
လက္ရွိအခ်ိန္ ကိုရီးယားဒရမ္မာၾကိဳက္ပရိသတ္ေတြအၾကားမွာ စိတ္၀င္စားေနတဲ႔ Arthdal Chronicles ဇာတ္လမ္းထဲမွာ ပါ၀င္သရုပ္ေဆာင္ထားတဲ႔ သရုပ္ေဆာင္ Hwang Hee ဟာ သူနဲ႔အတူ ဇာတ္ကားထဲမွာတြဲဖက္ပါ၀င္ခဲ႔တဲ႔ နာမည္ၾကီးသရုပ္ေဆာင္ေတြရဲ႕ ကင္မရာေနာက္ကြယ္က သရုပ္အစစ္အမွန္ကို အင္တာဗ်ဳးတစ္ခုမွာ ေျဖဆိုေျပာျပခဲ႔ပါတယ္။
အထူးသျဖင္႔ ေခါင္းေဆာင္မင္းသား Song Joong Ki နဲ႔ ပတ္သတ္ျပီးေျပာျပခဲ႔ရာမွာ Song Joong Ki ဟာ ေယာက်ာ္းပီသတဲ႔သူျဖစ္သလို လြတ္လြတ္လပ္လပ္နဲ႔ ေပါ႔ေပါ႔ပါးပါးေျပာဆိုတဲ႔သူျဖစ္တယ္လို႔ သိရပါတယ္။ ဒါ႔အျပင္ Song Joong Ki က သူ႕ထက္ ၀ါရင္႔တဲ႔သရုပ္ေဆာင္ျဖစ္တယ္ဆိုေသာ္ျငားလည္း သူ႕ကို စီနီယာလို႔ မေခၚခိုင္းပဲ အစ္ကိုလို႔ပဲ ေခၚခိုင္းပါတယ္တဲ႔။ Song Joong Ki ဟာ Hwang Hee ထက္ အသက္ ၄ ႏွစ္မွ် ပိုၾကီးသူျဖစ္ပါတယ္။
“ကၽြန္ေတာ္ သူ႕ေနာက္တေကာက္ေကာက္လိုက္ျပီး စီနီယာၾကီးလို႔ေခၚေပမယ္႔ သူကေတာ႔ ေအးေဆးေပါ႔ေပါ႔ပါးပါးပဲ။ သူ ကၽြန္ေတာ္႔ကိုေျပာတာက Jang Dong Gun ကိုပဲ စီနီယာလို႔ေခၚျပီး သူ႕ကိုေတာ႔ အစ္ကိုလို႔ပဲ ေခၚပါတဲ႔” လို႔ဆိုကာ ေျပာျပခဲ႔တာ ျဖစ္ပါတယ္။
Song Joong Ki ဟာ တြဲဖက္သရုပ္ေဆာင္ေတြအေပၚမွာ ေဖာ္ေဖာ္ေရြေရြနဲ႔ ဆက္ဆံေျပာဆိုတတ္ယံုသာမကပဲ ရာသီဥတုေအးေနခ်ိန္မွာ ရိုက္ကူးေရး၀န္ထမ္းေတြ၊ သရုပ္ေဆာင္ေတြ ေနထိုင္မေကာင္းျဖစ္မွာစိုးတာေၾကာင္႔ အားရွိတဲ႔ေဆး၀ါးေတြကို သက္ဆိုင္ရာေအဂ်င္စီအသီးသီးကို ပုိ႔ေပးျပီး ရုိ္က္ကြင္းေပၚမွာဆိုရင္လည္း ဂရုစိုက္တတ္သူျဖစ္တယ္လို႔ သိရပါတယ္။
“သူက ကၽြန္ေတာ္႔ရဲ႕ ေအဂ်င္စီကို အားျဖစ္ေစတဲ႔အစားအေသာက္ေတြ ပို႔ေပးခဲ႔ပါတယ္။ ဒရမ္မာထဲမွာ ကၽြန္ေတာ္တို႔သရုပ္ေဆာင္ရတဲ႔ ဇာတ္ေကာင္ေတြက အရမ္းကြာျခားတယ္ဆိုတာေတာင္မွ ကၽြန္ေတာ္တို႔အေပၚမွာ အရမ္းကိုဂရုစိုက္တဲ႔သူပါ။ ရို္က္ကူးေရးလုပ္တုန္းက ေဆာင္းဦးျဖစ္တယ္ဆိုေပမယ္႔လည္း ရုတ္တရက္ဆိုသလို အရမ္းေအးလာျပီး ေဆာင္းတြင္းေရာက္သြားတာ။ အဲဒီတုုန္းက ကၽြန္ေတာ္ကလည္း ကုတ္အက်ၤီမယူသြားမိဘူး။ ဒါေပမယ္႔ သူက သရုပ္ေဆာင္ေတြအကုန္လံုးအတြက္ ကုတ္အက်ၤီေတြ၊ ေရေနြးအိတ္ေတြ ၀ယ္လာခဲ႔ေပးပါတယ္” လို႔ဆိုကာ Song Joong Ki ရဲ႕ ဂရုတစိုက္ရွိမွုနဲ႔ ပတ္သတ္ျပီး ေျပာျပခဲ႔ပါတယ္။
ေနာက္ထပ္ ၀ါရင္႔သရုပ္ေဆာင္မင္းသားတစ္ေယာက္ျဖစ္တဲ႔ Jang Dong Gun ဟာဆိုရင္လည္း ထိပ္တန္းသရုပ္ေဆာင္တစ္ေယာက္ျဖစ္တာေတာင္မွ ဇာတ္ပို႔၊ ဇာတ္ရံသရုပ္ေဆာင္ေတြအေပၚမွာ ညီအစ္ကိုေတြလိုမ်ိုး ဂရုစိုက္ရွိသူျဖစ္တယ္လို႔ ေျပာျပသြားခဲ႔ပါေသးတယ္။ ဒါ႔အျပင္ ဇာတ္လမ္းတြဲထဲက Tagon ဆိုတဲ႔ ဇာတ္ေကာင္လိုပဲ ေခါင္းေဆာင္မွုအျပည္႔အ၀ရွိသူျဖစ္တယ္လို႔ ဆိုပါတယ္။
အဆံုးသတ္မွာေတာ႔ Hwang Hee က Song Joong Ki နဲ႔ Jang Dong Gun တို႔ ၂ ေယာက္လံုးဟာ သူတို႔ေတြရဲ႕ ဂ်ူုနီယာသရုပ္ေဆာင္ေတြအေပၚမွာ အဆင္႔အတန္းခြဲျခားမွဳမရွိပဲ သိလိုသမွ်ကို သင္ၾကားေပးတဲ႔သူေတြျဖစ္တယ္လို႔ ေျပာသြားခဲ႔ပါတယ္။
Ref : Koreaboo,CRD-MOMOLAY
UNICODE
လက်ရှိအချိန် ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ စိတ်ဝင်စားနေတဲ့ Arthdal Chronicles ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Hwang Hee ဟာ သူနဲ့အတူ ဇာတ်ကားထဲမှာတွဲဖက်ပါဝင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ ကင်မရာနောက်ကွယ်က သရုပ်အစစ်အမှန်ကို အင်တာဗျုးတစ်ခုမှာ ဖြေဆိုပြောပြခဲ့ပါတယ်။
အထူးသဖြင့် ခေါင်းဆောင်မင်းသား Song Joong Ki နဲ့ ပတ်သတ်ပြီးပြောပြခဲ့ရာမှာ Song Joong Ki ဟာ ယောကျာ်းပီသတဲ့သူဖြစ်သလို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးပြောဆိုတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Song Joong Ki က သူ့ထက် ဝါရင့်တဲ့သရုပ်ဆောင်ဖြစ်တယ်ဆိုသော်ငြားလည်း သူ့ကို စီနီယာလို့ မခေါ်ခိုင်းပဲ အစ်ကိုလို့ပဲ ခေါ်ခိုင်းပါတယ်တဲ့။ Song Joong Ki ဟာ Hwang Hee ထက် အသက် ၄ နှစ်မျှ ပိုကြီးသူဖြစ်ပါတယ်။
“ကျွန်တော် သူ့နောက်တကောက်ကောက်လိုက်ပြီး စီနီယာကြီးလို့ခေါ်ပေမယ့် သူကတော့ အေးဆေးပေါ့ပေါ့ပါးပါးပဲ။ သူ ကျွန်တော့်ကိုပြောတာက Jang Dong Gun ကိုပဲ စီနီယာလို့ခေါ်ပြီး သူ့ကိုတော့ အစ်ကိုလို့ပဲ ခေါ်ပါတဲ့” လို့ဆိုကာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Song Joong Ki ဟာ တွဲဖက်သရုပ်ဆောင်တွေအပေါ်မှာ ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံပြောဆိုတတ်ယုံသာမကပဲ ရာသီဥတုအေးနေချိန်မှာ ရိုက်ကူးရေးဝန်ထမ်းတွေ၊ သရုပ်ဆောင်တွေ နေထိုင်မကောင်းဖြစ်မှာစိုးတာကြောင့် အားရှိတဲ့ဆေးဝါးတွေကို သက်ဆိုင်ရာအေဂျင်စီအသီးသီးကို ပို့ပေးပြီး ရိုက်ကွင်းပေါ်မှာဆိုရင်လည်း ဂရုစိုက်တတ်သူဖြစ်တယ်လို့ သိရပါတယ်။
“သူက ကျွန်တော့်ရဲ့ အေဂျင်စီကို အားဖြစ်စေတဲ့အစားအသောက်တွေ ပို့ပေးခဲ့ပါတယ်။ ဒရမ်မာထဲမှာ ကျွန်တော်တို့သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်တွေက အရမ်းကွာခြားတယ်ဆိုတာတောင်မှ ကျွန်တော်တို့အပေါ်မှာ အရမ်းကိုဂရုစိုက်တဲ့သူပါ။ ရိုက်ကူးရေးလုပ်တုန်းက ဆောင်းဦးဖြစ်တယ်ဆိုပေမယ့်လည်း ရုတ်တရက်ဆိုသလို အရမ်းအေးလာပြီး ဆောင်းတွင်းရောက်သွားတာ။ အဲဒီတုန်းက ကျွန်တော်ကလည်း ကုတ်အင်္ကျီမယူသွားမိဘူး။ ဒါပေမယ့် သူက သရုပ်ဆောင်တွေအကုန်လုံးအတွက် ကုတ်အင်္ကျီတွေ၊ ရေနွေးအိတ်တွေ ဝယ်လာခဲ့ပေးပါတယ်” လို့ဆိုကာ Song Joong Ki ရဲ့ ဂရုတစိုက်ရှိမှုနဲ့ ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်။
နောက်ထပ် ဝါရင့်သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ Jang Dong Gun ဟာဆိုရင်လည်း ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်တာတောင်မှ ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်တွေအပေါ်မှာ ညီအစ်ကိုတွေလိုမျိုး ဂရုစိုက်ရှိသူဖြစ်တယ်လို့ ပြောပြသွားခဲ့ပါသေးတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲထဲက Tagon ဆိုတဲ့ ဇာတ်ကောင်လိုပဲ ခေါင်းဆောင်မှုအပြည့်အဝရှိသူဖြစ်တယ်လို့ ဆိုပါတယ်။
အဆုံးသတ်မှာတော့ Hwang Hee က Song Joong Ki နဲ့ Jang Dong Gun တို့ ၂ ယောက်လုံးဟာ သူတို့တွေရဲ့ ဂျူုနီယာသရုပ်ဆောင်တွေအပေါ်မှာ အဆင့်အတန်းခွဲခြားမှုမရှိပဲ သိလိုသမျှကို သင်ကြားပေးတဲ့သူတွေဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
Ref : Koreaboo,CRD-MOMOLAY