
ေပ်ာ္စရာေကာင္းတဲ့ မိခင္ျဖစ္သူရဲ႕ေမြးေန႔ရက္ျမတ္ေလးမွာ သူရိယတို႔မိသားစုတစ္ခုလုံး သက္ႀကီးေဂဟာမွာ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တာ ပဲျဖစ္ပါတယ္။ အသက္အ႐ြယ္ႀကီးရင့္ၿပီး ေစာင့္ေရွာက္မႈလိုအပ္ေနတဲ့ အဘိုးအဘြားေတြကို ေႏြးေထြးစာနာတဲ့ ႏွလုံးသားေတြနဲ႔ ကူညီေဖးမၿပီး လႉဒါန္းခဲ့တဲ့ ကုသိုလ္ေလးဟာ တကယ့္ကိုမြန္ျမတ္ၿပီး ၾကည္ႏူးစရာေကာင္းလြန္းတာမို႔ သာဓုေခၚဆိုထိုက္ပါေပတယ္။
အႏုပညာေလာကမွာေအာင္ျမင္မႈေတြရရွိေနၿပီး ငယ္စဥ္ကတည္းက မိဘရဲ႕ကိုယ္ပိုင္ေဆးတိုက္ေလးကို ေၾကာ္ျငာေပးခဲ့တာကေနစၿပီး ပရိသတ္ေတြသတိထားမိခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ေတာ့ ေအာင္ျမင္တဲ့သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ မိခင္ရဲ႕ေမြးေန႔မွာ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ မိသားစု စုံစုံညီညီ အလႉေတြလုပ္ေနၾကတဲ့ အၿပဳံးပီတိပုံရိပ္ေလးေတြဟာ ေပ်ာ္႐ႊင္မႈရဲ႕အေငြ႕အသြက္ေတြ အျပည့္ပါဝင္ ေနပါတယ္။
အဘိုးအဘြားေတြကို တစ္ေယာက္ခ်င္းလိုက္ၿပီးလႉဒါန္းေနတဲ့ ၾကည္ႏူးစရာဒီမိသားစုေလးနဲ႔ အလႉပုံရိပ္ေလးေတြကို မိခင္ျဖစ္သူက ” ယေန႔ ေမြးေန႔ အလႉကုသိုလ္ ျပဳျပဳသမွ် ကုသိုလ္ ေကာင္းမူကို အမွ်ေပးေဝပါတယ္ နတ္လူသာဓုေခၚေစေသာ္ ” ဆိုၿပီး တင္ထားတာ ပဲျဖစ္ပါတယ္။ ၾကည္ႏူးစရာဒါနေလးမို႔ သာဓုေခၚဆိုပါတယ္ေနာ္။
Photo – Thu Riya / Cho Cho
Happy – Cele Gabar
(ယူနီကုဒ္ျဖင့္ဖတ္ရန္)
” မိခင်ဖြစ်သူရဲ့မွေးနေ့မှာ ဘိုးဘွားရိပ်သာက သက်ကြီးအဘိုးအဘွားတွေကို ကုသိုလ်ပြု လှူဒါန်းခဲ့တဲ့ သူရိယတို့မိသားစု ”
ပျော်စရာကောင်းတဲ့ မိခင်ဖြစ်သူရဲ့မွေးနေ့ရက်မြတ်လေးမှာ သူရိယတို့မိသားစုတစ်ခုလုံး သက်ကြီးဂေဟာမှာ လှူဒါန်းမှုတွေပြုလုပ် ခဲ့တာပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်ပြီး စောင့်ရှောက်မှုလိုအပ်နေတဲ့ အဘိုးအဘွားတွေကို နွေးထွေးစာနာတဲ့ နှလုံးသား တွေနဲ့ ကူညီဖေးမပြီး လှူဒါန်းခဲ့တဲ့ ကုသိုလ်လေးဟာ တကယ့်ကိုမွန်မြတ်ပြီး ကြည်နူးစရာကောင်းလွန်းတာမို့ သာဓုခေါ်ဆိုထိုက်ပါပေ တယ်။
အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေပြီး ငယ်စဉ်ကတည်းက မိဘရဲ့ကိုယ်ပိုင်ဆေးတိုက်လေးကို ကြော်ငြာပေးခဲ့တာကနေ စပြီး ပရိသတ်တွေသတိထားမိခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။ မိခင်ရဲ့မွေးနေ့မှာ ပျော်ပျော်ပါးပါးနဲ့ မိသားစု စုံစုံညီညီ အလှူတွေလုပ်နေကြတဲ့ အပြုံးပီတိပုံရိပ်လေးတွေဟာ ပျော်ရွှင်မှုရဲ့အငွေ့အသွက်တွေ အပြည့်ပါဝင်နေပါတယ်။
အဘိုးအဘွားတွေကို တစ်ယောက်ချင်းလိုက်ပြီးလှူဒါန်းနေတဲ့ ကြည်နူးစရာဒီမိသားစုလေးနဲ့ အလှူပုံရိပ်လေးတွေကို မိခင်ဖြစ်သူက ” ယနေ့ မွေးနေ့ အလှူကုသိုလ် ပြုပြုသမျှ ကုသိုလ် ကောင်းမူကို အမျှပေးဝေပါတယ် နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ ကြည်နူးစရာဒါနလေးမို့ သာဓုခေါ်ဆိုပါတယ်နော်။
Photo – Thu Riya / Cho Cho
Happy – Cele Gabar