
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မွေးနေ့လေးမှာ ချစ်ဇနီးချောလေးရဲ့အနမ်းဖူးဖူးလေးတွေကြောင့် ကြည်နူးခဲ့ရတဲ့ မင်းဦးရဲ့ Video လေး
ဝါရင့်သရုပ်ဆောင် မင်းသားကြီး မင်းဦးကတော့ ဆယ်စုနှစ် နှစ်ခုတိုင်အောင် အနုပညာလောကမှာအောင်မြင်ကျော်ကြားနေသူတစ်ယောက်ပါ။ သူဟာ ယနေ့ခေတ်မော်ဒယ် မင်းသားတွေနဲ့အပြိုင် နုပျိုလန်းဆန်းနေတာပါ ။ သရုပ်ဆောင်မင်းဦးနှင့်ချစ်ဇနီးခိုင်ဝေသူတို့ဇနီးမောင်နှံကတော့ ပရိတ်သတ်တွေ အားပေးချစ်ခင်ကြပြီး ပျော်ရွှင်ကြည်နူးစရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံလေးပါ။
လက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ” တတိယမြောက် ဆုံမှတ် ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးဟာလည်း Mrtv-4 ရုပ်သံလိုင်းတွင် ပြသနေတာပါ။ သူဟာ သရုပ်ဆောင်သာမကပဲ ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတာပါ။ မနေ့ကတော့ မင်းဦးရဲ့ မွေးနေ့ရက်လေးပါ။ သူ့ရဲ့မွေးနေ့အလှူအဖြစ် မိုးကုတ်ဝိပဿနာ ဗဟန်းနဲ့ ဂန္ဒီဆေးရုံတို့တွင် အလှူအတန်းများပြုလုပ်ခဲ့တာပါ။
လွန်ခဲ့တဲ့ နာရီပိုင်းတွင်လည်း သူ့ရဲ့ Facebook myday တွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ မွေးနေ့လေးမှာ ချစ်ဇနီးချောလေးရဲ့အနမ်းဖူးဖူးလေးတွေကြောင့် ကြည်နူးခဲ့ရတဲ့ မင်းဦးရဲ့ Video လေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Source – Min Oo’s Facebook Myday