You are here
Home > Health > “အမ်ိဳးသမီးမ်ား ရာသီ လာမမွန္ျခင္း ၊ ေသြးဆုံး ေလနာ အရိုးက်ိဳး ထိရွနာ မ်ား အတြက္ ေဆးဖက္ဝင္ မိတ္သလင္ အစြမ္း”

“အမ်ိဳးသမီးမ်ား ရာသီ လာမမွန္ျခင္း ၊ ေသြးဆုံး ေလနာ အရိုးက်ိဳး ထိရွနာ မ်ား အတြက္ ေဆးဖက္ဝင္ မိတ္သလင္ အစြမ္း”

Zawgyi ျဖင့္ဖတ္၇န္

ေဆးဖက္ဝင္ မိတ္သလင္အစြမ္း
ျမန္မာႏုိင္ငံရွိ ေရွးလူႀကီးမ်ားက ႏြယ္ျမက္သစ္ပင္ေဆးဖက္၀င္လုိ႔ဆုိ႐ုိးစကားရွိခဲ့ေသာ္လည္း ယခုအခါ ေရာဂါဆန္းမ်ားေပါမ်ားလာသည့္အတြက္ အေနာက္တုိင္းေဆးကုိသာ မီွ၀ဲအသုံးျပဳကုသေနၾကသည္

ေရွးလူႀကီးမ်ား၏ စကားပုံမ်ားကုိ လူငယ္အမ်ားစု မၾကားဖူးၾကေတာ့။ လူတုိ႔အတြက္ မိတ္သလင္ပင္ အသုံး၀င္ပုံမွာ ထိခုိက္ရွနာတစ္ခုခုျဖစ္လွ်င္ မိတ္သလင္အ႐ြက္အုံ၊ မိတ္သလင္ဥတုိ႔ အုံေပးျခင္းတုိ႔ျဖင့္ ဒဏ္ေၾကျခင္း၊ အ႐ုိးအက္၊ အ႐ုိးက်ဳိးရာတြင္ ျပန္ဆက္ႏုိင္ျခင္း၊ တခ်ဳိ႕ ေက်ာက္ပတ္တီးစီးၿပီး ျဖည္သည့္အခါ အနာရွိန္မေျပေသးရင္ မိတ္သလင္အ႐ြက္ သုိ႔မဟုတ္ မိတ္သလင္ဥကုိ အုံ၍ စည္းေပးထားျခင္းတုိ႔ျဖင့္လည္း သက္သာႏုိင္ပါသည္။

မိတ္သလင္အ႐ြက္မွာ မိန္းမသားမ်ား၏ က်န္းမာေရးႏွင့္ကိုက္ညီျခင္း၊ ရာသီလာမမွန္ျခင္း၊ အသက္ ၄၀ ေက်ာ္အ႐ြယ္မ်ားခံစားရေသာ ေသြးဆုံးေလနာေရာဂါခံရလွ်င္ အ႐ြက္ကုိ ေၾကာ္စားျခင္း၊ မိတ္သလင္ဥကုိ လိမ္းေပးျခင္းျဖင့္ ေရာဂါမ်ား ေပ်ာက္ကင္းႏုိင္ေၾကာင္း၊

ေသြးဆုံးေလနာမျဖစ္ခင္ မိတ္သလင္အ႐ြက္ကုိ ပုံမွန္ေၾကာ္စားေပးျခင္းျဖင့္ အလုိလုိေရာဂါကုိ ေက်ာ္လႊားႏုိင္ေၾကာင္းသိရၿပီး တခ်ဳိ႕လူမ်ားမသိၾကသျဖင့္ အေနာက္တုိင္းေဆးမ်ားကုိ ေစ်းႀကီးေပး၀ယ္၍ ေရာဂါမ်ားကုိ ကုသေနၾကေၾကာင္း၊ ျမန္မာ့တုိင္းရင္းေဆးမ်ားသည္ အစြမ္းထက္ေၾကာင္း လူတုိင္းမသိၾကေပ။

လက္ေတြ႕သုံးၾကည့္မွ ေရာဂါမ်ားကုိ ေငြကုန္သက္သာစြာျဖင့္ ေပ်ာက္ကင္းေနေၾကာင္း၊ မိတ္သလင္ေဆးၾကပ္ထုပ္ထုိးေပးလွ်င္ ျပင္းထန္ေသာဒဏ္ရာမ်ား သက္သာေပ်ာက္ကင္းမည္ျဖစ္ေၾကာင္းကုိ လက္ေတြ႕အသုံးျပဳသူမ်ားထံမွ လက္လွမ္းမီသမွ် တင္ျပလုိက္ရပါသည္။

ျမန္မာ့အလင္းသတင္းစာပါ ေဆာင္းပါးရွင္ ဇာဇာဆန္း၏ “မိတ္သလင္ဥျဖင့္ အ႐ုိးမ်ားျပန္ဆက္ႏုိင္” ကုိ ကုိးကားပါသည္။

Unicodeဖြင့်ဖတ်ရန်

ရာသီလာမမှန်ခြင်း၊ သွေးဆုံးလေနာ အရိုးကျိုး ထိရှနာများအတွက် ဆေးဖက်ဝင် မိတ်သလင်အစွမ်း
မြန်မာနိုင်ငံရှိ ရှေးလူကြီးများက နွယ်မြက်သစ်ပင်ဆေးဖက်ဝင်လို့ဆိုရိုးစကားရှိခဲ့သော်လည်း ယခုအခါ ရောဂါဆန်းများပေါများလာသည့်အတွက် အနောက်တိုင်းဆေးကိုသာ မှီဝဲအသုံးပြုကုသနေကြသည်

ရှေးလူကြီးများ၏ စကားပုံများကို လူငယ်အများစု မကြားဖူးကြတော့။ လူတို့အတွက် မိတ်သလင်ပင် အသုံးဝင်ပုံမှာ ထိခိုက်ရှနာတစ်ခုခုဖြစ်လျှင် မိတ်သလင်အရွက်အုံ၊ မိတ်သလင်ဥတို့ အုံပေးခြင်းတို့ဖြင့် ဒဏ်ကြေခြင်း၊ အရိုးအက်၊ အရိုးကျိုးရာတွင် ပြန်ဆက်နိုင်ခြင်း၊ တချို့ ကျောက်ပတ်တီးစီးပြီး ဖြည်သည့်အခါ အနာရှိန်မပြေသေးရင် မိတ်သလင်အရွက် သို့မဟုတ် မိတ်သလင်ဥကို အုံ၍ စည်းပေးထားခြင်းတို့ဖြင့်လည်း သက်သာနိုင်ပါသည်။

မိတ်သလင်အရွက်မှာ မိန်းမသားများ၏ ကျန်းမာရေးနှင့်ကိုက်ညီခြင်း၊ ရာသီလာမမှန်ခြင်း၊ အသက် ၄၀ ကျော်အရွယ်များခံစားရသော သွေးဆုံးလေနာရောဂါခံရလျှင် အရွက်ကို ကြော်စားခြင်း၊ မိတ်သလင်ဥကို လိမ်းပေးခြင်းဖြင့် ရောဂါများ ပျောက်ကင်းနိုင်ကြောင်း၊

သွေးဆုံးလေနာမဖြစ်ခင် မိတ်သလင်အရွက်ကို ပုံမှန်ကြော်စားပေးခြင်းဖြင့် အလိုလိုရောဂါကို ကျော်လွှားနိုင်ကြောင်းသိရပြီး တချို့လူများမသိကြသဖြင့် အနောက်တိုင်းဆေးများကို စျေးကြီးပေးဝယ်၍ ရောဂါများကို ကုသနေကြကြောင်း၊ မြန်မာ့တိုင်းရင်းဆေးများသည် အစွမ်းထက်ကြောင်း လူတိုင်းမသိကြပေ။

လက်တွေ့သုံးကြည့်မှ ရောဂါများကို ငွေကုန်သက်သာစွာဖြင့် ပျောက်ကင်းနေကြောင်း၊ မိတ်သလင်ဆေးကြပ်ထုပ်ထိုးပေးလျှင် ပြင်းထန်သောဒဏ်ရာများ သက်သာပျောက်ကင်းမည်ဖြစ်ကြောင်းကို လက်တွေ့အသုံးပြုသူများထံမှ လက်လှမ်းမီသမျှ တင်ပြလိုက်ရပါသည်။
မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ဇာဇာဆန်း၏ “မိတ်သလင်ဥဖြင့် အရိုးများပြန်ဆက်နိုင်” ကို ကိုးကားပါသည်။
မှတ်စု

Top
//nossairt.net/4/3018672