ၀ကို စွန့်လွှတ်ခဲ့ရတာပေါ့ ခုချိန်ထိဘဲ ဒါကိုဘဲ တစိုက်မတ်မတ် ကြိုးစားပြီးလုပ်နေတာပေါ့။ လူတွေက အတ္တနဲ့မကင်းပါဘူး ကိုယ်ဝါသနာပါတာလဲလုပ်ရတယ်ဗျာ လစာလဲကောင်းနေတာ အဲ့လိုဘ၀မျိုးကို တောင်ပစ်ချပြီး ဒါကိုဘဲရွေးချယ်တာ ဘယ်တော့မှလဲနောင်တမရဘူး။တကယ်ကိုမြင့်မြတ်တဲ့အလုပ် ဘယ်လိုအနှောင့်အယှက်အခက်အခဲတွေရှိနေပါစေ ဒီကားပြီးဖို့ဘဲ အရေးကြီးတယ် ဒီကားပေါ်မှာဘဲ အာရုံစိုက်ထားတယ်။ ဒီကားပြီးမှဘဲစိတ်လျှော့မယ်”

“ထောင့်ပေါင်းစုံက အစုံပေါ့ဗျာ သမိုင်းအဖွဲ့ကလူကြီးတွေက မင်းဒီစာအုပ်ဖတ်သင့်တယ် ဒီဟာလေ့လာသင့်တယ် ဆိုတော့ စာအုပ်ပုံတွေကြားမှာဘဲခေါင်းနှစ်နေရတာပေါ့။ အဓိကသရုပ်ဆောင်နေရာဆိုတော့ ဒါကတာဝန်ကြီးတယ်ဗျ တာဝန်လဲ ယူရဲတယ် ကိုယ်လေ့လာထားတာဘဲ ယုံကြည့်မှုလဲ တည်ဆောက်ထားတယ်အမှားများရင်တော့လူတိုင်းကထောက်ပြမှာဘဲ ဒါကတော့နားလည်တယ်”

”လူထုခေါင်းဆောင်လေ အားလုံးကယုံကြည်လေးစားရတဲ့ လူထုခေါင်းဆောင်ဆိုတော့ကျွန်တော့်မှာလုပ်စရာတစ်ခုဘဲရှိတယ် တက်နိုင်သလောက် အမှားမရှိရင်ပိုကောင်းတာပေါ့ အမှားနည်းအောင်လုပ်ရမှာပေါ့ ကားရိုက်ရင်ပိုသိမယ်ကျွန်တော်စကားပြောတာတောင် နည်းနည်းများနေပြီ ကားရိုက်ရင်ပိုသိမယ်”

” ဒါရိုက်တာကတော့ အိုက်တင်တွေလဲ သင်အုံးမယ်ဆိုတော့ ။ကျွန်တော်ကစိတ်နှစ်စွာနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးကြိုးစားရမှာပေါ့ ကျွန်တော်ကြိုးစားထားတာ ဒီနှစ်တွေအတောအတွင်းမှာ ကျွန်တော်ကြိုးစားထားတာကို မြင်စေရမယ်။တကယ်ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်းဘဲမြင်စေရမယ်” လို့ဆိုပြီးပြောပြခဲ့ပါတယ်။

အောင်ဆန်း ရုပ်ရှင်ကားကြီးအတွက် ကန်တော့ပေးပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ(၂၄)ရက်နေ့ ၊နံနက် ၇ နာရီက ရွှေတိဂုံဘုရားအောင်မြေမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာဘဲ ”အောင်ဆန်း ရုပ်ရှင် စတင် ရိုက်ကူးမည့်အကြောင်း မိတ်ဆက်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ ရှိ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ သရုပ်ဆောင် တွေအဖြစ် ဒါရိုက်တာသရုပ်ဆောင် ညိုမင်းလွင်က ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း၊ ၊ အောင်မော်ထွန်း က သခင်နု ၊သရုပ်ဆောင် မင်းဦး ကမန်းဘခိုင် ၊ နန်းဇာခြည်လင်းကတော့ အမေဒေါ်ခင်ကြည် ၊ကျော်ကျော်မျိုးကတော့ ဗိုလ်ချုပ် ။

သရုပ်ဆောင် ကျော်ကျော်ကတော့ ဦးသိန်းဖေမြင့် ၊ ရဲအောင်ကတော့ သခင်မြ ၊ ရန်အောင်က ဒေါက်တာဘမော်၊ မိုးဟေကို မာရီလှတော၊ နိုင်နိုင်းက ဗိုလ်နေ၀င်း ၊ခန်စည်သူက ဦးတင်ထွဋ် ၊လူမင်းက ဗိုလ်မင်းရောင်နေရာမှာ တာဝန်ယူမှာဖြစ်ကာ ဂဠုန်ဦးစော နေရာမှာတော့ သူ့ရဲ့ မြစ်အရင်းဖြစ်တဲ့ ဇော်ဇော်ပိုင်ကသရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ လဲ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo (mml)

Top
//whulsaux.com/4/3018672