
ခိုင်သင်းကြည်ကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်းအနပညာရှင်တစ်ယောက်ဖြစ်ပြီး ဟာသ အချစ်အလွမ်း စတဲ့ ဇာတ်ရုပ်ပေါင်းများစွာကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ကွီးတို့ရဲ့ မာယာဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးနဲက ပတ်သက်ပြီး အမှတ်တရတွေကို ပြောပြလာခဲ့ပါတယ်။
ခိုင်သင်းကြည်ကတော့ ” အမှတ်တရ ကတော့ ကိုယ်ချစ်ခင်ရတဲ့ အနပညာရှင်တွေ ဆိုတော့ ပျော်စရာကောင်းတယ် ကိုရာဇာနဲ့က ဟိုးအရင်တည်းက အတူတူသရုပ်ဆောင်ခဲ့တာဆိုတော့ အခက်အခဲမရှိပါဘူး တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဟာသကားလေးပါ အိမ်ထောင်ပြုမယ့် အမျိုးသမီးတွေရော အိမ်ထောင်ရှင် အမျိုးသမီးတွေရော လာကြည့်သင့်ပါတယ် “ဆိုပြီး ပြောထားခဲ့ပါတယ်။
ခိုင်သင်းကြည်ကတော့ “နာမည်ကသာ မိန်းမမာယာသဲကိုးဖြာ တဲ့ ယောင်္ကျားတွေမာယာများ ရင်လည်း မိန်းမတွေ လိုက်မမှီပါဘူး ဒီဇာတ်ကားလေးက ရိုက်တုန်းကနေလည်းတော်တော်ရီရပါတယ် အပြင်မှာလဲ အိမ်ထောင်သည်တွေဆိုတော့ ဒီရုပ်ရှင်မှာအထူးတလည် အားထည့်နေစရာ မလိုတော့ဘူး ” ဆိုပြီး ပြောထားခဲ့ရာ အဆိုပါဗီဒီယိုလေးကို အောက် မှာကြည့်နိုင်ပါတယ်။
source: myanmar load tv,crd-myanmar load