
CRD-Momolay
UNICODE
မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိချိန်မှာတော့ ထိုင်းအသင်းတစ်ခုမှာ ဝင်ရောက်ဆော့ကစားနေတဲ့ ဘောလုံးသမားကတော့ ပရိသတ်အချစ်တော် အောင်သူဖြစ်ပါတယ်။ ပရိသတ်တွေအားပေးရတဲ့ အောင်သူကတော့ နာမည်ကြီး မင်းသမီးလေး ပိုးအိအိခန့်နဲ့ လက်ထပ်ခဲ့ပြီး ခုဆိုရင် သားဦးလေး ကို မွေးဖွားထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် အောင်သူတို့ မိသားစု ဘန်ကောက်မှာ လျှောက်လည်နေတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိတဲ့ ပိုးအိအိခန့်က ဒီတစ်ခါမှာတော့ မိသားစု ဘန်ကောက်မှာ ဈေးဝယ်ထွက်နေတဲ့ ပုံလေးတွေ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
ပိုးအိအိခန့်က ” Today baby’s day out , mommy’s shopping day and daddy’s အထုပ်ဆွဲ day” ဆိုပြီး ပြောထားပါတယ်။မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ နှင့်သရုပ်ဆောင် ပိုးအိအိခန့်တို့ရဲ့ မိသားစု ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ နှင့်သရုပ်ဆောင် ပိုးအိအိခန့်တို့ ရဲ့ သားလေးပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။